ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပန်းပေါင်းစုံကြားက ကဗျာတွေမိုးထားတဲ့ ဒို့အိမ်လေး

Tuesday 24 July 2012

ကာရန်တွေခြံခတ်
ခံစားမှု့တံတိုင်းထပ်
ပျူငှာတဲ့ လမ်းလေးဘေးမှာ
စံပယ်တွေ ဟိုတစ်ရုံ ဒီတစ်ရုံနှင့်
စိမ်းစိုးတဲ့ မြက်ခင်းပြင်မှာ
ရိုးသားတဲ့ ခုံတန်းရှည်
အေးဆေးစွာ ထိုင်လို့လဲရ
လှမ်းလာမယ့် ချစ်မိတ်ဆွေအတွက်
ချိုသာတဲ့ ရင်တွင်းစကားနဲ့
ကြိုဆိုပါ့မယ် ချစ်ဧည့်သည်။

သောက မောဟတွေ
ခြံဝမှာချိတ်ထား
လှမ်းဝင်လာမယ့် ခြေတစ်လှမ်းမှာ
စမ်းရေကို ခြေထိသလို
အေးချမ်းတဲ့ မြေနီလမ်းက
အပြုံးပန်းနှင့် သင့်ခြေဖ၀ါးအား
လာနမ်းလိမ့်မယ် ချစ်မိတ်ဆွေ  ။

ဘေးချင်းကပ်တဲ့ ခြံတိုင်း ခြံတိုင်း
တရားတွေပြ နည်းလမ်းတွေပေး
စာသောက်စရာ အစုံအလင်နှင့်
ဖြူတာက ဖြူ နီတာက နီ
ရောင်စုံအလှပန်းများကြား
ဝတ်ရည်သုံးတဲ့ ပျားနှင့်ပိတုန်း
ပန်းအလှကို ခစားကြတဲ့ 
လိပ်ပြာတွေအုံးပြီး
မွေးရနံ့တွေလှိုင်လှိုင်သင်းတဲ့
ဒို့မိတ်ဆွေအိမ်လေးများ ။

စိတ်ချ လက်ချ
အတိတ်ဘ၀က ရေစက်လေးကြား
ဒို့တွေ ဘ၀အမောတွေပြောကြ
ပူပင်စရာတွေ တိုင်ပင်ဖြေရှင်း
ရင်မှာ ရိုးသားပွင့်လင်းကြတော့
အခက်အခဲဆိုတာ
တမနက်ပါပဲ
နေလာ နှင်းပျောက်
ဘလော့တွေ လျှောက်လည်ရင်
သောက မောဟတွေ ပျောက်ပြီး
လျှောက်တဲ့ လမ်းတိုင်းသာယာပါစေ ။

စံပယ်ချိုအတွေး လွင်ပြင်ရေး (နှစ်ယောက်ပေါင်းစပ်ထားတာပါ ဟိ )

လွင်ပြင်လှိုင်းငယ်




26 comments:

Yoemyaykya said...

ရိုးသားတဲ့ ခုံတန်းရှည်လေးကို လာထိုင်သွားပါတယ်။
မမစံပယ်ကိုအစ်မတော်ချင်ပါတယ်။အရမ်းလေးစားပါတယ်။အားကျပါတယ်။

khin said...

စံပယ်နဲ.လွင်ပြင်ရဲ.ခံစာမှုတွေတိုင်းဟာ အမြဲလိုကဗျာတပုဒ်ဖြစ်လာခဲ.တယ်။ အရမ်းကိုလိုက်ဖက်တဲ. ဖူးစာဘက်ပါဘဲကွယ်။

မိုးညချမ်း said...
This comment has been removed by the author.
မိုးညချမ်း said...

အစ်ကိုနဲ့ မမတို့ရဲ့ကဗျာလေးကိုဖတ်ပြီး ငြိမ့်ငြိမ့်လေးပြုံးရင်း သာယာကြည်နူးသွားတယ်ဗျာ ... :)

အန်တီလေးမေခင် said...

စံပယ်နဲ့လွင်ပြင်တို့ရဲ့ကဗျာလေးကိုဖတ်ပြီး
အားကျကြည်နူးမိပါတယ်
ခင်တဲ့အန်တီလေးမေခင်

မဒမ်ကိုး said...

အဲဒီအိမ်လေးကိုအခွင့်ရရင်လာလည်ချင်ပါတယ်အကိုရေ

ချစ်ခင်လျှက်
ညီမငယ်

ဒိုးကန်

မြတ်နိုးသူ(MUFL) said...

စိတ်ချ လက်ချ
အတိတ်ဘ၀က ရေစက်လေးကြား
ဒို့တွေ ဘ၀အမောတွေပြောကြ
ပူပင်စရာတွေ တိုင်ပင်ဖြေရှင်း
ရင်မှာ ရိုးသားပွင့်လင်းကြတော့
အခက်အခဲဆိုတာ
တမနက်ပါပဲ
နေလာ နှင်းပျောက်
ဘလော့တွေ လျှောက်လည်ရင်
သောက မောဟတွေ ပျောက်ပြီး
လျှောက်တဲ့ လမ်းတိုင်းသာယာပါစေ ။

ခံစားချက်အပြည့်ပါတယ်နော်မစံပယ်ကိုအားကျတယ်

3rdthameetaw said...

ချစ်ကြသူတိုင်းခုလိုပဲချစ်ရက်ရှည်ရှည်ချစ်နိုင်
ကြပါစေလို့ ဆုတောင်းလိုက်တယ်ရှင်..

Angelhlaing(May everybody be happy and healthy! said...

ဒီလိုချစ်ကြတဲ့ ဇနီးမောင်နှံ နှစ်ဦး ထာဝစဉ် ကြည်နူး ရွင်လန်း နိုင်ပါကြပါစေ...
များနေပြီနော်... ဒီနှစ်ယောက် ဒါပဲ ပြောမယ် ..ဟိဟိ :))))

ဘုန်းဘုန်းတောက် said...

ဘလော့တွေလျှောက်လည်ရင် ဒေါသ၊ မောဟတွေ ပျောက်ပြီး စမ်းရေ ခြေထိသလို အေးချမ်းတဲ့အပြုံးများနှင့် ကြိုဆိုနေကြတယ်။

အလွမ်းမြို့ said...

လွင်ပြင်ရေ
အလွမ်းလာရောက်အားပေးခဲ့တယ်။
***
ဘလော့တွေ လျှောက်လည်ရင်
သောက မောဟတွေ ပျောက်ပြီး
***

အားပေးသွားတယ်။ ဒို့လည်း ဒီလိုပျော်စရာ စုံတွဲလေး
ရှိတယ်နော်။အဟီး...ကပ်ပြောခဲ့တာ..


ခင်တဲ့
အလွမ်း

မိုးနတ်ကြယ်စင် said...

အကိုနဲ့အမရေ...အားကျပါတယ်ရှင် ...လိုက်လဲလိုက်ဖက်ပါတယ်....ခံစားချက်တွေထပ်တူညီတဲ့ အကိုတို့နှစ်ယောက် ဒိထက်မက ပိုပြီးချစ်နိုင်ကြပါစေနော်......:P

mstint said...

ချစ်ကြသူများအတွက် သာယာဖွယ် နာပျော်ဖွယ် ဆိုသလိုပဲ လွင်ပြင်လေးနဲ့ဂျက်တို့ရေ။ အသွင်တူလို့ အိမ်သူဖြစ်ကြတာပေါ့နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လေပြေချို said...

အမစပယ် အတွေးလေးက ချစ်စရာလေး.. :)

roseayemaung said...

ရောက်လာပါတယ်ချင်....

Candy said...

ဒီတခေါက်လည်း ဒီနှစ်ယောက် လုပ်ချလိုက်ပြန်ပြီ..
သိပ်လှတဲ့ကဗျာလေးပဲ သဘောကျတယ် :D

ချစ်စံအိမ် said...

အခက်အခဲဆိုတာ
တမနက်ပါပဲ
နေလာ နှင်းပျောက်
ဘလော့တွေ လျှောက်လည်ရင်
သောက မောဟတွေ ပျောက်ပြီး
လျှောက်တဲ့ လမ်းတိုင်းသာယာပါစေ ။

မိုးသက် said...

အခက်အခဲ ဆိုတာ တစ်ခဏပဲဆိုရင်.. အဲ့ဒီနေရာလေးမှာ.. နှစ်ယောက်အတူထိုင်ချင်တယ်.။

မိုးသူ(တောင်ကြီး) said...

သောက မောဟတွေ
ခြံဝမှာချိတ်ထား
လှမ်းဝင်လာမယ့် ခြေတစ်လှမ်းမှာ
စမ်းရေကို ခြေထိသလို
အေးချမ်းတဲ့ မြေနီလမ်းက
အပြုံးပန်းနှင့် သင့်ခြေဖ၀ါးအား
လာနမ်းလိမ့်မယ် ချစ်မိတ်ဆွေ ။

ပျော်ရွှင်စရာကောင်းတဲ့ ကဗျာအိမ်လေးပါ

ကြည်နူးရွှင်လန်းကြပါစေ

မိုးသူ(တောင်ကြီး)

Latt Latt said...

စံပယ့် အတွေး လွင်ပြင်ရေး ကဗျာလေးကို ခံစားအားပေးသွားပါတယ်။

ချော (အစိမ်းရောင်လင်ပြင်) said...

ချစ်စရာကောင်းတဲ့ အိမ်ကလေးကို စိတ်ကူးလေးနဲ့ မြင်ယောက်ရင်း ကြည်နူးသွားပါတယ်။
တကယ်ကို အေးချမ်းတဲ့ အိမ်ကလေးပါဘဲ

လရိပ်အိမ် said...

အဲဒီလို အိမ်မျိုးလေးလိုချင်လိုက်တာ

မြသွေးနီ said...

ကဗျာတွေ မိုးထားတဲ့အိမ်ကလေးဆိုတာ ယုံမှားသံသယဖြစ်ဘွယ်ရာမရှိပါ။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးလာအားပေးသွားပါတယ်..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကြည်ကြည်နူးနူး ချစ်ကဗျာ။

ဆန်းစနေ၀န်း said...

အိမ်လေးကို ပုံဖော်ခံစားသွားပါတယ်.....

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :