လင်းလက်တဲ့ကြယ် တစ်ခင်း
အလင်းနဲ့စစ်ခင်းရမယ့်အချိန်ပါ..
အခုတော့........
မိုးသားညိုမှောင်မှောင်နဲ့
ကြယ်စင်အလင်းကင်းတဲ့
လမိုက်တဲ့ ညဖြစ်လို့နေပါတယ်........
ပုစဉ်းရင်ကွဲ အော်မြည်သံနဲ့
ခြောက်သွေ့တဲ့နွေလယ်ရဲ့ည
ဖြစ်သင့်တဲ့ဥတုတစ်ခုရယ်ပါ......
အခုတော့.............
မိုးခေါ်ဖို့ ဖားသီချင်းသည်
ညံစည်ဝေ တေးဆိုတဲ့
မိုးတွေစွေသောနွေည ဖြစ်လို့နေပါတယ်.......။
မိုး....ချစ်တတ်သူပေမို့
ကောင်းကင်ရယ် မိုးစက်သာကြွေမယ်ဆို
လမင်း အလင်းနဲ့.........
ကြယ်တွေ မခင်းထားလဲ
ရောင့်ရဲ နိုင်ပါတယ်...........။
ကမ္ဘာကျာ် တေးသွားတွေ မလို
မိုးခေါ်တဲ့ ချစ်သူ့တေးသံနဲ့
အိပ်စက်ဖို့ ပြင်ဆင်ရင်း
ကြည်နူးစွာ အိပ်မက် မက်မယ့်သူမို့.................။ ကဆုန်လပြည့်နေ့တွင်သူမရေးဖြစ်သော ကဗျာလေးတဲ့ အားပေးကြပါဦး မိုးစက်ငယ်



Myanmar Kyat Converter
2 comments:
လပြည့်နေ့မှာမိုးရွာတယ်
ဒီတော့ စောင်ခြုံကွေးလို့
ကဗျာလေးဖတ်ရမယ့့်
ကဗျာလေးက ချစ်ဖို့ ကောင်းတယ် ကိုလွင်ပြင်ရေ
နွေနှောင်းပြီဆိုတဲ့ အသိလေး ဒီကဗျာဖတ်လို့ အပြီးမှာ
မိုးသူ ရင်ထဲဝင်လာခဲ့ ပါတယ်.....
ခင်တဲ့ 
မိုးသူ(တောင်ကြီး)
Post a Comment