ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မျက်ရည်မြစ်ထဲက အမေ့အတွက်ကဗျာ

Friday 25 January 2013


 မျက်ရည်မြစ်ထဲက အမေ့အတွက်ကဗျာ

အမေလို့ ရင်ထဲကအခေါ်မှာ
အတ္တတွေပျော်ကျ
မောဟ ရမ္မက်တွေကွာကျရင်း
ဒေါသတွေရင်မှာပျောက်လို့
မေတ္တာတရားရဲ့ ပဲ့ကိုင်ရှင်
သံယောဇဉ်ကြိုး နဲ့ ကမ္ဘာကိုချည်နှောင်နိုင်သူ
ခွင့်လွတ်နားလည်မှု့အပြည့်ရှိသူ
အမေကို အမေလို့
ရင်ထဲမှာ စက္ကန့်တိုင်းခေါ်နေမိတယ်
မေမေရယ် ။

အမေအတွက်
စာတလုံးရေးတိုင်း
ရင်ထဲမှာ ဆို့နင့်လာလို့
ကဗျာထဲမှာတောင် ငိုမိနေသူပါ 
ဆိုးရွာတဲ့ အမှောင်ညတွေကြောက်တိုင်း
အမေဆိုပြနေကြ
သားချော့တေးလေးက
သားအတွက်အားဖြစ်တဲ့
ဂန္တ၀င်အမြောက်ဆုံးတေးသွားတစ်ပုဒ်ပေါ့ ။

အမေ
အမေ
အမေ
ကဗျာတစ်ပုဒ်လုံးအပေါ်
မျက်ရည်တွေကျမိနေပြီ ။

   *****************

ကျွန်တော်ရဲ့ သူရဲကောင်း



 
ငွေရောင်တွေလွမ်း
ဆံဖြူ ယှက်သန်း
သားကို လွမ်းတဲ့ အလွမ်း
တနင့်တပိုး ထမ်းထားရင်းနဲ့
 ဆံဖြူတွေက သားအတွက်ပူလို့
ဖြူရတာလားအမေ  ။

နံ့သာဖြူအဖွေးသာပေါ်
မျက်ရည်မြစ်တွေဖြာဆင်း
ရင်တွင်းက သောကပင်လယ်
သားကို မျှော်ရလွန်းလို့
လျှံကျတဲ့ အလွမ်းမျက်ရည်တွေရဲ့
စုရပ်လား အမေ  ။

အရိုးတွေဖြိုင်ဖြိုင်ကျ
အကြောတွေထောင်ထောင်ထလဲ
သားဘ၀ ကာကွယ်ဖို့
 နှလုံးသားနဲ့ သွေး
သွေးစက်နဲ့ဆေးတဲ့
အမေ့လက်က
ဓါးတစ်လက်ထက်တော့ ထက်ပါတယ် အမေ   ။

ဗုံးခင်တဲ့လမ်းလဲလျှောက်ရဲတယ်
ကန္တရသဲကြမ်းမှာလဲ အိပ်နိုင်တယ်
သံရည်ပူလဲ သောက်ရဲတယ်ဆိုပေမယ့်
သားအတွက်တော့လေ
စိန်စီတဲ့လမ်းခင်း
ဖဲနုမွေ့ယာပေါ်သိပ်
မေတ္တာရေကြည်တိုက်လို့ရယ်
အရာရာ ပြီးပြည့်စုံတဲ့ ဘ၀မှာ ထားချင်တဲ့ အမေ  ။

ဒုက္ခတွေ ခါးစီးပြီးခံ
ခါးသီးခြင်းမိုးစက်တွေကြား
ကျောက်စလစ်ခင်းထားတဲ့လမ်းမှာ
ဖိနပ်မပါ ခြေဗလာနှင့်
ခြေဖ၀ါးမှာသွေးတွေ ယိုးစီးနေလဲ
သားဆိုတဲ့ အသိတစ်ခုနဲ့
ရှိသမျှအားအင်တွေသုံး
ရိုးသားခြင်းထီးတစ်လက်နှင့်
မာယာများတဲ့ လောကဓံကို ကြံကြံခံရင်း
လှပတဲ့ ဘ၀တစ်ခု သားမှာပိုင်ဖို့
အရာရာကို ရင်ဆိုင်ရဲတဲ့ အမေ  ။
(၀န်ခံချက်။    ။ ပုံကို google မှကူးယူပါသည်)



 မှတ်ချက် ။    ။ကဗျာအသစ်တစ်ပုဒ်နှင့် အဟောင်းတစ်ပုဒ်ကို ပူတွဲတင်ထားပါသည် ။ အမေတိုင်းကို လေးစားမိပါသည် ။

 လွင်ပြင်လှိုင်းငယ်



20 comments:

Unknown said...

အမေလို့ ရင်ထဲကအခေါ်မှာ
အတ္တတွေပျော်ကျ
မောဟ ရမ္မက်တွေကွာကျရင်း
ဒေါသတွေရင်မှာပျောက်လို့
မေတ္တာတရားရဲ့ ပဲ့ကိုင်ရှင်
သံယောဇဉ်ကြိုး နဲ့ ကမ္ဘာကိုချည်နှောင်နိုင်သူ
ခွင့်လွတ်နားလည်မှု့အပြည့်ရှိသူ
အမေကို အမေလို့
ရင်ထဲမှာ စက္ကန့်တိုင်းခေါ်နေမိတယ်
မေမေရယ် ။ကောင်းလိုက်တဲ.ကဗျာလေးမိခင်တိုင်းကိုလေးစား
ဂုဏ်ယူလျက်။ခင်တဲ.အန်တီလေးမေခင်

စံပယ်ချို said...

ဘုစုလဲ မေမေ ကိုလွမ်းနေတယ်
ညနေစာ ဆိုင်မှာလိုက်ကျွေးပါ
အမေများနေ့အမှတ်တရလေ

Phyu Lwin said...

ရင်ထဲကလာတဲ့ ခံစားချက်နဲ့ ရေးထားတာကြောင့်ရော အမေကိုချစ်တဲ့ သားသမီးချင်းတူတူဖြစ်တာကြောင့်ရော ကဗျာ ၂ ပုဒ်စလုံးကို နှလုံးသားနဲ့ လေးလေးနက်နက်ခံစားလို့ရပါတယ်.။

Anonymous said...

အမေ....
ကျုပ်လည်းဖွဖွလေး ခေါ်လိုက်မိတယ်။

ခင်ဗျားရဲ့ ကဗျာတွေကိုငေးလို့ ကျုပ်ရင်လည်းသိမ့်သိမ့်နွေးနွေးခံစားရတယ်ဗျာ။


(သင်၏သမက်)

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

အမေလို့ ရင်ထဲကအခေါ်မှာ
အတ္တတွေပျော်ကျ
မောဟ ရမ္မက်တွေကွာကျရင်း
ဒေါသတွေရင်မှာပျောက်လို့
မေတ္တာတရားရဲ့ ပဲ့ကိုင်ရှင်
သံယောဇဉ်ကြိုး နဲ့ ကမ္ဘာကိုချည်နှောင်နိုင်သူ
ခွင့်လွတ်နားလည်မှု့အပြည့်ရှိသူ
အမေကို အမေလို့
ရင်ထဲမှာ စက္ကန့်တိုင်းခေါ်နေမိတယ်
မေမေရယ် ။
ကဗျာလေးကိုဖတ်ပြီးတော့ရင်ထဲမှာ
တစ်မျိုးကြီးပဲအကို၇ာမိဘမေတ္တာကဘယ်လောက်ကြီး
မားလည်းဆိုတာကိုမြင်နေ၇တယ်

မိုးနတ်ကြယ်စင် said...

ကဗျာနှစ်ပုဒ်စလုံးက အရမ်းကောင်းပြီး
ခံစားချက်တွေထပ်တူကျလွန်းတာမို့ ဒီနှစ်
အမေများနေ့အမှတ်တရ ကဗျာမရေးဖြစ်တဲ့
မိုးနတ်က ချစ်ကိုကြီးကို ကျေးဇူးပါရှင်...:)
အကိုရေးတဲ့ အမေကဗျာတွေတင်မဟုတ်ဘူး
တခြားမောင်နှမတွေရေးတဲ့ အမေနဲ့ပတ်သက်တဲ့
ကဗျာတွေ စာတွေပါလိုက်ဖတ်နေမိတယ်...
ဖတ်ရင်းနဲ့ အနားမှာရှိတဲ့ အမေ့ကိုပိုပြီးချစ်မိနေသလို
ပိုပြီးတော့လဲ တန်ဖိုးထားနေမိတယ်...:)))
ကဗျာလေးတွေအတွက် ကျေးဇူးပါအကိုတော်ရေ...
ခင်တဲ့....မိုးနတ်

အိမ်မက်စေရာ said...

ထပ်တူကျနေတဲ့ ခံစားချက်တွေ
နှလုံးသားနဲ့ ရေးထားတဲ့ ကဗျာစာလုံးလေးတွေကို
အပြည့်အဝ ခံစားဖတ်ရှုသွားပါတယ် အစ်ကို..

ရင်ခုန်ရသူ said...

ရင်ထဲမှထာဝရဘုရားတစ်ဆူကို
ခံစားမှုလေးတွေနဲ့ထပ်တူကန်တော့သွားရင်း
အမေတိုင်းအတွက်ဒီနေ့မြတ်လေးကိုမျှော်ကာပျော်နေကြမှာပါ

လေပြေချို said...

“ကျွန်တော့်ရဲ့သူရဲကောင်း” ကဗျာကိုဖတ်ရင်း မေမေ့ကိုသတိရလို့ မျက်ရည်များတောင်ကျမိပါရဲ့
ကမ္ဘာပေါ်မှာရှိတဲ့အမေများအားလုံး ကျန်းမာပါစေ ချမ်းသာပါစေ သက်တော်ရာကျော်ရှည်ပါစေ...
အမေကဗျာနှစ်ပုဒ်လုံး ခံစားအားပေးသွားတယ်လွင်ပြင်ရေ...
ခင်တဲ့
လေပြေ

roseayemaung said...

မေမေကိုပိုလွမ်းမိတယ်...
ကိုလွင်ပြင်ကဗျာလေးအ၇မ်းကောင်းတယ်နော်

ဟန်ကြည် said...

အေးဗျာ...ဖတ်ပြီးတော့ အမေ့ကို သတိရသွားတယ်...အမေက ကျန်းမာရေးမကောင်းရှာဘူး...ကျောက်ကပ်ဆေးထားရတာကလည်း မတိုးတက်လာတာကိုတွေးရင်း မျက်ရည်လည်မိတယ်...ကဗျာအတွက် ကျေးဇူးဗျာ...သည်နှစ်နွေရောက်ရင်တော့ အမေ့ဆီ ပြန်ဖြစ်အောင် ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီ...

Anonymous said...

အမေများအားလုံးကျန်းမာပျော်ရွှင်ကြပါစေ
ချစ်စံအိမ်

Yoemyaykya said...

သားသမီးတိုင်းရဲ့ အမေတွေ ကျန်းကျန်းမာမာနဲ့ တူတူရှိနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

မိုးသက် said...

အမေ့ကိုသတိရတယ်.
အစ်ကို့ကဗျာကို ဖတ်ပြီးတော့ .. :'(

အိပ်မက်ကောင်းကင် said...

ကဗျာလေးကိုဖတ်ရင်း အဝေးမှာရောက်နေတဲ့အမေကိုသတိရမိတယ်
ကျေးဇူးပါအခုလိုကဗျာတင်ပေးတဲ့အတွက်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

Anonymous said...

မိဘကိုချစ်တဲ့ ရိုသေတဲ့သားသမီးက ဘယ်တော့မှ စိတ်မဆင်းရဲရပါဘူး ဘရို အမြဲပျော်ရွှင်ရမှာပါ
ကဗျာကောင်းလေး 2ပုဒ်တောင်တခါတည်းဖတ်ခွင့်ရလို့ ကျေနပ်မိပါတယ်

~ Kk ~

မိုးညချမ်း said...

ကဗျာလေးတွေကိုဖတ်ရင်း မေမေ့ပေးတဲ့နွေးထွေးခြင်းတွေကို ခံစားလို့ရနေတယ် ... "အမေ" ကဗျာလေးကို ဖတ်ရင်း ကြည်နူးပီတိတွေ တပွေ့တပိုက်ယူသွားပါတယ် အစ်ကိုရေ ...

kokoseinygn said...

ကဗျာကောင်းတွေဖတ်သွားပါတယ်
ခံစားမှုတွေအများကြီး ဖြစ်ခဲ့ပါတယ်။

ဆူးသစ် said...

အမေအတွက်ခံစားပြီးရေးထားတဲ့သားတစ်ယောက်ရဲ့ကဗျာကိုနှလုံးသားနဲ့ဖတ်သွားပါတယ်။ကဗျာကောင်းလေးတွေဆက်လက်ဖန်တီးနိုင်ပါစေကိုလွင်ပြင်ရေ။

ွှThwin said...

အမေ ဆိုတာ တစ်ကယ့်ကို သူရဲကောင်း တွေပါပဲနော်။ အမေ ဆိုတဲ့ တေးသွားလေးက လည်း တစ်ကယ့်ကို ဂန္တ၀င်အမြောက်ဆုံးတေးသွားတစ်ပုဒ်ပေါ့ ။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :