ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကွဲစရာအသဲမရှိတဲ့ လွင်ပြင်

Saturday 4 August 2012


ခုန်နေတဲ့ ရင်အစုံ
မြတ်နိုးတဲ့ အကြင်နာ
သံယောဇဉ်ကြိုးမျှင်
ရစ်ပတ်နှောင်ဖွဲ့
ချစ်မိတဲ့ အချစ်
စုပေါင်းထုဆစ်
ဘ၀နဲ့ထုပ်ပိုးပြီး
ရင်ဘတ်ထဲက နှလုံးသားပါမကျန်
သဲဘုစုခရုထံပေးအပ် ပြီးသားမို့
ကွဲစရာအသဲ လွင်ပြင် မှာမရှိပါ ။

ဝန်ခံချက် ။      ။ပုံကို google မှကူးယူပါသည် ။

လွင်ပြင်လှိုင်းငယ်

14 comments:

မိုးသူ(တောင်ကြီး) said...

မဂျက်သေချာတော့သော့ခတ်သိမ်းနော်
နို့ မို့ ဆို ယောင်္ကျားများအသဲ ခြံကျော်ထွက်လွန်းလို့ 

ဟီးဟီး အချွန်နဲ့ မခဲ့ပြီကိုလွင်ပြင်ရေ ....

ခင်တဲ့
မိုးသူ(တောင်ကြီး)

Phyu Lwin said...

.ကွဲစရာအသည်းမရှိတော့ဘူးဆိုတော့ ကောင်းလိုက်တာ :D

မင်းမုန်းတဲ့သူ said...

အသဲအပိုတွေဘာတွေများမရှိဘူးလားကိုလွင်ပြင်..
အသဲအပိုနဲ့ဒိုင်လျှိုလေးကွဲပေါ့အကိုရ...ဟဲဟဲ

တောက်ပကြယ်စင် said...

အင့် အသည်းကွဲစရာ မရှိတော့ ငြိမ်းတာပေါ့နော်။

mstint said...

အလွမ်းအဆွေးလေးတွေနဲ့စာရင် အခုလို ကြည်နူးစရာလေးတွေပဲ ဖြစ်စေချင်ပါတယ် လွင်ပြင်လေးရေ။ ကဗျာလေးအားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မကြီးလွမ်းပို့စ်မှာ တွေ့ပါရဲ့

အစ်မ ×
စံပယ်ကို ပစ်လို့ကတော့
လုံးဝလုံး ခွင့်မလွှတ်ဘူး

အစ်ကို ×
စံပယ်ကိုပဲ မြတ်နိုးတယ်

နွေလ

မိုးနတ်ကြယ်စင် said...

ကဗျာလေးခံစားသွားပါတယ် အကိုလွင်ပြင်ရေ...

စံပယ်ချို said...

ရေးတဲ့အတိုင်း ပြောတဲ့အတိုင်း
မဟုတ်လို့ကတော့ တေပီမှတ်

နွေတေးရှင် (မင်းဧရာ) said...

မိုးတွေရွာတုန်းကရယ်...နှင်းတွေဝေတုန်းကရယ်...
ရွက်ဝါလေးတွေကြွေတုန်ကရယ်....အချစ်ဆိုတာ အထာမသိလို့...အညာမိပေါင်းလည်း....များလှပါပြီကွယ်....း)။

မစပယ်...
သတိထားဗျ ကိုယ်ချင်းကိုယ်ချင်းမို့ လက်တို့ပြီး သတိပေးပါ ကိုလွင်ပြင်မသိစေနဲ့...း)။

ချစ်စံအိမ် said...

ရေးတဲ့အတိုင်း ပြောတဲ့အတိုင်း
မဟုတ်လို့ကတော့ တေပီမှတ် မမဂျက်ရေးတာနော် :P

မိုးညချမ်း said...

သေချာထုပ်ပိုးပြီး မမဆီကိုပေးထားတဲ့ အစ်ကို့အသည်းကိုတော့ လွတ်ကျပြီးမကွဲအောင် သတိပေးထားရမယ် ... ကဗျာလေးဖတ်ပြီး ကြည်နူးသွားတယ် ... :)

မြတ်နိုးသူ(MUFL) said...

ကဗျာလေးကအရမ်းမိုက်တယ်အစ်ကို
အရမ်းသဘောကျတာပဲဒီကဗျာကို
အားပေးသွားပါတယ်

အိပ်မက်ကောင်းကင် said...

အဟမ်း အဟမ်း ရေးထားတဲ့ အတိုင်းဖြစ်ပါစေတဲ့နော်
မဟုတ်လို့ကတော့ မမစံပယ်နဲ့ တွေ့ပြီ ^_^

laminlwinpyin said...

ချစ်တတ်တာနော်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :