ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အိပ်မက်သခင် ဘ၀ရှင်နင်ရေ

Thursday 7 March 2013



အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
နင့်အပါးမှာ
အမြဲ ခစား
နင့်အနားမှာ
ထာဝရနေချင်သူမို့
နင်ရှိတဲ့ဘယ်နေရာမဆို
သေမင်းတောင်
ကြွေဆင်းတဲ့ ပန်းတစ်ပွင့်အလား
မြတ်နိုးနမ်းရှိုက်
အဆိပ်သင့်လဲ သေ၀ံ့သူပါ ။

အိပ်မက်သခင်
ဘ၀ရှင် နင်ရေ
အတွေးမှာ ရေးသမျှက
နင့်အတွက်ကဗျာ
လက်တွေ့မှာကြိုစားနေတာက
နင့်ဘ၀လှရန်
ထားတာက စေတနာ
အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။

အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
အနေဝေးလို့
သွေးအေးမသွားတတ်သလို
အနေနီးလို့လဲ
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။



လွင်ပြင်လှိုင်းငယ်



20 comments:

Anonymous said...

မိုက်တယ်ကွာ...နှစ်ချို့လေ ပိုချိုလေ တဲ့လားဗျာ .. :) :)

Unknown said...

ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။
အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

roseayemaung said...

ကဗျားလေး...ကို၂ခါဖတ်သွားပါတယ်
..အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။..

မိုးနတ်ကြယ်စင် said...

အဟွတ် အဟွတ်..လွှတ်ကောင်းဗျာ
အကိုရာ...စာသားတွေလွှတ်ကျွေးမနေနဲ့အုံး
မကြီး မခွဲနိုင်ဖြစ်နေအုံးမယ် ဟားဟားးးးးးးးးး

သူကြီးမင်း (တုံးဖလား) said...

စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။

တစ်သားမွေး တစ်သွေးလှ ဆိုလားဘဲ။
ဘာမှတော့ ဆိုင်ဘူးနဲ့ တူပါတယ်။း)

Aunty Tint said...

ကဗျာလေးဖတ်ရတာလည်း နှစ်ချို့ ၀ိုင်လိုပါပဲ လွင်ပြင်လေးရေ ဖတ်ရင်းနဲ့ ပိုချိုလာတယ် :P
အလုပ်တွေလျော့သွားပြီလား ကဗျာလေးစပ်ချိန်ရလို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာတောင် ချိုလို့...
အဲဒီနှစ်ချို့နေတဲ့ ချစ်ခြင်းဝိုင်လေး တကယ်သောက်ကြည့်ရင် ဘယ်လောက်တောင် ချိုနေမှာပါလိမ့်

Cameron said...

ဒယ်ဒီတို့ကတော့ အမြဲတမ်း ကဗျာချိုချိုတွေရေးထွက်တယ်

မိုးညချမ်း said...

အိပ်မက်သခင်ကတော့ ဒီကဗျာလေးဖတ်ပြီး ပျော်ရွှင်စွာနဲ့ ပြုံးနေတော့မှာပဲ အစ်ကိုရေ ... :)

Unknown said...

good poem

မြသွေးနီ said...

နှစ်ချို့မယ့် အချစ်တွေနဲ့ပေါ့ မောင်လွင်ပြင်..

အိမ်မက်စေရာ said...

တကယ် အမှန်အတိုင်း ဝန်ခံရရင် လုံးဝ နာလိုဘူး..ဟွန့်
သူတို့ သိပ်ချစ်ကြတာပဲ..းD
ွှအမြဲပဲ အချစ်နဲ့ ရောထားတဲ့ ကဗျာလေးတွေက လတ်ဆတ်ပြီး အချစ်ရနံ့ လေးတွေပါ ရ နေတယ်..

နွယ်လေး said...

ဟားးးးးးးးးးးးးးး
အရမ်း အရမ်းကောင်းတယ်ကွာ....
ယမ်းယမ်းကြိုက်....

Anonymous said...

ခိ တို့အမကတော့ အချိန်တိုင်း စိတ်ချမ်းသာနေရမှာပဲ

~ Kk ~

နွေတေးရှင် (မင်းဧရာ) said...

ငတ်ငတ် ပျက်ပျက်နဲ့ ကဗျာတွေ အကုန်ဖတ်သွားတယ် ယောက္ခထီး။

ဆိုရင်းညဉ်းရင် တစ်နေတောင် ငုံ့ဆင်းသွားပြန်ပြီ သူဘယ်ဆီမှာလဲ။

Unknown said...

အနေနီးလို့လဲ
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။

ကဗျာလန်းလန်းလေးးးးးးးးးးး

Yoemyaykya said...

အစ်ကိုရေ မမစံပယ်နေကောင်းရဲ့လား။မတွေ့တာကြာပီနော်။ မမကိုကျန်းမာရေးဂရုစိုက်ပါလို့။ အိပ်မက်သခင်ရေ ကျန်းမာရေးဂရုစိုက်ပါ။

အိပ်မက်ကောင်းကင် said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
" နှစ်ချို့လေ ပိုချိုလေပေါ့ " ဆိုတော့ မုံညင်းချဉ်လိုပေါ့ နှစ်ကြာလေ ပိုကောင်းလေပဲလေ :P
ပျော်ရွှင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

အိပ်မက်ကောင်းကင် said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
" နှစ်ချို့လေ ပိုချိုလေပေါ့ " ဆိုတော့ မုံညင်းချဉ်လိုပေါ့ နှစ်ကြာလေ ပိုကောင်းလေပဲလေ :P
ပျော်ရွှင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

roseayemaung said...

ကိုလွင်ပြင်...နေကောင်းတယ်လား...သတိ၇နေတယ်....လေ...ကဗျာတွေလဲမေ၇းတော့ပါလားနော်...မျှော်နေတယ်လေ...ကိုလွင်ပြင်ရေ..ဘာတွေဖစ်နေတာလဲ...စိတ်ပူနေတယ်နော်....
စာလေးတစောင်ပို့ပေးပါအုံး.ခင်တဲံ..့..နှင်းဆီ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :