အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ?
*** အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး ဘေးမှာရှိသော ဆေးလိပ်ဗူးမှ
ဆေးလိပ်တစ်လိပ်ယူပြီး ရေချိုးခန်းသို့ ၀င်သွားပြီး ကိစ္စမှန်သမျှရှင်းဖြစ်ပါသည်***
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ?
***ကော်ဖီတစ်ခွက် ထမင်းကြော်နှင့် တစ်ပတ်တစ်ကြိမ် မုန့်ဟင်းခါးစားရသည်ကို ကြိုက်ပါသည်***
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ?
***ကော်ဖီ***
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ?
***အိမ်မှာပါ အပြင်တွင်စားလေ့စားထမရှိပါ အဘယ်ကြောင့်ဆိုသော် သူမ ချက်ကျွေးသော အစားအစာများကိုသာ ကြိုက်နှစ်သက်သောကြာင့်ဖြစ်ပါသည်***
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ?
***နို့ခဲဟင်း ငါးသလဲထိုးကိုနွားနို့ထဲမွေးမြူထားပြီးပြန်ချက်ထားသောဟင်း အင်ဥကြော်***
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ?
***ငါးခွက်လောက်သောက်ဖြစ်ပါသည် ဆိုင်မှာကော်ဖီ ဖရီးရပါသည် မ၀ယ်ရပါ။မဒမ်လွင်ပြင်က ကော်ဖီအများကြီးသောက်သည်ကိုတားမြင့်ထားသောကြောင့် ဒီအကြောင်းကို ကျေးဇူးပြုပြီးပြန်မပြောကြပါနှင့်***
ညနေစာကိုဘယ်မှာစားတတ်ပါလဲ?
***အိမ်မှာပါ***
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ?
***သူမချက်ထားသောဟင်းကို မည်မျှကောင်းသည်ဟုချီးကျူးစကားကို စဉ်းစားဖြစ်သည် ဒါမှနောက်ကောင်းကောင်းချက်ကျွေးမှာလေ***
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်?
***အလုပ်ချိန်ပုံမှန်မရှိသောကြောင့် အလုပ်ဆင်းချိန်သည် အိပ်သောအချိန်သာဖြစ်ပြီး အိပ်ယာဝင်သောအခါ လကုန်ဖို့ တစ်ရက်နီးလာပြီလို့ ခံစားမိပါသည်***
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ?
***ဖိနပ်အရင်ချွတ်ပါသည်***
ဒုတိယလုပ်မိတာလေး?
*** ပြီးတော့ အခန်းထဲဝင် နောက်တော့ ဟိ တိတော့ဝူး***
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား?
***သောက်တတ်ပါသည်***
ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ?
***သူမဘေးနားနေပြီး တစ်နေ့တာအလုပ်ထဲမှ အကြောင်းများကို ကားရီယိုကားကြည့်ရင်းပြောပြတတ်သည်***
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ?
***သူမအိပ်နေသည်ကို ထိုင်းကြည့်နေတတ်ပါသည်***
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ?
***သူမကွယ်ရာသွားပြီး ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ်သောက်ပါသည် သူမမြင်လို့မဖြစ်ပါ ဆေးလိပ်သောက်သည်ကို သူမလုံးဝမကြိုက်ပါ***
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း?
***ဖုန်း ပိုက်ဆံအိတ် အိမ်သော့***
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ?
***မိဘ အကိုများနှင့် မဒမ်လွင်ပြင် သူမ၏မေမေ***
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ?
***မဒမ်လွင်ပြင်***
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ?
***နောက်ကျောမှ အမြောက်နဲ့မပစ်တတ်သောသူ***
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?
***မဒမ်လွင်ပြင် တီးသောဂစ်တာ***
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု?
***သူမပေးသောလက်ဆောင်အားလုံးကိုကြိုက်သည်***
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ?
***အိပ်မက်လေး***
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ?
***သူမ သွားချင်သောနေရာတိုင်းကို လိုက်ပို့ပေးချင်တယ် ပြီးတော့ ထီပေါက်ချင်တယ်***
ကဲညီမငယ်လေး ပစ်ပစ်ရေ စိတ်ထဲရှိတဲ့အတိုင်းရေးလိုက်ပြီနော်။
လွင်ပြင်လှိုင်းငယ်
19 comments:
အာပုပ်နံ့နံနေသောပါးစပ်ဖြင့် ဇနီးဖြစ်သူနဖူးကိုနမ်းပြီး မထချင်ထချင် ထပြီး အဲ.စာသားလေးကိုတော. အားကျတယ်ဗျာ။ တစ်ကယ်.ကို ပျှော်ရွှင်ဖွယ်ရာ ဇနီးမောင်နှံလေးပါဘဲ။
ခင်မင်လေးစားစွာဖြင်
မောင်မောင်(မြစ်ဆုံ)
ကျားရေ
ထီပေါက်ရင်နာ့ ကိုဘာတွေဝယ်ပေးမှာလဲ
ခုကြိုပြောထားနော်စိတ်ကူးနေချင်လို့ပါ
အားကျနေမိပါတယ်ခင်ဗျာ
ထီပေါက်ရင် နော့်ကိုလည်း မုန့်ကျွေးရမယ်..ဒါပဲ.. :P
ခင်မင်လျက်
ဲJunemoe
ခုနကပဲ..ဟိုဘက်အိမ်ကပြန်လာတာ
သစ်ပင်လေးနဲ့အိပ်မက်လေးဆိုပါ့လားး))
ချမ်းမြေ့ဖွယ်..တစ်နေ့တာများနဲ့အတူ
ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာ.မိသားစုနဲ့အတူ
ပိုင်ဆိုင်ပါစေ.ဒယ်ဒီး))
ပြန်မပြောနဲ့ဆိုတာတွေကိုတော့
စိတ်ချပါ..သေသေချာ.ပြန်ပြောလိုက်ပါ့မယ်
ppp
တနေ့တာအကြောင်းလေးဖတ်သွားပါ၏
တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးပဲနော်။ သူမရဲ့ နေ့ရက်တွေ အရမ်းကို သာယာလှပနေမှာ အသေအချာပါပဲ။
တိုင်ပြောမယ် မမနဲ့ ကော်ကော်တွေ အများကြိး သောက်တဲ့ အကြောင်း....:):)
အကိုရေ..ထီပေါက်ရင် အိန်ဂျယ်ကိုလဲ သတိရပါနော် ...:P:P
လူပျိုကြီး အပျိုကြီးတွေ အားကျအောင် လုပ်နေပြီ ကိုလွင်ပြင်တို့ အဟိ... ကိုလွင်ပြင်တနေ့တာလေးက ပျော်စရာကြီးနော်.. :D
အကိုလွင်ပြင်ရေ
ထီဆုကြီးလည်းပေါက်ပြီး
ဂျက်စ်သွားချင်တဲ့နေရာမှန်သမျှ
လိုက်ပို့နိုင်ပါစေနော်
တစ်ချို့အမှန်အတိုင်းတွေကို မဒမ်လွင်ပြင် ဖတ်မိရင်တော့ အထုခံရမှာ မြင်ယောင်သေး :D
တနေ့တာ တက်ဂ်ပိုလာဖတ်တယ်နော် မဒမ်လွင်ပြင်ကို တော်တော်ချစ်တာပဲနော်
ရောက်တယ်ကိုလွင်ပြင်ရေ.....၊တစ်နေ့တာလေးကိုအား
ကျသွားတယ်....၊မိန်းမရှိသူများတော့ ဟန်ကျသဗျား...:))
ဒါနဲ့ ထီပေါက်ရင် အလှူလာခံမှာနော်.....:)))
အစ်ကို့ ရဲ့ တနေ့ တာ လှုပ်ရှားမှုလေးတွေကို လေ့လာဖတ်ရှု သွားပါတယ် အစ်ကို...
သူတို့တစ်နေ့တာတွေများစိုပြည်နေတာပဲဗျာ...အားကျထှာ
အာပုပ်နံ့ နံနံလေးနဲ့ နမ်းတော့ ဇနီးသည်လေးက ဘာပြောလဲ။။။
နောက်တစ်ခေါက် လို့ လား။ ဟာ ဟ။း)
လာပြန်ပြီနောက်တစ်ယောက် ငါ့အကိုလဲငါလိုစိတ်ကူးနဲ့ ရူးနေရှာပါပေါ့လား
ဟိဟိ ကဲ ငါ့အကိုကြီး ပေါက်စေ ပေါက်စေ ထီပြောတာနော် .
ဟိုမှာတစ်ယောက်ကလဲစိတ်ကူးယဉ်ချင်လို့ဆိုဘဲး)
အင်းလေ သွားရေကျနေတဲ့ ဘဲကြီးများကလဲ သွားရေတွေတများများကျလို့း) ဟဟဟဟဟ
တနေ့တာလေးကိုသဘောတွေကျသွားတယ်အကိုရေ
အာပုပ်နံ့ကလွဲလို့း)
ညီမငယ်
မဒိုးကန်
Post a Comment