
ဖြူ စင်တဲ့မေတ္တာတွေ ကမ္ဘာကို လွမ်းမိုးတဲ့နေ့
ရောင် စဉ်သစ်နဲ့ လောကကို အလှဆင်မယ့်ရက်
နတ် သမီးအပေါင်းရဲ့ အလှတရားတွေခစားတဲ့နေ့
သ မီးအလိမ္မာကို အမေတစ်ယောက်ရဲ့ အနမ်းဦးစတင်ပေးတဲ့နေ့
မီး လင်းသလို အမှောင်ခွင်းပြီး ကမ္ဘာကို အလင်းပေးမယ့်သူမွေးဖွားတဲ့နေ့
နမ်း မ၀တဲ့အမေတစ်ယောက်ကို ချစ်ခြင်းအားအင်နဲ့ နေ့သစ်တွေပေးတဲ့နေ့
မ ဟုတ်မခံ စိတ်ရင်းမှန်နှင့် ရိုးသားတဲ့ နတ်သမီးတပါးမြေပြင်ပေါ်သို့ဆင်းသက်တဲ့ရက်
ဝ လုံးလေးမှစ လောကကို တိုးတက်အောင် ကြံဆောင်မယ့်သူ ရောက်ရှိသည့်နေ့
မွေး ဖွားစကတည်းက လောကဒဏ်ကို အံတု ပန်းဝင်သည်အထိရိုးသားသော ခြေလှမ်းစသည့်နေ့
နေ့ သစ်များစွာအတွက် ကဗျာလက်နဲ့ ဘ၀ပန်းချီကားလှလှခြယ်သရန်ရောက်လာသည့်နေ့
လက် တစ်စုံမှာ ချစ်ခြင်းမေတ္တာတွေပဲမို့ ကိုင်ဆောင်တဲ့အရာမှန်သမျှ ဖြူစင်ခြင်းတွေဖြစ်တဲ့နေ့
ဆောင် ယူလာတာ ကောင်းခြင်းတွေမို့ အနာဂါတ်ရဲ့ သူရဲကောင်းသမီးပျိုရဲ့ မွေးနေ့မင်္ဂလာရက် ။
၁၉-၁၁-၂၀၁၂ တွင်ကျရောက်သော အဖြူရောင်နတ်သမီးအတွက်မွေးနေ့လက်ဆောင်
လွင်ပြင်လှိုင်းငယ်



Myanmar Kyat Converter
17 comments:
လွင်ပြင်ရဲ့ ပုံစံလေးအတိုင်း...မွေးနေ့လက်ဆောင်ကဗျားလေးက မွေးနေ့ရှင်လေးအတိုင်းလှပလို့နေတယ်...
မွေးနေ့လက်ဆောင်ကဗျာလေးဖတ်ရှုသွားပါတယ်ပါးပါး။
တော်ပါဘိ လွင်ပြင်လေးရယ်။ အဲဒီလို ရေးသားဖွဲ့ဆိုတတ်တဲ့ အခြေခံ ပါရမီပါဘူးကွယ်း)
မွေးနေ့ရှင်လေးရောဖွဲ့ဆိုသူလေးပါ တောင်းဆုကဗျာလေးအတိုင်း ပြည့်ဝကြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
ဒီကဗျာလေးကို မွေးနေ့လက်ဆောင်အဖြစ်ရတဲ့လူတော့
မသိဘူး...မိုးနတ်တော့ ဖတ်ပြီး အတိုင်းမသိဝမ်းသာ
ကြည်နူးမိသွားတယ်...ရေးတတ်ပါပေ့ အကိုလွင်ပြင်ရေ....နာ့ချစ်ကိုကြီး...တော်ထှာ..
မွေးနေ့ ကဗျာ လှလှလေး ခံစာဖတ်ရှုသွားပါတယ်နော
နတ်နတ်လေးမွေးနေ့မှ နောင်နှစ်ပေါင်းများစွာချစ်ရသူနဲ့အတူ
ပျော်ရွှင်ပါစေလို့
ချစ်တဲ့ jasmine
ပျော်ရွင်စ၇ာမေါးနေ့လေးဖြစ်ပါစေနော်
အဲဒီလို အရေးအသားမျိုးဆို သိပ်................သဘောကျတာ လွင်ပြင်ရေ။ တီတင့်ပြောသလို ပါရမီပါလို့ ရေးတတ်တာပေါ့တဲ့။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့
ကျေးဇူးပါ လွင်ပြင်ကြီးရေ..
ကဗျာလေးလည်း ကူးသွားတယ်နော်..
ဂရုတစိုက် ပို့စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...
ကိုလွင်ပြင်
စပယ်ရှယ်အရေးကောင်းဘဲ။
အဲလိုရေးနည်းကိုတော်တော်ကြိုက်တယ်။
BUT အဲလိုရေးတတ်ဘူးကွယ်။
မွေးနေ.အတွက်ကဗျာကောင်းလေးတပုဒ်
ဖတ်ရှု.အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်
မွေးနေ့ရှင် နတ်သမီး အတွက် ကဗျာလေးကို အားပေးသွားပါတယ်
အဲ့လို အက္ခရာတွေကို သေချာစနစ်တကျ စီကုံးထားတာလေးကို အားကျတယ်... အဲ့လိုရေးတက်ချင်တယ်... ဥပမာ... “နေ့ သစ်များစွာအတွက် ကဗျာလက်နဲ့ ဘ၀ပန်းချီကားလှလှခြယ်သရန်ရောက်လာသည့်နေ့”
အဲ့ဒီလိုမျိုးလေးပေါ့:)
ခင်တဲ့
လေပြေ
let me share to my MoM, thank you.
ကူးသွားပီနော်
သဘောကျလို့ပါ။
ရမ်းကောင်းတယ်ဂျာ copy ယူးpဂျာ
Gyriit
Post a Comment