နှလုံးသားက ကဗျာတစ်ပုဒ်ရေးခိုင်းတယ်
ခံစားမှု့က ကာရံပေးမယ်တဲ့
အကြင်နာလွင်ပြင်ကလဲ ဖြူစင်တဲ့ သူ့ရင်မှာရေးပါဆိုတော့
အားကျမခံ
နှလုံးသွေးက လိုသလိုသုံးပါပြောတော့
မျက်ဝန်းမှာမြင်တဲ့ နင့်ရုပ်လွှာအေးမြမြ
တော်ဝင်တဲ့ပန်းချီကား
ကြည့်ပါများတော့ရိုးသွားပေမယ့်
တရေးနိုးထကြည့်တောင်း
ဘယ်တော့မှ မရိုးတဲ့ ငါ့အတွက်နင့်အလှကို
ကဗျာလေးတစ်ကြောင်းရေးချင်လာတယ် ။
ခံစားလို့ရတဲ့ နင့်နှလုံးသားခပ်လှလှကို
သံယောဇဉ်ကြိုးအထပ်ထပ်ချပြီး
ငါ့နှလုံးသားနဲ့ ပူးတွဲချီနှောင်ထားချင်တဲ့စိတ်ကို
ကဗျာတစ်စိတ်တပိုင်းမှာထည့်မယ် ။
ငါ့ထက်ချစ်တတ်တဲ့နင့်ကို
ငါထပ်ထပ်ချစ်ပေမယ့်
အချစ်တွေသာ အထပ်ထပ်ဖြစ်လာပေမယ့်
နင့်အချစ်ကို မမှီတဲ့ ငါ့နှလုံးသားကို
တနေ့တခြားမုန်းလာမိတယ် ။
ရိုးသားမှု့ကပေးတဲ့ နင့်အပြုံးတချက်ကြောင့်
အတ္တမြို့ရိုးတောင် ပျက်စီးပြီး
အခုတော့ ငါ့ရင်မှာ ရိုးသားတဲ့ပန်းတွေ
ပွင့်လန်းစေတဲ့ နင့်အပြုံးလေးလဲ
ဒီကဗျာထဲမှာပါမယ် ။
ကဗျာဆိုတာဘာမှန်းမသိတဲ့
ငါ့နှလုံးရိုင်းမှာ
နင့်နဲ့တွေ့ပြီးကတည်းက
နင့်အတွက် ကဗျာတစ်ပုဒ်မကရေးနေမိတယ်
စက္ကန့်တိုင်းထွက်တဲ့
ငါ့နှလုံးသားရဲ့ ကဗျာတွေကို
အချိန်ရာသီမရွေး ငါ့နှလုံးသားမှာ
နင်လာရောက်ခံစားနိုင်တယ် ။
မှတ်ချက် ။ ။အလုပ်တွေမအားလပ်လို့ အိမ်တွေမလည်နိုင်သေးတဲ့ ကျွန်တော့်ကို နားလည်းပေးနိုင်ကြပါစေ ။
လွင်ပြင်လှိုင်းငယ်
16 comments:
ကဗျာဆိုတာဘာမှန်းမသိတဲ့
ငါ့နှလုံးရိုင်းမှာ
နင့်နဲ့တွေ့ပြီးကတည်းက
နင့်အတွက် ကဗျာတစ်ပုဒ်မကရေးနေမိတယ်
စက္ကန့်တိုင်းထွက်တဲ့
ငါ့နှလုံးသားရဲ့ ကဗျာတွေကို
အချိန်ရာသီမရွေး ငါ့နှလုံးသားမှာ
နင်လာရောက်ခံစားနိုင်တယ်
ကဗျာလေးကတစ်ကယ်မှန်တယ်
ကိုယ်ချစ်တဲ့သူအတွတ်နဲ့လူတိုင်းက
ကဗျာတွေေ၇းတတ်လာခဲ့တယ်အကိုကြီး
ခင်မင်တဲ့...
ကဗျာဆိုတာဘာမှန်းမသိတဲ့
ငါ့နှလုံးရိုင်းမှာ
နင့်နဲ့တွေ့ပြီးကတည်းက
နင့်အတွက် ကဗျာတစ်ပုဒ်မကရေးနေမိတယ်
စက္ကန့်တိုင်းထွက်တဲ့
ငါ့နှလုံးသားရဲ့ ကဗျာတွေကို
အချိန်ရာသီမရွေး ငါ့နှလုံးသားမှာ
နင်လာရောက်ခံစားနိုင်တယ် ။
ချစ်စံအိမ်
“နင့်အတွက်ကဗျာ”လေးကို ညလေးပါဝင်ခံစားသွားတယ် အစ်ကို ... :)
ကဗျာဆိုတာဘာမှန်းမသိတဲ့
ငါ့နှလုံးရိုင်းမှာ
နင့်နဲ့တွေ့ပြီးကတည်းက
နင့်အတွက် ကဗျာတစ်ပုဒ်မကရေးနေမိတယ်
စက္ကန့်တိုင်းထွက်တဲ့
ငါ့နှလုံးသားရဲ့ ကဗျာတွေကို
အချိန်ရာသီမရွေး ငါ့နှလုံးသားမှာ
နင်လာရောက်ခံစားနိုင်တယ် ။
ကဗျာလေးဖတ်ရှုသွားပီးနော်ပါးပါး။
ပါးပါးရောမားမားရောနှစ်ယောက်လုံးကျန်းမာတော်
မူပါစသတိရနေတဲ့သာမီး။
ငါ့ထက်ချစ်တတ်တဲ့နင့်ကို
ငါထပ်ထပ်ချစ်ပေမယ့်
အချစ်တွေသာ အထပ်ထပ်ဖြစ်လာပေမယ့်
နင့်အချစ်ကို မမှီတဲ့ ငါ့နှလုံးသားကို
တနေ့တခြားမုန်းလာမိတယ်
မောင်လွင်ပြင်နှင့်စံပါယ်လေးအချစ်တွေပြိုင်
ဘယ်သူတွေနိုင့်ပါ့မလည်း........သိပ်ချစ်ကြတာ
ပဲနော်။ခင်တဲ့အန်တီလေးမေခင်
ရိုးသားမှု့ကပေးတဲ့ နင့်အပြုံးတချက်ကြောင့်
အတ္တမြို့ရိုးတောင် ပျက်စီးပြီး
အခုတော့ ငါ့ရင်မှာ ရိုးသားတဲ့ပန်းတွေ
ပွင့်လန်းစေတဲ့ နင့်အပြုံးလေးလဲ
ဒီကဗျာထဲမှာပါမယ် ။
အပေါ်က အန်တီလေးမေခင် ပြောသလိုပေါ့ လွင်ပြင်နှင့်စံပါယ်လေးအချစ်တွေပြိုင်
ဘယ်သူတွေနိုင့်ပါ့မလည်း....
ဒီလိုလိုက်ဖက်တဲ့ဘ၀ ပျော်စရာလောကကြီးက (သီချင်းလေး ၀င်ဆိုသွားပါတယ်)..ဟဲဟဲ
ခင်တဲ့
လေပြေ
တော်ဝင်တဲ့ပန်းချီကား
ကြည့်ပါများတော့ရိုးသွားပေမယ့်
တရေးနိုးထကြည့်တောင်
ဘယ်တော့မှ မရိုးတဲ့ ငါ့အတွက်နင့်အလှ...တဲ့လား.
တယ်ဆိုတဲ့စာပါလား ချစ်ကိုကြီးရေ....
ညလေး သေချာမှတ်ထားတယ်နော်..ကြိုက်လို့..
ဟုတ်ပါ့ဗျာ..အဲဒိနှစ်ယောက်အချစ်ပြိုင်ရင်ဘယ်သူနိုင်
မှာလဲ ညလေးတကယ်ပဲစိတ်ဝင်စားမိနေတယ်..ဟိ
စကားလုံးချိုချိုလေးတွေနဲ့
ပြေပြစ် လှပနေတဲ့
ကဗျာကောင်းလေးကို
မျှဝေခံစားခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ကိုလွင်ပြင်ရေ .....
ခံစားလို့ရတဲ့ နင့်နှလုံးသားခပ်လှလှကို
သံယောဇဉ်ကြိုးအထပ်ထပ်ချပြီး
ငါ့နှလုံးသားနဲ့ ပူးတွဲချီနှောင်ထားချင်တဲ့စိတ်ကို
ကဗျာတစ်စိတ်တပိုင်းမှာထည့်မယ် ။
ကဗျာလေးလာအားပေးသွားပါတယ်..း)
တစ်ပုဒ်တစ်မျိုးမရိုးပါလား လွင်ပြင်လေးရေ။ အချိန်တွေ မအားမလပ်ကြားမှာ အိမ်တွေမလည်ဖြစ်လဲ နားလည်ပေးပါတယ်။ ကဗျာလေးတွေတော့ အဆင်ပြေသလိုရေးတင်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟီး.............
ယောက္ခမ ကဗျာကိုဖတ်ပြီးမှ
ကျုပ်လည်း အဲလို ညတရေးနိုးမှာ
ချစ်သူ့မျက်နှာလေးကို ကြည့်ပြီး
ကဗျာရေးချင်လာမိတယ် ဘိုလုပ်ရမလဲ ယ္ခောမ အကြံပေးပါဦးး) ။
အချစ်တွေပြိုင်
နိုင်မတဲ့လား။
မေတ္တာအမျှင်တွေနဲ့
ကမ္ဘာမှာ စံတင်လောက်တယ်
ဒင်းတို့ လင်မယား။း)
...
အပေါ်က လူပြိုဂျီးကတော့ ဒီတစ်သက် ဒီလို ကဗျာမျိုး ရေးနိုင်မဲ့ အခွင့်အလမ်း မမြင်။ ဒါနဲ့များ စိတ်ကူးယဉ်နေသေးတယ်။း))
ငါ့ထက်ချစ်တတ်တဲ့နင့်ကို
ငါထပ်ထပ်ချစ်ပေမယ့်
အချစ်တွေသာ အထပ်ထပ်ဖြစ်လာပေမယ့်
နင့်အချစ်ကို မမှီတဲ့ ငါ့နှလုံးသားကို
တနေ့တခြားမုန်းလာမိတယ် ။
ဒီအပိုဒ်လေးက ရည်ရွယ်ပြီးရေးခံ၇တဲ့သူရဲ့ 
နှလုံးအိမ်ကို ကြည်နူးစေမှာပဲနော် ကိုလွင်ပြင်ရေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
ငါ့ထက်ချစ်တတ်တဲ့နင့်ကို
ငါထပ်ထပ်ချစ်ပေမယ့်
အချစ်တွေသာ အထပ်ထပ်ဖြစ်လာပေမယ့်
နင့်အချစ်ကို မမှီတဲ့ ငါ့နှလုံးသားကို
တနေ့တခြားမုန်းလာမိတယ် ။
ဒီအပိုဒ်လေးက ရည်ရွယ်ပြီးရေးခံ၇တဲ့သူရဲ့ 
နှလုံးအိမ်ကို ကြည်နူးစေမှာပဲနော် ကိုလွင်ပြင်ရေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
နင့် အတွက် ရေးတဲ့ ကဗျာလေး မှာ အတ္တတွေ ကင်းတဲ့ "နင်" လေးရဲ့ သိပ်လှတဲ့ နှလုံးသားကို လေးစားမိတယ်...။
အရမ်းမိုက်တယ် အားပေးသွားပါတယ်နော်
Post a Comment