ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကာရံမလှပေမယ့် ဒဏ်ရာကင်းတဲ့ကျွန်တော်ကဗျာ

Saturday 16 February 2013

ရင်ခွင်တံခါးကို
အကြင်နာစွမ်းအင်နဲ့
နင်တစ်ယောက်တည်း
ဝင်ခွင့်ရအောင်
နှလုံးသားအဓိဌာန်ဝင်
မေတ္တာတွေ သက်သေထား
ချစ်ခြင်းရဲ့ တန်ခိုးနဲ့
ဘယ်တော့မှမကျိုးမယ့်
နှလုံးသားတံခါးချပ်
 ငါဆောက်ထားတယ် ။

နားလည်မှု့ အမျှင်ထုတ်
သံယောဇဉ်ကြိုးတုတ်တုတ်နဲ့
ငါဆုပ်ထားတဲ့
ချစ်ခြင်းစံပယ်တပွင့်ဟာ
ကမ္ဘာတည်သမျှ
မညှိုးနွမ်းမယ့်
ကဗျာသီတဲ့ ပန်းစံပယ်တစ်ပွင့်ရယ်လို့
ငါ့နှလုံးသား အချစ်သမိုင်းမှာ
မြတ်မြတ်နိုးနိုးရေသီခဲ့မယ် ။

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီးထွက်လာတာမဟုတ်တော့
အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသားမွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ရေးတဲ့ကဗျာတိုင်း
နင့်အတွက် အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
နင့်စိတ်မှာထား
နှလုံးသားလေးနဲ့ ဖတ်ပေးပါ ။


လွင်ပြင်လှိုင်းငယ်


24 comments:

khin said...

အလည်လာပြီး မောင်လေးလွင်ပြင်ရဲ. ရင်ထဲကပွင်.ထွက်လာတဲ. ကာရံမိကဗျာလေးတွေကို လာရောက်ခံစားသွားပါတယ်နော်။
မမကျား

လရိပ်အိမ် said...

ကာရံမလှပေမဲ့
မစံပယ်အတွက် နှလုံးသွေးနဲ့ရေးထားတဲ့ကဗျာကောင်းလေး။

Aunty Tint said...

အချစ်ရဲ့ စွမ်းအားဟာ ကဗျာကောင်းတစ်ပုဒ် ဖန်တီးနိုင်တယ် လွင်ပြင်လေးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

witch83 said...

So touching.
Best wishes to two of you.. :)

3rdthameetaw said...

ချစ်ချင်းတွေ ခိုင်မြဲကြပါစေ

မိုးနတ်ကြယ်စင် said...

အချစ်ကို အချစ်လို့
နာမည်တပ်နိုင်ယုံလောက်နဲ့
ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
လျှာဖျားက အားယားပြီးထွက်လာတာမဟုတ်တော့...

အင်းးးးးးးးး ဟုတ်တယ်လေ အကိုတော်ရေ...
အချစ်ဆိုတာ ပေါ့ပေါ့တန်တန်သဘောထားရမဲ့
အရာမဟုတ်ဘူးဆိုတာ တကယ်ချစ်ဖူးတဲ့သူတွေမှ
နားလည်နိုင်ကြမှာပါ....ကဗျာလှလှလေးကို
ရင်ဘတ်ထဲကသေချာ ခံစားပြီးဖတ်ခဲ့ပါတယ်..
အကိုတော် နေကောင်းပါရဲ့လားးးးးးးး
အလုပ်တွေကတော့ တော်တော်ရှုပ်နေတဲ့ပုံပဲ
အကိုရော အမရော ကျန်းဂန်သာလို့ မာပါစေရှင်
ခင်တဲ့ ညလေးမိုးနတ်

အိမ်မက်စေရာ said...

ကိုလွင်ပြင်က မမစံပယ်ကို ချစ်တဲ့အကြောင်း ..
ရေးနေကျအတိုင်းလိုပဲ ကဗျာတစ်ပုဒ်ပါပဲ...ဒါပေမယ့် ဘယ်လောက်ဖတ်ဖတ် ရိုးမသွားနိုင်တဲ့ ကဗျာတွေ ကို ကိုလွင်ပြင်တို့ ချစ်သူနှစ်ယောက် ဘယ်လိုများတည်ဆောက်ထားကြလဲလို့ တွေးမိရင်း..အားကျမိပါရဲ့

စံပယ်ချို said...

ဟွန်း-------ကဗျာထဲမှာတော့ချောနေတာပဲ

ချစ်စံအိမ် said...

အချစ်ရဲ့ ဘော်ဘော်တွေဖြစ်တဲ့
ကြင်နာ မြတ်နိုး
ယုယ တွယ်တာ
နားလည် ပေးဆပ်
မှေးစက်စေချင်တာ
နှလုံးသားမွေ့ယာပေါ်မှာမို့
နှလုံးသွေးနဲ့ရေးတဲ့ကဗျာတိုင်း
နင့်အတွက် အချစ်တွေ အန်ချတဲ့
ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
နင့်စိတ်မှာထား
နှလုံးသားလေးနဲ့ ဖတ်ပေးပါ ။
အဲ့အပုဒ်အကြိုက်ဆုံးပဲ

ဘုန်းတောက် said...

ကဗျာထဲကအတိုင်း ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်တယ်...တကယ်လည်း ဖြစ်လောက်ပါတယ်...(မှတ်ချက် တကယ်ယုံကြည်လို့ ပြောသည်)

Phyu Lwin said...

ကာရံလည်းလှတယ် ဒဏ်ရာလဲကင်းတယ်. အဖွဲ့အနွဲ့လည်း ပြောင်မြောက်တယ်.. အဲဒါ ဒီလို ကဗျာကောင်းတစ်ပုဒ်ကိုခေါ်တာပေါ့

ဟန်ကြည် said...

ဂျက်ပြောတာပဲ သဘောကျတယ်...
ဘာတဲ့...
“ ကဗျာထဲမှာတော့ ချောနေတာပဲ ” တဲ့...ဟဲ ဟဲ

လင်နဲ့မယားဆိုတာ လျှာနဲ့သွားဆိုပေမယ့်
ကြင်ဖက်များပီပီ သကာနဲ့ပျားလို
ခါးတမာချိုစေကြောင်း ဆုတောင်းပေးလိုက်ပါရဲ့ ကိုလွင်ပြင်ရေ...

သူကြီးမင်း (တုံးဖလား) said...

ဟွန်း-------ကဗျာထဲမှာတော့ချောနေတာပဲ။

အပြင်ဘက်မှာလဲ တူတူဘဲ ဖြစ်မှာပါ။း)

Unknown said...

ကာရံမလှပေမယ့်
ဒဏ်ရာကင်းတဲ့
ကဗျာလေးလို့
နင့်စိတ်မှာထား
နှလုံးသားလေးနဲ့ ဖတ်ပေးပါ ။
နှစ်ဦးနှစ်ဖက်နားလည်မှု.လေးတွေနှင်.
ပျော်ရွှင်ချမ်းမြေ.ကြပါစေ။
(တီလေးနေမကောင်းနေလို.နောက်ကျသွားတယ်)
ခင်တဲ.အန်တီလေးမေခင်

နွေတေးရှင် (မင်းဧရာ) said...

ဟားးးးးးးးးးးးးးးးး
ကဗျာကိုရော မစံပယ်ရဲ့ ကွန်မန့်ကိုရော
ဆရာဦးဟန်ကြည် နဲ့ သူကြီးမင်းတို့ရဲ့ ကွန်မန့်တွေရော
အကုန် သဘောကျမိရဲ့ဗျာ။

Angelhlaing(May everybody be happy and healthy! said...

ခေါင်းစဉ်လေးကကို အဓိပ္ပါယ် ရှိနေတာ... မိုက်တယ်အကို ...ရေ။

လေပြေချို said...

ကာရံလေးလှသလို ဒဏ်ရာလည်းကင်းလို့ ကဗျာလေးက ပိုလှသွားတယ်...
ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ စံပယ်လွင်ပြင်လည်း စံပြုလောက်ပါပေတယ်...
ပျော်ရွှင်ကြပါစေနော်:)
ခင်တဲ့
လေပြေ

မြသွေးနီ said...

အိမ်း.. ဟုတ်တယ်..
ကဗျာထဲမှာပဲ ချောမနေနဲ့..
အပြင်မှာလည်း တို့ညီမအပေါ် အဆင်ချောပါစေ..မောင်လွင်ပြင်..

မိုးညချမ်း said...

မမအတွက် နှလုံးသွေးနဲ့ရေးတဲ့ကဗျာတိုင်းကို ညလေးလည်း နှလုံးသားနဲ့ရင်းပြီးဖတ်သွားပါတယ် အစ်ကိုရေ ...

မင်းအရိပ် said...

ကာရန်လေးလဲမိ၊ အဓိပ္ပါယ်လေးလဲရှိ၊ ဖတ်လို့လဲ ကောင်းပါတယ်ဗျာ
ဒဏ်ရာလဲ ကင်းတယ်နော့
ဖတ်ရှုခံစားသွားပါတယ်အစ်ကိုရေ

ညအက္ခရာ said...

စာလေးတွေ ဖတ်ရတာ အရမ်းကြိုက်တယ်
ကိုလှိုင်းငယ် ရ...........

ရွှေအိမ်စည် said...

နူးနူးညံ့ညံ့ကဗျာကလေးကို ဖတ်ရှုသွားတယ်။
ကဗျာထဲမှာကော အပြင်မှာကော နူးညံ့လှပကြပါစေ :))

Anonymous said...

စစ်မှန်တဲ့ ချစ်ခြင်းလေး တစ်စ ထပ်တူမျှဝေခံစားသွားခဲ့ ရပါတယ်ရှင် ... :) :)

ရင်လှိုင်းခတ်သံ said...

ကဗျာလေးက တစ်ကယ့်ကို ဒဏ်ရာကင်းလိုက်တာနော်..။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :