ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အချစ်ရဲ့ စေတမန်

Friday 23 November 2012

အဝေးအနီးရဲ့ သဘောက
ဘာလဲ ?
ဝေးတယ်ဆိုတာ အတွေးမှာ
တကယ်မရှိလို့သာဝေးနေတာပါ
ဘယ်လောက်ပဲဝေးဝေး
နှလုံးသားကိုခုန်စေတဲ့
သွေးကြောမျှင်ဟာ နင်ဖြစ်နေလေတော့
ငါ့ကမ္ဘာမှာ အနေဝေးပေမယ့်
သေချာတာ နင်က ငါ့အနီးဆုံးရင်ခုန်သံလေးပါ  ။

အချစ်သဘောကို
အပြည့်အ၀နားမလည်ပေမယ့်
ဖြည့်လေ ဖြည့်လေ မပြည့်တဲ့
နင့်ကိုချစ်တဲ့ ချစ်ခဲ့ခြင်းတွေ
သိုသို သိပ်သိပ်နဲ့
မယိုဖိတ်အောင်
ငါ့နှလုံးသားအိုးထဲကို
စက္ကန့်တိုင်း ဖြည့်နေတယ် ချစ်သူရယ် ။

အလွမ်းတွေထမ်း
မျှော်လင့်ချက်ကို ဖက်တွယ်
နင့်အချစ်ရဖို့အရေး
လမင်းဆီမှာ နင်ရှိရင်တောင်
နှလုံးကို အတောင်တတ်
မရောက်ရောက်အောင် နင့်ထံတော်ပါး
ငါပျံသန်းခဲ့မယ် ချစ်သူရယ် ။

 နင်သာပျော်မယ်ဆိုရင်
 တိမ်တွေခင်းတဲ့လမ်းမှာ
ကြယ်စင်တွေအလင်းနဲ့
လမင်းအောက်မှာ
ငါတို့နှစ်ယောက်လျှောက်ကြတာပေါ့ ။

နင်အလိုရှိရင်
ကောင်းကင်ကို ဖြဲဆုတ်
စာအုပ်ချုပ်ပြီး
ငါ့နှလုံးသွေးစက်များနဲ့ရေး
နင့်ကဗျာစာအုပ်လေးလဲ လှစေပါ့မယ် ။

အလင်းရှိမှ အရိပ်ရှိသလို
 အတိတ်ရဲ့ မနက်ဖြန်တိုင်း
နင်က ငါ့အရိပ်တစ်ခုပေါ့ 
စောင့်စားသူအတွက်
အချိန်က လိပ်သွား သွားသလို
အလွမ်းတွေဖက်အိပ်တဲ့ညတွေကလဲ
တိတ်တိတ် ကလေးကြယ်ကြွေတွေနှင့်အတူ
အထီးကျန်ညတွေရှည်လျားလွန်းပေမယ့်
နင့်အချစ်မိုးတွေ နှလုံးသားမှာ
ရွာသွန်းမည့်နေ့
နွေခေါင်ခေါင်လဲ ငါစောင့်နေပါ့မယ် ချစ်သူ ။

မှတ်ချက်။        ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ဌားထားပါသည် ။

လွင်ပြင်လှိုင်းငယ်

13 comments:

Cameron said...

အလွမ်းတွေဖက်အိပ်တဲ့ညတွေကလဲ
တိတ်တိတ် ကလေးကြယ်ကြွေတွေနှင့်အတူ
အထီးကျန်ညတွေရှည်လျားလွန်းပေမယ့်
နင့်အချစ်မိုးတွေ နှလုံးသားမှာ
ရွာသွန်းမည့်နေ့
နွေခေါင်ခေါင်လဲ ငါစောင့်နေပါ့မယ် ချစ်သူ

မြတ်နိုးသူ said...

ဝေးတယ်ဆိုတာ အတွေးမှာ
တကယ်မရှိလို့သာဝေးနေတာပါ
ဘယ်လောက်ပဲဝေးဝေး
နှလုံးသားကိုခုန်စေတဲ့
သွေးကြောမျှင်ဟာ နင်ဖြစ်နေလေတော့
ငါ့ကမ္ဘာမှာ အနေဝေးပေမယ့်
သေချာတာ နင်က ငါ့အနီးဆုံးရင်ခုန်သံလေးပါ
ကဗျားလေးခံစားသွားပီနော်ပါးပါး။

Unknown said...

အလင်းရှိမှ အရိပ်ရှိသလို
အတိတ်ရဲ့ မနက်ဖြန်တိုင်း
နင်က ငါ့အရိပ်တစ်ခုပေါ့
လွင်ပြင်ရေရင်ဘတ်ငှါးတယ်လားကွယ်
တော်ကြာဘုစုစိတ်ကောက်နေအုံးမယ်နော်။
ခင်တဲ့အန်တီလေးမေခင်

မိုးနတ်ကြယ်စင် said...

နင့်အချစ်မိုးတွေ နှလုံးသားမှာ
ရွာသွန်းမည့်နေ့
နွေခေါင်ခေါင်လဲ ငါစောင့်နေပါ့မယ် ချစ်သူ

တကယ်တော့ ကဗျာလေးက တပုဒ်လုံးကိုကောင်းတာပါ
ချစ်ကိုကြီးရေ....ရင်ဘတ်ငှားတာကလဲဗျာ....:(
ကောင်းတယ်လို့ပြောမလို့ပါ...ဟီး....

ဘုန်း ၂ တောက် said...

ကြော်ငြာတစ်ခုကို သွားသတိရတယ် ထက်ထက်ကြော်ငြာလေ ဘာတဲ့ သောက်လေ သောက်လေ ငတ်မပြေတဲ့။ ခုလည်း ဖြည့်လေ မပြည့်လေဘဲပေါ့နော်
ခင်မင်တဲ့

ချစ်စံအိမ် said...

အဝေးအနီးရဲ့ သဘောက
ဘာလဲ ?
ဝေးတယ်ဆိုတာ အတွေးမှာ
တကယ်မရှိလို့သာဝေးနေတာပါ
ဘယ်လောက်ပဲဝေးဝေး
နှလုံးသားကိုခုန်စေတဲ့
သွေးကြောမျှင်ဟာ နင်ဖြစ်နေလေတော့
ငါ့ကမ္ဘာမှာ အနေဝေးပေမယ့်
သေချာတာ နင်က ငါ့အနီးဆုံးရင်ခုန်သံလေးပါ ။

နွေတေးရှင် (မင်းဧရာ) said...

သမက်အတွက် ယောက္ခမ ရဲ့ကဗျာကို ဖတ်ရတော့ ကြည်နူးမိတယ်း) သမီးကတော့ ဘယ့်နှယ်နေမလဲ မသိဘူးး)။

နွေတေးရှင် (မင်းဧရာ) said...

သမက်အတွက် ယောက္ခမ ရဲ့ကဗျာကို ဖတ်ရတော့ ကြည်နူးမိတယ်း) သမီးကတော့ ဘယ့်နှယ်နေမလဲ မသိဘူးး)။

နွေတေးရှင် (မင်းဧရာ) said...

သမက်အတွက် ယောက္ခမ ရဲ့ကဗျာကို ဖတ်ရတော့ ကြည်နူးမိတယ်း) သမီးကတော့ ဘယ့်နှယ်နေမလဲ မသိဘူးး)။

ညီလင်းနိုင် said...

ကဗျာလှလှလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

အိမ်မက်စေရာ said...

နှလုံးသားရှိသူတွေသာလျှင် ရင်ဘတ်ငှား တက်ကြတာပါ...
ကိုလွင်ပြင် ကဗျာလေးတွေ အမြဲကောင်းတယ်..
အားပေးနေတယ်..

Angelhlaing(May everybody be happy and healthy! said...

အလွမ်းတွေဖက်အိပ်တဲ့ညတွေကလဲ
တိတ်တိတ် ကလေးကြယ်ကြွေတွေနှင့်အတူ ...

အကိုရေ.. ခံစားအားပေးလျှက်ပါလို့..

Thwin said...

အလွမ်းတွေထမ်း
မျှော်လင့်ချက်ကို ဖက်တွယ်
နင့်အချစ်ရဖို့အရေး
လမင်းဆီမှာ နင်ရှိရင်တောင်
နှလုံးကို အတောင်တတ်
မရောက်ရောက်အောင် နင့်ထံတော်ပါး
ငါပျံသန်းခဲ့မယ် ချစ်သူရယ် ။ အဲဒါ အချစ်ရဲ့ စေတမန်ပေါ့နော်...။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :