အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
နင့်အပါးမှာ
အမြဲ ခစား
နင့်အနားမှာ
ထာဝရနေချင်သူမို့
နင်ရှိတဲ့ဘယ်နေရာမဆို
သေမင်းတောင်
ကြွေဆင်းတဲ့ ပန်းတစ်ပွင့်အလား
မြတ်နိုးနမ်းရှိုက်
အဆိပ်သင့်လဲ သေ၀ံ့သူပါ ။
အိပ်မက်သခင်
ဘ၀ရှင် နင်ရေ
အတွေးမှာ ရေးသမျှက
နင့်အတွက်ကဗျာ
လက်တွေ့မှာကြိုစားနေတာက
နင့်ဘ၀လှရန်
ထားတာက စေတနာ
အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။
အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
ဘ၀ရှင် နင်ရေ
အတွေးမှာ ရေးသမျှက
နင့်အတွက်ကဗျာ
လက်တွေ့မှာကြိုစားနေတာက
နင့်ဘ၀လှရန်
ထားတာက စေတနာ
အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။
အိပ်မက်သခင်
ဘ၀ရှင်နင်ရေ
အနေဝေးလို့
သွေးအေးမသွားတတ်သလို
အနေနီးလို့လဲ
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။
လွင်ပြင်လှိုင်းငယ်
20 comments:
မိုက်တယ်ကွာ...နှစ်ချို့လေ ပိုချိုလေ တဲ့လားဗျာ .. :) :)
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။
အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်
ကဗျားလေး...ကို၂ခါဖတ်သွားပါတယ်
..အမှားပါလို့
ဝေဒနာ ဖြစ်ခဲ့ရင်တောင်
သေချာပါတယ်
အကြင်နာဆေးတစ်ခွက်
ငါမေတ္တာရည်နဲ့
သွက်သွက်လေး ဖျော်ကာပေးမယ် ။..
အဟွတ် အဟွတ်..လွှတ်ကောင်းဗျာ
အကိုရာ...စာသားတွေလွှတ်ကျွေးမနေနဲ့အုံး
မကြီး မခွဲနိုင်ဖြစ်နေအုံးမယ် ဟားဟားးးးးးးးးး
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။
တစ်သားမွေး တစ်သွေးလှ ဆိုလားဘဲ။
ဘာမှတော့ ဆိုင်ဘူးနဲ့ တူပါတယ်။း)
ကဗျာလေးဖတ်ရတာလည်း နှစ်ချို့ ၀ိုင်လိုပါပဲ လွင်ပြင်လေးရေ ဖတ်ရင်းနဲ့ ပိုချိုလာတယ် :P
အလုပ်တွေလျော့သွားပြီလား ကဗျာလေးစပ်ချိန်ရလို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖတ်ရတာတောင် ချိုလို့...
အဲဒီနှစ်ချို့နေတဲ့ ချစ်ခြင်းဝိုင်လေး တကယ်သောက်ကြည့်ရင် ဘယ်လောက်တောင် ချိုနေမှာပါလိမ့်
ဒယ်ဒီတို့ကတော့ အမြဲတမ်း ကဗျာချိုချိုတွေရေးထွက်တယ်
အိပ်မက်သခင်ကတော့ ဒီကဗျာလေးဖတ်ပြီး ပျော်ရွှင်စွာနဲ့ ပြုံးနေတော့မှာပဲ အစ်ကိုရေ ... :)
good poem
နှစ်ချို့မယ့် အချစ်တွေနဲ့ပေါ့ မောင်လွင်ပြင်..
တကယ် အမှန်အတိုင်း ဝန်ခံရရင် လုံးဝ နာလိုဘူး..ဟွန့်
သူတို့ သိပ်ချစ်ကြတာပဲ..းD
ွှအမြဲပဲ အချစ်နဲ့ ရောထားတဲ့ ကဗျာလေးတွေက လတ်ဆတ်ပြီး အချစ်ရနံ့ လေးတွေပါ ရ နေတယ်..
ဟားးးးးးးးးးးးးးး
အရမ်း အရမ်းကောင်းတယ်ကွာ....
ယမ်းယမ်းကြိုက်....
ခိ တို့အမကတော့ အချိန်တိုင်း စိတ်ချမ်းသာနေရမှာပဲ
~ Kk ~
ငတ်ငတ် ပျက်ပျက်နဲ့ ကဗျာတွေ အကုန်ဖတ်သွားတယ် ယောက္ခထီး။
ဆိုရင်းညဉ်းရင် တစ်နေတောင် ငုံ့ဆင်းသွားပြန်ပြီ သူဘယ်ဆီမှာလဲ။
အနေနီးလို့လဲ
ရိုးအီမသွားတတ်တဲ့
စစ်မှန်တဲ့ ချစ်ခြင်းဝိုင်တစ်အိုး
ငါ့နှလုံးသားမှာ မြုပ်ထားလိုက်မယ်
နင့်အတွက်
နှစ်ချို့လေ ပိုချိုလေပေါ့ ။
ကဗျာလန်းလန်းလေးးးးးးးးးးး
အစ်ကိုရေ မမစံပယ်နေကောင်းရဲ့လား။မတွေ့တာကြာပီနော်။ မမကိုကျန်းမာရေးဂရုစိုက်ပါလို့။ အိပ်မက်သခင်ရေ ကျန်းမာရေးဂရုစိုက်ပါ။
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
" နှစ်ချို့လေ ပိုချိုလေပေါ့ " ဆိုတော့ မုံညင်းချဉ်လိုပေါ့ နှစ်ကြာလေ ပိုကောင်းလေပဲလေ :P
ပျော်ရွှင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
" နှစ်ချို့လေ ပိုချိုလေပေါ့ " ဆိုတော့ မုံညင်းချဉ်လိုပေါ့ နှစ်ကြာလေ ပိုကောင်းလေပဲလေ :P
ပျော်ရွှင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကိုလွင်ပြင်...နေကောင်းတယ်လား...သတိ၇နေတယ်....လေ...ကဗျာတွေလဲမေ၇းတော့ပါလားနော်...မျှော်နေတယ်လေ...ကိုလွင်ပြင်ရေ..ဘာတွေဖစ်နေတာလဲ...စိတ်ပူနေတယ်နော်....
စာလေးတစောင်ပို့ပေးပါအုံး.ခင်တဲံ..့..နှင်းဆီ
Post a Comment