ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကမ္ဘာပျက်ရင်တောင် ကဗျာအသက်နဲ့ သူ့ရင်မှာရှိနေသူ

Wednesday 19 December 2012

အထာကျ  မကျတော့ မသိဘူး
ကမ္ဘာပျက်မယ် ကမ္ဘာပျက်မယ်နဲ့
သတင်းစကားတွေ ကြားရတာကြာခဲ့ပေါ့
၂၁ ရက်နေ့မှာ ကမ္ဘာပျက်မယ်တဲ့
သက်ထက်ဆုံးမက
သံသရာဆုံးထိ
သူ တစ်ယောက်သာ
ချစ်ဖို့ ဆုံးဖြတ်ထားတဲ့
နှလုံးသားက
ခပ်ပြုံးပြုံးလေးပဲ ပြောလိုက်တယ်
ကမ္ဘာပျက်ပေမယ့်
သူ့ကိုချစ်တဲ့ အချစ်က ဘယ်သောအခါမှ
ပျက်မှာ မဟုတ်တဲ့ ။

သဘာဝကျ မကျတော့ မသိဘူး
ကမ္ဘာပျက်မယ်ဆိုရင်
ခန္ဓာတွေ ပျက်သုန်းသွားနိုင်ပေမယ့်
ချစ်ခြင်းတရားတွေ ဒီကမ္ဘာပေါ်မှာ
 ကျန်ရစ်နေခဲ့လိမ့်မယ်
အမုန်းစကားတွေ ဘယ်သူမှ ကြားနိုင်တော့မှာ
မဟုတ်သလို
အပြုံးတွေနဲ့ ဒီကမ္ဘာကို
သူ့လက်ကို တွဲပြီး ရဲရဲကြီးနှုတ်ဆက်သွားပါ့မယ် ။

ဖြစ်နိုင် မဖြစ်နိုင်
အငြင်းစကားတွေနဲ့
အချိန်တွေမဖြုန်းမနေတော့ဘူး
မရေရာတဲ့ သတင်းစကားတွေနဲ့
ဘယ်သူ့နှလုံးသားကိုမှ
လိပ်ပြာမလွင့်စေချင်လို့
ယုံကြည်ချက်တစ်ခုတော့
ကမ္ဘာမြေသိအောင်တိုင်တည်ချင်နေမိတယ်
ချစ်ခြင်းတွေရှိနေသေးတဲ့ ဒီကမ္ဘာမှာ
စစ်မီးတွေဘယ်လောက်ပဲလောင်လောင်
သိပ္ပံပညာရှင်တွေဘယ်လောက်ပဲ တော်တော်
ပျက်စီးခြင်းမရှိသေးတဲ့
ဒီနေ့ကမ္ဘာကို
မနက်ဖြန်ပျက်မယ်ဆိုတာ မသေချာသေးလို့
ဘုရားဟောတဲ့ တရားတွေ နှလုံးသားမှာ မှတ်
သူ့လက်ကို တင်းတင်းဆုပ်ပြီး
၂၁ရက်ကို မထူးခြားတဲ့ရက်လို့
အသိတရားထဲထည့်
၂၂ရက်နေ့မှာ
မိတ်ဆွေတို့ရဲ့
ခံစားချက် ရသ ကဗျာတွေ
ကျွန်တော့်တို့ နှစ်ယောက်လာဖတ်ပါ့မယ် ။

လွင်ပြင်လှိုင်းငယ်

22 comments:

Yoemyaykya said...

၂၁ ရက်နေ့မှာ ပျက်မယ်ပြောတာ ရိုးမြေကျ ဘယ်အိပ်ပျော်နေမှန်းမသိဘူး။ ဘာမှမဖြစ်သလိုပဲ။ ၂၂ ရက်နေ့ကျပြန်တွေ့ကြမယ်လေအစ်ကိုရေ။

အိပ်မက်ကောင်းကင် said...

အင်းးးးးးးးး 21 ရက်ကိုကြိုဆိုရင်း 22 ရက်နေ့မှာပြန်တွေ့ကြတာပေါ့ ^_^

လရိပ်အိမ် said...

ပျက်လဲအေးတာဘဲ။ မပျက်တော့လဲ မအေးဘူးပေါ့။ ဘဝခရီးတွေဆက်သွားနေရအုန်းမှာပေါ့။

Cameron said...

ဟုတ်လား မသိဘူးတော့ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ဘာမှတောင်အချိန်မရှိတော့ဘူး..နက်ဖန်ပဲလေ 21 က

Unknown said...

ဒီနေ့ကမ္ဘာကို
မနက်ဖြန်ပျက်မယ်ဆိုတာ မသေချာသေးလို့
ဘုရားဟောတဲ့ တရားတွေ နှလုံးသားမှာ မှတ်
၂၁ရက်ကို မထူးခြားတဲ့ရက်လို့
အသိတရားထဲထည့်
၂၂ရက်နေ့မှာ
တီလေးတို.နှင်.ပြန်တွေ.ကြမယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

ဒီနေ့က၂၀ရက်နေ့မနက်ဖြန်၂၁ရက်နေ့မှာ
ပျော်ပျော်ကြီးနေပြီးတော့၂၂ရက်နေ့ကျရင်အကိုအမတွေ၇ဲ့
စာတွေကိုတစ်ဝကြီးလိုက်ဖတ်လိုက်မယ်

ချင်းမလေး said...

မနက်ဖန်အတွက်ရေးတဲ့ ကဗျာကောင်းကောင်းလေး
လာခံစားသွားပါတယ်..
ကမ္ဘာတကယ်မပျက်ရင် သဘက်ခါ ပြန်လည်ဆုံတွေ့ 
ကြမယ်နော်.. :)

Phyu Lwin said...

ohhh.. အစ်ကိုရေးမှ ကမ္ဘာမပျက်ခင် ဘာစာမှ မရေးဖြစ်လိုက်တာ သတိရမိတယ်.. မပျက်ရင်တော့ နောက်ရက်တွေ ရေးမယ့်စာတွေကို အစ်ကိုနဲ့အစ်မ လာဖတ်ဦးနော် :D

သူကြီးမင်း (တုံးဖလား) said...

ကမ္ဘာပျက်ပေမယ့်
သူ့ကိုချစ်တဲ့ အချစ်က ဘယ်သောအခါမှ
ပျက်မှာ မဟုတ်တဲ့ ။


ကမ္ဘာမပျက်ဘဲ ကဗျာပျက်သွားရင်တော့
သူ့ကို ချစ်တဲ့ အချစ် ပျက်သွားမဲ့ ပုံစံကြီးနဲ့။း))

ချစ်စံအိမ် said...

ဆရာတို့ ကလည်းလုပ်ချလိုက်ပြန်ပြီးဟေ့..

ပျိုးယုဝသုန် (Pyo Yu Wathone) said...

22 ရက်နေ့မှာ ကိုလွင်ပြင်ရဲ့ ချစ်ခြင်းဖွဲ့ ကဗျာလေးကို ထပ်ဖတ်ချင်သေးတယ်..

သိင်္ဂါကျော် said...

ကဗျာလေး အဓိပ္ဗါယ် ပြည့်ဝတယ်...

သိင်္ဂါကျော် said...
This comment has been removed by the author.
သိင်္ဂါကျော် said...
This comment has been removed by the author.
သိင်္ဂါကျော် said...
This comment has been removed by the author.
အိပ်မက်ကောင်းကင် said...

ကမ္ဘာမပျက်လို့ ကဗျာလေးကို တစ်ခါလာရောက်ဖတ်သွားပါတယ်ဗျာ
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

ဟိုက်...အလန်းပဲ...အဲဒါမှ တကယ့်အလန်း..
နာ့အကိုတို့ကတော့ လုပ်ချလိုက်ပြန်ပြီကွာ..
ကဗျာက တကယ်လန်းတယ်...ဒါပေသိ..
တဂျီးမင်း ကွန်မန့်လေးလဲ ကြိုက်သကွာ...
တော်တော်လဲ စေ့စေ့စပ်စပ်ရှိတဲ့ တဂျီးမင်း...:)
ခင်တဲ့ မိုးနတ်

အိမ်မက်စေရာ said...

ကဲ ကမ္ဘာမပျက်တဲ့အတွက် ကဗျာလေး နောက်တစ်ပုဒ် ထပ်ဖတ်ချင်ပါသေးတယ် မရိုးနိုင်တဲ့ အချစ်တွေ အကြောင်းပေါ့..း)

ညီလင်းနိုင် said...

ကဗျာအလန်းလေးကို မျှဝေခံစားခဲ့ပါတယ်ဗျာ ။

ကိုလွင်ပြင်နဲ့ မဂျက်

ကဗျာတွေ အများကြီး ဆက်လက်ထုဆစ်နိုင်ပါစေ ။

witch83 said...

ကဗျာ နောက်ဆုံးအပိုဒ်လေး အကြိုက်ဆုံးပဲ :)

မိုးသူ(တောင်ကြီး) said...

ကမ္ဘာပျက်မယ်ဆိုရင်
ခန္ဓာတွေ ပျက်သုန်းသွားနိုင်ပေမယ့်
ချစ်ခြင်းတရားတွေ ဒီကမ္ဘာပေါ်မှာ
ကျန်ရစ်နေခဲ့လိမ့်မယ်

ဒီကဗျာလေးကိုတော်တော်လေးသဘောကျတယ်

ကိုလွင်ပြင်ရေ ဖတ်ခွင့်ရလို့ ကျေးဇူးပါ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Kk said...

ကွန်မရလို့ ခုမှလာလည်ဖစ်တယ်
ကဗျာလေးက ကောင်းလိုက်တာ
ဘာပဲဖစ်2 ဆက်ချစ်ကြမှာပဲ မဟုတ်လား အကိုတော်နဲ့ ချစ်မ :D

~ Kk ~

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :