ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နွေ

Sunday 21 April 2013

စမ်းရေခမ်း
ပန်းတွေနွမ်း
လွမ်းစရာတွေများတဲ့ နွေ ။

ဥသြ တွန်ကြူး
မြောက်လေရူးနဲ့
ရွက်ဟောင်းလဲကြွေ ရွက်သစ်ဝေတဲ့ နွေ ။

အဖော်ကွဲသူ
အလွမ်းဒဏ်နှင့်
ပန်းခြောက်တွေ ကောက်နမ်းနေတဲ့ နွေ ။

ဖုန်လုံးကထူ
နေကပူတော့
သင်္ကြန်မိုးလေးတော့ မျှော်နေတတ်တဲ့ နွေ ။

လွမ်းမောစရာများတွေ နွေ
ပန်းတွေသဘောကိုသိတဲ့ နွေ
လန်းစရာများတဲ့ နွေ
နွမ်းလျမှု့တွေပျောက်စေတဲ့ နွေ
အဆိုးအကောင်း
အကျိုးအကြောင်းနဲ့
နွေကိုတော့ ငါချစ်သားနော် ။


လွင်ပြင်လှိုင်းငယ်

9 comments:

အန်တီလေးမေခင် said...

လွမ်းမောစရာများတွေ နွေ
ပန်းတွေသဘောကိုသိတဲ့ နွေ
လန်းစရာများတဲ့ နွေ
နွမ်းလျမှု့တွေပျောက်စေတဲ့နွေ။
ဖတ်ရှု.အားပေးသွားပါတယ်။
ခင်တဲ.အန်တီလေးမေခင်

Anonymous said...

သြော်...နွေဆိုတာလည်း အပူသားနော် ..

ဒါပေမယ့်လည်း အဲ့ နွေကိုမှ ချစ်တတ်နေကြတယ်။

ကိုလွင်ပြင်ရေ နွေကဗျာလေး ခံစားသွားပါတယ်။ :)

လရိပ်အိမ် said...

နွေ ရောက်ပြီလေ.....

စံပယ်ချို said...

နွေကိုပဲချစ်တာလား-----

Unknown said...

မဂျက်ကမေးနေပြီ. :)

နွေတေးရှင် (မင်းဧရာ) said...

ဝေလည်း ဝေခဲ့ဘူးပြီ ကြွေလည်းကြွေခဲ့ဘူးပြီ
ဘယ်ပန်ချီကိုမှ ဟောဒီနွေရာသီလောက် အလွမ်းဘူး။

ရင်ခုန်ရသူ said...

နွေ သေချာစွာဖတ် လွမ်းမောခဲ့ပါတယ်နော်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စံပယ့်ဆီမှာ မိုးရာသီဖတ်ပြီး ဒီဖက်မှာ နွေလေးကို ဖတ်သွားပါတယ် ကိုလွင်ပြင်ရေ။

ခင်တဲ့
မြတ်

ရင်လှိုင်းခတ်သံ said...

ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်တွေ ဝေတဲ့ နွေဟာ တက်ကြွမှုတွေ နဲ့အတူ ချစ်ဖို့ ကောင်းတာ တော့ ဘယ်သူမှ ငြင်းဝံ့မယ် မထင်ပါဘူး...။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :