ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အချစ်တဲ့

Monday 30 January 2012

အချစ်တဲ့

ဘယ်ကားကို ဘယ်လိုစီး
 
ဘယ်ဆီကရောက်လာမှန်း

တကယ်ပဲ မသိလိုက်တာပါ

အင်ဂျင်က ကောင်းလွန်းတော့

အရှိန်အဟုန် ပြင်းပြင်းနဲ့

နှလုံးသားနံရံကို "၀ုန်း "ဆိုဝင်ဆောင့်ပြီး

"၀ူး "ဆိုမောင်းထွက်သွားတော့

ရင်ဘတ် တခြမ်းက တော်တော်လေးအောင့်ပြီးကျန်ခဲ့ရပေါ့

အချစ်ဆိုတဲ့ ဝေဒနာရယ် ။



အချစ်တဲ့

မြှားနတ်မောင်က အိပ်ချင်မူးတူးနဲ့

ထိချင်ရာထိ
 
မှန်ချင်ရာမှန် ဆိုပြီး
 ပစ်လွတ်လိုက်လားမသိဘူး

ထိချက်က စူးနစ်ပေမဲ့

သာယာမှု့ဆေးဆရာရဲ့ အစွမ်းကြောင့်

ရင်ဝမှာဒဏ်ရာ မကျန်ပေမယ့်

မြှားကျိုးလေးကတော့တိုးတိုးပြီး
 
နစ်ဝင်လာခဲ့တယ်

အချစ်ဆိုတဲ့ အကြင်နာရယ် ။


အချစ်တဲ့

ဒဏ်ရာတွေ အပြည့်နဲ့ ငါ့နှလုံးသားကို

နားလည် ခွင့်လွတ်မှု့အပြည့်နဲ့

ကြင်နာခြင်းတွေ ထာဝရစီးဆင်တဲ့

အကြင်နာမြစ်တစ်စင်းရဲ့

အချစ်ပင်လယ်ကြီးထဲမှာ

လေပြင်းလှိုင်းထန်

ဘာကိုမှ မမှု့ပဲ

အမြဲ ထာဝရ အနှိုင်းမဲ့ သံယောဇဉ်တွေနဲ့

အေးမြမှု့အချစ်မြစ်တစ်စင်းကို
 
ဖန်စင်းပေးတဲ့ တန်ခိုးရှင်ဟာလဲ

ဒီအချစ်ပါပဲကွယ်
 

လွင်ပြင်လှိုင်းငယ်

14 comments:

Anonymous said...

“၀ုန်းဆိုဝင်ဆောင့်ပြီး
ဝူးဆိုမောင်းထွက်သွားတယ်”း)
နေနှင့်အုံး.ဒီအချစ်ကို
ဒဏ်ငွေရိုက်ရမယ်း)
(စည်းကမ်းတွေကိုမသိဘူးနဲ့တူတယ်။)
မြှားနတ်မောင်ကလည်း.အိပ်ချင်မူးတူးတဲ့း)
ဖလား..ဖလား..ဒယ်ဒီဖားသားရေ
အဲ့ဒီ့အချစ်ကို..အိမ်ဖက်.မလာပါစေနဲ့နော်း))

အင်မတန်ကောင်းတဲ့.စာသားလေးတွေပါပဲ။
အစအဆုံးခံစားသွားပါတယ်..

ဟိုဘက်အိမ်သွားရင်လည်း.ကောင်းလိုက်တဲ့ကဗျာတွေ
မရိုးရပါဘူး။ဒီဘက်အိမ်လာလည်း.ဒီအတိုင်းပါပဲး)

ခံစားအားပေးလျှက်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အချစ်ကို ဆန်းပြားစွာ ဖွင့်ဆိုထားတာပဲ။ ပထမတပိုဒ်ဖတ်ပြီးတော့ အော်.. အချစ်ဆိုတာ ကားလိုပါလားလို့ ထင်လိုက်တာ.. အဆုံးမှ သိတယ်။ အချစ်ဆိုတာ တန်ခိုးရှင်ကိုး။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

ချစ်သူရင်ခွင် said...

အချစ်ကဗျာလေးဖတ်သွားတယ်ဗျာ

ချစ်စံအိမ် said...

သိပ်တော့မသိပါဘူးကွယ်
အချစ်အချစ် ဟူးးးးးးးးးးးးးးး

Cameron said...

ကားစောင့်တိုက်လို့ ဘယ်ဖက်ရင်ဘတ်လေးနာသွားပုံက မိုက်တယ်...။

စံပယ်ချို said...

ဟုတ်တယ် အချစ်ဆိုတာ တန်ခိုးရှင်ပါပဲ

ကိုတူး said...

မော်တော်ပီကယ် ဘယ်ရောက်နေတုန်း ယဉ်တိုက်မှုဖြစ်သွားပြီ .. ပုဒ်မ 1500 နဲ့တရားစွဲပေးမယ်..။ထောင်ဒဏ် တစ်သက်တစ်ကျွန်း ရင်ထဲက အသဲထောင်ထဲ ထည့်ထားပေးမယ်နော် :D

Angelhlaing(May everybody be happy and healthy! said...

အဲဒီ အချစ်ပေါ့ အကို..ရယ် ..ပြော...မပြောချင်ဘူး...မပြောတော့ပါဘူးလေ :P:P
အချစ်အကြောင်းလေး ခံစားအားပေးသွားတယ်အကို...

mstint said...

မဖိတ်ပဲနဲ့ရောက်လာတတ်သလို
မနှင်ပဲနဲ့ပြန်ထွက်သွားတတ်တဲ့'အချစ်'ကိုလစ်လျူရှုပြီး
အနစ်နာခံစစ်မှန်တဲ့'အချစ်'ကိုထာဝရ
ထွေးပွေ့လို့ပိုင်ဆိုင်ခွင့်ရပါစေလွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ထော်ဦး said...

အလည်လာပါတယ်ခင်ဗျာ
ကဗျာကောင်းလေးတစ်ပုဒ် ခံစားဖတ်ရှုပြီး ကျေနပ်ရပါတယ်ခင်ဗျာ...
အရာအားလုံးအတွက် ကျေးဇူးပါလို့ ...
ထော်ဦး

ထော်ဦး said...

အလည်လာပါတယ်ခင်ဗျာ
ကဗျာကောင်းလေးတစ်ပုဒ် ခံစားဖတ်ရှုပြီး ကျေနပ်ရပါတယ်ခင်ဗျာ...
အရာအားလုံးအတွက် ကျေးဇူးပါလို့ ...
ထော်ဦး

မောင်သီဟ said...

;) အချစ်ဆိုတာ အချစ်ပေါ့ဗျား)း)
ကျွန်တော်လည်းရှာတုန်း တွေ့သွားသူတွေကတော့ အမျိုးမျိုးဖွင့်ဆိုနေလေရဲ့း)း)

ခရစ္စတလ် said...

အချစ်
ခုထိ ဝါးတားတား :P
(virus scan ဖြုတ်လိုက်တော့ လည်လည်လာလို့ ရသွားတယ်)

မောင်မောင် said...

ကဗျာကောင်းလေးကို ခံစားသွားပါတယ် အစ်ကို

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :