အငိုနဲ့စတဲ့လူ့ဘဝ
ငိုကြွေးခြင်းအခမ်းအနားနဲ့ ဆုံးတာ 
သဘာဝဆိုပေမယ့်လဲ
အပြုံးတွေ ပန်ဆင်
မေတ္တာ ၀တ်ရုံနွေးနွေးလေးဝတ်ပြီး
လက်ထဲကို ဓါးထည့်သူကထည့်
အားထည့်သူကထည့်နဲ့
ဘ၀မှာ ပျော်စရာများလှသူတွေလဲ
အများသားနော် ။
အငိုနဲ့စ
ဝမ်းနည်းမှု့ခြေလှမ်းနဲ့
ဘ၀စာမျက်နှာလေးများလှလာမလား
အပြုံးတွေ ပန်ဆင်
မေတ္တာ ၀တ်ရုံနွေးနွေးလေးဝတ်ပြီး
လက်ထဲကို ဓါးထည့်သူကထည့်
အားထည့်သူကထည့်နဲ့
ဘ၀မှာ ပျော်စရာများလှသူတွေလဲ
အများသားနော် ။
အငိုနဲ့စ
ဝမ်းနည်းမှု့ခြေလှမ်းနဲ့
ဘ၀စာမျက်နှာလေးများလှလာမလား
မျှော်မှန်းရင်း
ကြည်နူးဝေဖြာ ပိတိများနှင့်
မိဘမေတ္တာလောကရုပ်ရှင်ကိုမြင်တွေ့ရင်
ရင်နာစရာအဖြစ်နဲ့
အမေ ဘယ်ဆီ အဖေဘယ်ဝယ်နှင့် 
ရင်နာစရာအဖြစ်နဲ့
အမေ ဘယ်ဆီ အဖေဘယ်ဝယ်နှင့်
ကောင်းကင်ကြီးကိုမော့ကြည့်သူကကြည့်
မြေကြီးကို ငုံကြည့်သူကကြည့်နဲ့
ထွက်စရာမျက်ရည်တောင်
အစာရေစာမ၀လို့
ပေါပေါသီသီမထွက်နိုင်သူ
မိဘမဲ့ကလေးတွေလောကမှာ ဒုနဲ့ဒေးပါလား ။
ရှေ့ဘ၀က ကောင်းမှု့ကြောင့်
ဒီဘ၀မှာ လိုတရသူတွေများပေမယ့်
နောက်ဘ၀မှာ ကောင်းဖို့
ဒီဘ၀မှာ လှူချင်ပေမယ့်
အတူနေရတာ ဒုက္ခဆိုတော့
နောက်ဘ၀ဆိုတာရှိမှာကို ကြောက်သူလဲရှိနေမပေါ့ ။
ကျောင်းစာတွေအံနေတဲ့
ပျော်ရွှင်သူတွေရှိနေသလို
ကျောင်းတော်ကြီးဘေးမှာ
ချောင်းနေတာ
ဘယ်သူများ ပလက်စတစ်(သို့မဟုတ်)
စားစရာလက်ကျန်မုန့်လေးများပစ်မလားနဲ့
မျှော်လင့်ချက်လက်ကျန်လေးနဲ့
ဝမ်းတထွာအတွက် ဘ၀စာသင်နေသူများလဲ
ရှိနေလေရဲ့ ။  
မြေကြီးကို ငုံကြည့်သူကကြည့်နဲ့
ထွက်စရာမျက်ရည်တောင်
အစာရေစာမ၀လို့
ပေါပေါသီသီမထွက်နိုင်သူ
မိဘမဲ့ကလေးတွေလောကမှာ ဒုနဲ့ဒေးပါလား ။
ရှေ့ဘ၀က ကောင်းမှု့ကြောင့်
ဒီဘ၀မှာ လိုတရသူတွေများပေမယ့်
နောက်ဘ၀မှာ ကောင်းဖို့
ဒီဘ၀မှာ လှူချင်ပေမယ့်
အတူနေရတာ ဒုက္ခဆိုတော့
နောက်ဘ၀ဆိုတာရှိမှာကို ကြောက်သူလဲရှိနေမပေါ့ ။
ကျောင်းစာတွေအံနေတဲ့
ပျော်ရွှင်သူတွေရှိနေသလို
ကျောင်းတော်ကြီးဘေးမှာ
ချောင်းနေတာ
ဘယ်သူများ ပလက်စတစ်(သို့မဟုတ်)
စားစရာလက်ကျန်မုန့်လေးများပစ်
မျှော်လင့်ချက်လက်ကျန်လေးနဲ့
ဝမ်းတထွာအတွက် ဘ၀စာသင်နေသူများလဲ
ရှိနေလေရဲ့ ။
ကံရေးမလှ 
ဘ၀ပေးအခြေအနေက စုတ်ချာနေတော့
ကလေးတစ်ယောက်ရဲ့ မျက်ရည်စက်တွေ
ဝမ်းနည်းမှု့ နာကျည်းချက်တွေက
အမှိုက်ပုံဘေး
ပလက်ဖောင်းဘေးမှာ 
ဘယ်သူမှမတွေ့ပဲ ကျော်ဖြတ်ခံ
အနင်းခံနှင့် ဘ၀မှာ
မျက်ရည်မြစ်ထဲ ကူးခတ်ရင်း
ဝမ်းစာအတွက် ရိုးသားနေတဲ့ 
ကလေးတွေအများကြီးပါလားနော် ။
ဘာပဲဖြစ်ဖြစ်
ကလေးတစ်ယောက်ရဲ့အတွေး
မနက်ဖြန်တိုင်းမှာ
မျှော်လင့်ချက်ရှိဖို့
ဘာမှမပေးနိုင်ရင်တောင်
အပြုံးလေးတစ်ပွင့်
အားရှိမယ့် စကားလေးတစ်ခွန်ဖြစ်ဖြစ်နဲ့
နှစ်သိပ့်ပေးမယ်ဆိုရင်
မိဘမဲ့ပေမယ့် ဘ၀ကိုရဲရဲဖြတ်ကျော်
လောကမှာ အလှပန်းတွေတိုပွားပွင့်လို့နေမှာပေါ့ ။
လွင်ပြင်လှိုင်းငယ်




  Myanmar Kyat Converter
16 comments:
အငိုနဲ့စတဲ့လူ့ဘဝ
ငိုကြွေးခြင်းအခမ်းအနားနဲ့ ဆုံးတာ
သဘာဝဆိုပေမယ့်လဲ
အပြုံးတွေ ပန်ဆင်
မေတ္တာ ၀တ်ရုံနွေးနွေးလေးဝတ်ပြီး
လက်ထဲကို ဓါးထည့်သူကထည့်
အားထည့်သူကထည့်နဲ့
ဘ၀မှာ ပျော်စရာများလှသူတွေလဲ
အများသားနော်အရမ်းကိုလေးနက်တဲ့
ကဗျာလေးခံစားသွားပါတယ်ပါးပါး
ချစ်တဲ့သာမီး။
ကလေးတစ်ယောက်ရဲ့အတွေး
မနက်ဖြန်တိုင်းမှာ
မျှော်လင့်ချက်ရှိဖို့
ဘာမှမပေးနိုင်ရင်တောင်
အပြုံးလေးတစ်ပွင့်
အားရှိမယ့် စကားလေးတစ်ခွန်ဖြစ်ဖြစ်နဲ့
နှစ်သိပ့်ပေးမယ်ဆိုရင်
မိဘမဲ့ပေမယ့် ဘ၀ကိုရဲရဲဖြတ်ကျော်
လောကမှာ အလှပန်းတွေတိုပွားပွင့်လို့နေမှာပေါ့ ။
မောင်လွင်ပြင်
စာသားလေးတွေအားပေးသွားတယ်ကွယ်
ခင်တဲ.အန်တီလေးမေခင်
မောင်လွင်ပြင် အားပေးသွားပါတယ်နော်...
စေတနာပါတဲ့ ကဗျာကောင်းလေးကို
မျှဝေ ခံစားခဲ့ပါတယ်ဗျာ ။
ဆက်လက်ထုဆစ်နိုင်ပါစေ ။
ဒီကဗျာလေးကို ဖတ်ပြီး ဘုန်းဘုန်းတို့နေတဲ့ အိမ်နဲ့ သိပ်မဝေးလှတဲ့ တံတားကြီးတစ်ခုရဲ့အောက်မှာ လက်ဖြန့်ပြီး အလှူခံနေရတဲ့ ကလေးတွေကို ချက်ချင်းမြင်ယောင်မိတယ်။ ပေးချင်တဲ့အခါလည်း ပေးလိုက်တယ်။ တစ်ခါတစ်လေ သဗ္ဗေ သတ္တာ ကမ္မဿကာ-သတ္တ၀ါတိုင်းဟာ ကိုယ့်ကံနဲ့ကိုယ် လာကြတယ်၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိတယဆိုတဲ့ ဥပေက္ခတရားလေးကို လက်ကိုင်ထားလိုက်တယ်။
ချမ်းမြေ့ပါစေ
ခင်မင်တဲ့
ဖြစ်သင့် ဖြစ်ထိုက်သော
လုပ်သင့် လုပ်ထိုက်သော
သဘောလေးတွေကို တွေ့လိုက်ရတယ် ယောက္ခမ
သည်သဘောလေးတွေ လူတိုင်းဆီမှာ ရှိသင့်တယ်ဗျာ။
ချစ်ကိုကြီးရေ....ကဗျာတပုဒ်လုံးက အနှစ်သာရ
ပြည့်ဝနေတာမို့...တပုဒ်လုံးကို အလေးအနက် ခံစားခဲ့ပါတယ်.....ချစ်ကိုကြီးရဲ့စေတနာ
တွေကိုပါ မြင်တွေ့လိုက်ရလို့ လေးစားနေမိကြောင်းပါ.
ဂရုဏာရသမြောက်တဲ့ ကဗျာလေးလာအားပေးသွားပါတယ် အကိုရေ..း)
ကဗျာဖတ်ပြီး သက်ပျင်းချ စိတ်မကောင်းဖြစ်မိယတ်
မောင်ဘကြိုင်
ကဗျာလေးကို ခံစားအားပေးသွားပါတယ် အစ်မ...
အာ... ဆောရီး အစ်ကို... အစ်မ စံပယ်ပိုစ့်ကို ကွန်မန့် ပေးနေရင်းနဲ့ ရောသွားလို့ ... ဆောရီးနော် အစ်ကို...
အင်း ဘ၀တွေက အမျိုးမျိုးဆိုတော့
ဇွဲစိတ်ကလေးနဲ့ ချီတက်ကြဖို့ဘဲ လိုတယ်။
အားပေးခဲ့ပါတယ်ရှင်
ဟိုစဉ်ချိန်ခါ ၊ အဖြူပါ ၊ ခုခါအရေး ၊ စားရေးသောက်ရေး၊နေရေးဝတ်ရေး ၊ အရေးတွေကြား၊ကလေးများမှာ
လူကြီးတွေရဲ့ စစ်ဒဏ်သင့်ပုံကို နာကျင်စွာ ...
ကလေးတွေ ဘဝက ဖြူစင်ကြပါတယ်လေ..
Post a Comment