ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

စိတ်ကိုအိမ်သာတက်ခြင်း

Sunday 2 December 2012

လူ့ဘ၀မှာ အရေးကြီးဆုံးက ဘာလဲ? ။ငွေကြေး ပိုက်ဆံလား? အာဏာလား?အောင်မြင်ကျော်

ကြားမှု့လား?တီထွင်နိုင်မှု့စွမ်းအား? လားပေါင်းများစွာနဲ့ အရေးကြီးဆုံးကို မတွေးတတ်တော့ပါဘူး ။
လူအမျိုးမျိုး စိတ်ထွေထွေဆိုတာမျိုးပါပဲ လက်ချောင်းလေးတွေမတူညီသလို လိုအင်ဆန္ဒတွေလဲဘယ်သူညီနိုင်ပါ့မလဲ ။ သို့ပေမယ့်လဲ လူသားတိုင်းအတွက် အရေးကြီးဆုံးနဲ့ လူအင်ဆန္ဒထပ်တူကျတာတစ်ခုတော့ရှိတယ် အဲ့ဒါဘာလဲဆိုတော့ ကျန်းမာရေး ။ ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် အုပ်ချူပ်သူကော အုပ်ချူပ်ခံ အတန်းအစားမရွေး ဘာသာမရွေး လူမျိုးမရွေးတောင်းတ လိုချင်တာကတော့ ကျန်းမာရေးကောင်းဖို့ပါပဲ။ကျန်းမာရေးကောင်းမှလဲ လူတွေဟာ စိတ်သွားတိုင်းကိုယ်ပါ လိုချင်တဲ့ခရီး သွားလိုရာပန်းတိုင် ဖြောင့်ဖြောင့်လေးလှမ်းနိုင်မယ်မဟုတ်လား ။ 
 
ကျန်းမာရေးဆိုတာကလဲ ငွေရှိတိုင်းကောင်းနိုင်တာမဟုတ်တဲ့ ဘက်မလိုက်တဲ့အရာဖြစ်နေတော့ ဥစ္စာကံစောင့် အသက်ကို ဥာဏ်စောင့်ဆိုတဲ့ဆိုရိုးစကားပေါ်လာတာပေါ့ ။ ထို့ကြောင့်လူတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု့တွေလုပ်တယ် ဆေးဝါးတွေမှီဝဲကြတယ် ကိုယ်နဲ့ တည့်မဲ့အစားအစာတွေကိုရွေးစားကြတယ် ဒီလိုနဲ့ကျန်းမာရေးကောင်းအောင်အမျိုးမျိုး ကာကွယ်ရင်းနဲ့ ကုသခြင်းတွေလုပ်ကြတာပေါ့။အဓိကလုပ်တာကတော့ အစာအိမ်အတွက်ပါပဲ အာဟာရပြည့်ဝတဲ့ အစားအစာတွေစားမှ ကျန်းမာဝဖြိုးအလှတိုးမှာဖြစ်သောကြောင့် ဆေးလဲအစာ အစာလဲဆေးမို့လူတွေဟာ နေ့စဉ်အာဟာရဖြစ်မယ့်အစာကိုစားသုံးကြတယ် အစာမစားရင် အသက်မရှင်နိုင်တာမို့ ကြီးကြီးငယ်ငယ်အားလုံးဟာ အဓိကကျတဲ့ အစာကို စားသုံးကြတယ် အစာကိုစားသုံးပြီး နောက်ဆက်တွဲကတော့ အစာချက်ပြီးရင် လိုအပ်တဲ့အရာတွေ သက်ဆိုင်ရာအစိတ်အပိုင်သို့ပို့ပေးပြီး မလိုတဲ့အရာတွေကိုတော့ "မစင်" ဆိုပြီးစွန့်ထုတ်ဖို့ အိမ်သာတက်ကြရတာပါပဲလေ ။ လူတွေအားလုံးဟာ အိမ်သာကို နေ့စဉ် တနေ့တကြိမ်တော့ တက်ကြရတာပဲ တကယ်လို့ တနေ့တကြိမ်မှ ၀မ်းမသွားရင် ဗိုက်ထဲကအောင့်ပြီး မအီမသာနဲ့ နေမထိထိုင်မသာဖြစ်ပြီး အမျိုးမျိုးအိမ်သာတက်ချင်အောင် ဆေးခန်းပြ ၀မ်းနှုတဆေးနဲ့ အညစ်အကြေးကို အမျိုးမျိုးစွန့်ထုတ်တတ်ကြပါတယ် ။ င်္ဒီလိုစွန့်ထုတ်နိုင်မှလဲ နေသာထိုင်သာရှိပြီး ကျန်းမာရေးကောင်းနိုင်မယ်မဟုတ်လား။ထို့ကြောင်းလူသားတွေဟာ အိမ်သာကို တနေ့တခါတော့အနည်းဆုံးတက်သင့်ပါတယ်။ဆိုလိုသာကတော့ လူတွေဟာ ကျန်းမာရေးအတွက်အိမ်သာရပါမယ်။နောက်တစ်ချက် နှလုံးသားလှဖို့ စိတ်ထားလှဖို့ မကောင်းတဲ့အရာတွေများများမလုပ်ဖို့ ကျန်းမာရေးအတွက် အိမ်သာတက်သလို စိတ်ထားအတွက် လူသားတိုင်း စိတ်ကိုအိမ်သာတက်ခိုင်းရင်ကောမကောင်းဘူးလား။
               စိတ်ကိုအိမ်သာတက်တယ် ဒီလိုပြောရင် ရီစကားများဖြစ်နေမလားမသိဘူးနော် တကယ်တော့ စိတ်ကို အိမ်သာတက်ဖို့လိုမယ်လို့ ကျွန်တော်တော့မြင်တယ် ဘာကြောင့်လဲဆိုတော့ လူတွေဟာ နေ့စဉ်ဝမ်းရေးအတွက် အလုပ်လုပ်ရင်း မကောင်းတဲ့စိတ်တွေ လိမ်ညာတဲ့စိတ်တွေနဲ့ ကိုယ်ခန္ဒာမှာပြည့်နေပါလိမ့်မယ်(အားလုံးကိုမဆိုလိုပါ) ဒါကြောင့်နေ့စဉ်မှန်မှန် ညမအိပ်ခင် ၁၀မိနစ်လောက်ထိုင် မျက်စိလေးမှိတ်ပြီး ဒီနေ့ငါဘာတွေကောင်းတာလုပ်ခဲ့လဲ မကောင်းတာတွေကို ဘာလုပ်ခဲ့လဲ ပြန်တွေးပြီး ကောင်းတာလုပ်တဲ့စိတ်တွေကို နှလုံးသားထဲထည့် မကောင်းတာလုပ်ခဲ့တဲ့ စိတ်အညစ်အကြေးတွေကို စွန့်ထုတ်လိုက်မယ်ဆိုရင် မနက်ဖြန်အတွက် ယနေ့ရဲ့စိတ်အညစ်အကြေးတွေကင်းစင်သွားနိုင်ပါတယ်။လူ့ဘ၀မှာ အရေးကြီးဆုံးက စိတ်ကို လွတ်လပ်ပေါ့ပါးပြီး စိတ်ထားလေးဟာ မညစ်နွမ်းပဲ ဖြူစင်နေရင် မြင်မြင်သမျှဟာလဲ အပြစ်ပြောစရာမရှိတဲ့ အသစ်အတိုင်းပဲ မြင်နေပါလိမ့်မယ်  ။ ရှင်သန်ခြင်းရဲ့ သက်တမ်းမှာ စိတ်ထားကို မြင့်သထက်မြင့် လှသထက်လှအောင်နေသွားမယ်ဆိုရင် သောကများများ ရောဂါများများနဲ့အထီးကျန်ရင်း ဘ၀ကိုဖြတ်သန်းစရာမလိုတော့ပါဘူး။လူတစ်ယောက်ဟာ အဓိက စိတ်လှဖို့ပါ ရုပ်လှပေမယ့် စိတ်မလှတဲ့သူကို သင်မြင်ဖူးပါလိမ့်မယ် သူ့အလှဟာသူ့စိတ်ကိုမသိခင် ခဏတာပဲ လှပပြီးတော့ သူ့စိတ်ကို သင်သိရာမှစလို့ သူဟာ ဘယ်တော့မှ သင့်မျက်စိနဲ့ ပတ်ဝန်းကျင်မျက်စိမှာ အကျည်းတန်ရုပ်ဆိုးနေပါ့လိမ့်မည်။ ရုပ်မလှပေမဲယ့် စိတ်လှတဲ့ သူကတော့ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မ၀တဲ့ ပန်းချီးကားတချပ်လိုပါပဲ။စိတ်ဆိုတာ ပြုပြင်ပြောင်းလဲယူလို့ရတဲ့ အရာမို့ စိတ်ကို အမြဲတမ်းဆန်းစစ်ပြီး မကောင်းတဲ့စိတ်တွေကိုထုတ် ကောင်းတဲ့စိတ်တွေကို နှလုံးသားမှာစုပြီး ဘ၀ကို လှပစွာ ကြည်နူးစရာအပြည့်နဲ့ လှမ်းလျှောက်လိုက်ပါ။

             စိတ်ကို အိမ်သာတက်ခြင်းသည် တနေ့ ၁၀မိနစ်လောက်ဆိုပေမယ့်လဲ အကျိုးကျေးဇူးကတော့ ဖော်ပြလို့မရတဲ့ အတိုင်းအသာအထိ သင့်ကို အကျိုးကျေးဇူးပြုပါလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီတော့  ဒီနေ့မှ စလို့ စိတ်ကို အိမ်သာတက်ကြည့်ရအောင်လား   ။

(မရေးတတ်ပေမယ့် အတွေးလေးတွေကို လေးစားရပါသော သင်ဆရာ မြင်ဆရာ ၀ါသနာတူများကို ရေးချပြတာဖြစ်လို့ အမှားအယွင်းရှိပါက လွင်ပြင်ကို နားလည်ပေးနိုင်ကြပါစေ)
 
အလုပ်ကများနေလို့  ဒီပို့လေးကို နှစ်ချို့ဝိုင်လို့ သဘောထားပေးကြပါနော် ။တကယ်တော့ ဆားချက်တာပါ ဟိ ။အားလုံးကို သတိယလျက် 

လွင်ပြင်လှိုင်းငယ်

12 comments:

ဘုန်း ၂ တောက် said...

အတွေးလေး သဘောကျမိတယ်။ ကိုညီလင်းနိုင်ပြောသလို ဆက်လက်ထုဆစ်နိုင်ပါစေ လွင်ပြင်ရေ
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

စုချစ် said...

nice post bro...း)

Unknown said...

ရုပ်မလှပေမဲယ့် စိတ်လှတဲ့ သူကတော့ ဘယ်အချိန်ပဲကြည့်ကြည့် ကြည့်မ၀တဲ့ ပန်းချီးကားတချပ်လိုပါပဲ။
အတွေးအရေးလေးတွေသဘောကျတယ်ကွယ်။
အားပေးလျက်ခင်တဲ.အန်တီလေးမေခင်

Anonymous said...

ကောင်းပါတယ် အစ်ကိုရဲ့
တော်တော်လေးစားဖို့ကောင်းတဲ့
အတွေးလေးပဲ

အိပ်မက်ကောင်းကင် said...

အတွေးလေးတွေကကောင်းလိုက်တာ
မဖတ်ရတာကြာလို့လားမသိဘူး အရေးအသားလေးတွေက ဖတ်လို့ကောင်းနေတယ်
ကိုကိုလွင်ပြင်လှိုင်းငယ်ကိုတော့အားကျပြီးရင်အားကျနေမိတယ်ဗျာ
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

မှန်ထှာ ချစ်ကိုကြီးရေ....
နာ့ချစ်ကိုကြီး....တော်ထှာ.....:)

Anonymous said...

အင်း...
အိမ်သာတောင် တက်ချင်လာပြီး)))။

စိတ်..စိတ်....စိတ်....
တစ်ရက် တစ်ရက် အကြိမ်ရေ ဘယ်လောက်များ အမှားတွေ ကျူလွန်မိလည်းတောင် မသိဘူး
ကျုပ်လည်း အိမ်သာကြွင်း တူးဦးမှ။


သင်၏
သမက်လောင်း

သူကြီးမင်း (တုံးဖလား) said...

ရုပ်ကို အိမ်သာတက်တာက အောက်ကနေ ထွက်တယ်။
ဒါက ပုံမှန်။ တော်ကြာ စိတ်ကို အိမ်သာတက်လိုက်မှ အပေါ်ကနေ လျှံထွက်လာမှာ စိုးရိမ်ရတယ်။း)

နာမည်ပေးတာလေး သဘောကျတယ်။ စိတ်ကို အိမ်သာတက်ခြင်းတဲ့။

Angelhlaing(May everybody be happy and healthy! said...

အတွေးလေး လှတယ်အကို ..ကြိုးစားရအုံးမယ် ..ညီမလေးကတော့...:)

witch83 said...

အင်း .. ဟုတ်တယ်။ နေ့စဉ် ကိုယ့်ကိုကိုယ် .. ရုပ်ခန္ဓာအတွက် သန့်ရှင်းရေးလုပ်ရသလို၊ စိတ်ကိုလည်း သန့်ရှင်းရေး လုပ်ရမှာပါ။ လုပ်ဖို့မေ့မေ့နေတာက ခက်နေတယ်။ thanks for reminding :)

ငြိမ်းစိုးဦး said...

စိတ်ကို စိတ်ဖြင့် ဆေးကြောသန့်စင်ဖို့ သတိပေးတာ အားရစရာ ...

Thwin said...

တစ်ကယ်ကို စိတ်ကို လှအောင် ကြိုးစားရအုံးမယ်...။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :