ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မေမေ

Monday 9 January 2012


နိုးထတဲ့ မနက်တိုင်းမှာ
တနေ့တာအလုပ်ကိုတွေးပြီး
စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေနဲ့ မျက်နှစ်သစ်တိုင်း
ငယ်စဉ်ကလေးဘ၀က
မေမေ့ရဲ့ အသံချိုချိုနဲ့
အိပ်ယာနိုးတတ်တဲ့ အဖြစ်ကို သတိယမိတယ် ။

  လောဘလမ်းကိုလျှောက်ဖို့ 
မာယာဝတ်စုံကိုဝတ်
ငွေပေးပြီးဝယ်ရတဲ့
ကော်ဖီပူပူတစ်ခွက်မော့သောက်ပြီး
   ဟန်ဆောင်တဲ့ အပြုံးတွေနဲ့ ကြိုဆိုမဲ့
အလုပ်ကိုသွားဖို့ပြင်တိုင်း
ဘ၀ပန်တိုင်လှဖို့ ဟောင်းနွမ်းပြီး သန့်ရှင်းနေတဲ့
  ကျောင်းဝတ်စုံ ဖြူ စိမ်းလေးနဲ့ လွယ်အိတ်လေးကိုပေး
ရေနွေးကြမ်းနဲ့ ထမင်းခဲလေးကျွေးပြီး 
နဖူးထက်မှာ ကြူကြူပါအောင်မွေးလို့
     ကျောင်းတော်ကြီးဆီသွားခိုင်တဲ့
မေမေ့အေးရိပ်လေးကို လွမ်းမိတယ် ။

 လျှောက်လှမ်းရတဲ့ လမ်းတိုင်း
အလှဲလှဲ အပြိုပြို
ဟန်ဆောင်ပြီး သုံးမရတဲ့ အပြုံးလှလှတွေကြားထဲ
လူတကာရဲ့ လှောင်ပြောင်မှု့ကြားမှာ 
ကိုယ့်အားကိုကိုးပြီးထတဲ့အခါတိုင်း
မာနဖိနပ်တရံနဲ့ (တလွဲမာန) 
ညစ်ပေနေတဲ့ ယုံကြည်ချက် ဦးထုပ်ဆောင်း
ခြေလှမ်းတွေခိုင်ပြီအထင်နဲ့
မေမေ့ရင်ကို ဇုန်ကုန်ပြီးထွက်ခွာသွားဖို့ပြင်
အမှတ်မထင်လှဲကျတုန်းက 
နားလည်ပေးမှု့လက်တစ်စုံနဲ့ ထူပေးခဲ့အဖြစ်ကလဲ
မနေ့ကလိုပါပဲ  မေမေ ။

အမေ မေမေ မာမီ အခေါ်တွေဘယ်လိုပြောင်းပြောင်း
မြန်မာပြည် မလေးရှား အော်စီ ယူအက်
ရေမြေတွေဘယ်လိုပဲခြားခြား
မပြောင်းလဲတဲ့ အရာတစ်ခုပဲရှိတယ်
မေမေ့မေတ္တာ 
မေမေ့အကြင်နာ
ယုယမှု့က ဖဲမွေ့ယာ
နားလည်းပေးတတ်တဲ့
အနှိုင်းမဲ့တဲ့ ချစ်ခြင်းတရားတွေကတော့
ကမ္ဘာပျက်ပြီး အနောက်မှနေထွက်တောင်
မပြောင်းလဲမယ့် 
ထာဝရသစ္စာ မေမေ့မေတ္တာပါ ။

လွင်ပြင်လှိုင်းငယ်

14 comments:

jasmine(တောင်ကြီး) said...

ဟိဟိ
အမေ ကဗျာလေးဖတ်နေတာလေ
ဘယ်အချိန်ကရေးလိုက်တာလဲ

ဘိုဖြူ said...

အမေ ကဗျာတွေဖတ်ပြီး
စိတ်ထဲတစ်မျိုးခံစားရတယ်
အမေကိုလဲလွမ်းတယ်ဗျာ

မဒမ်ကိုး said...

အမေ့ကိုလွမ်းတယ်အကိုရေး(

ခင်မင်လျှက်

မဒိုးကန်

မြတ်ပန်းနွယ် said...

ရေနွေးကြမ်းနဲ့ ထမင်းခဲလေးကျွေးပြီး
နဖူးထက်မှာ ကြူကြူပါအောင်မွေးလို့
ကျောင်းတော်ကြီးဆီသွားခိုင်တဲ့
မေမေ့အေးရိပ်လေးကို လွမ်းမိတယ် ..

မေမေတိုင်းဟာ အဲလိုပဲနော်။

မနက်ကတည်းက မေမေ့ကို လွမ်းနေတယ်။
ကဗျာဖတ်မိပြီး ငိုချင်သွားတယ်။

ချောကလက်ကျူးပစ်လေး said...

အမေ့ကိုချစ်တယ်

ညီရဲ said...

ကဗျာလေး ဖတ်ပြီး ရွာမှာ ကျန်ခဲ့တဲ့ အမေ့ကိုတောင် သတိရသွားမိတယ်... ကဗျားလေး ဖတ်လို့ ကောင်းတယ် အစ်ကို...

Angelhlaing(May everybody be happy and healthy! said...

အိမ်ပြန်ချင်အောင် လုပ်တယ် အဟင့် ..:(
ခံစားအားပေးလျှက်ပါအကို...

Junemoe said...

ဝါး... မန်းလေးပြန်ချင်တယ်...ဟင့်

Candy said...

ကောင်းလိုက်တဲ့ကဗျာလေး ကိုလွင်ပြင်ရယ်.. အမေ့ကိုတောင် လွမ်းသွားပြီ

လမင်းငယ် said...

အမေကိုလွမ်းတယ်
ကဗျာလေးကောင်း၏

ချယ်ရီမြေ said...

လွင်ပြင်ေ၇.. နေကောင်းတယ်နော်။ အမေနေ့အမှတ်တရကဗျာလေး ဖတ်သွားပါတယ်...။ အင်တာနက်နဲ့ဝေးနေလို့ ခုမှပဲအလည်ေ၇ာက်ဖြစ်တော့တယ်...။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ကိုရင် said...

အမေတဲ့..
ဘယ်တော့မှ ဆေးရောင်မပြယ်တဲ့ ပန်ချီကား တစ်ချပ်ပေါ့

မီးမီးငယ် said...

အမေ့ကိုသတိရတယ်...။
ဟိုမှာအေးနေပြီ..။

မိုးသူ said...

အမေဆိုတာ ဟိုးးးးးးးးးးးးးး
အမြင့်ဆုံးမှာပါ
အမေဆိုတာ
အနှိုင်းမဲ့ပါ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :