ရနံ့သင်းထုံ
ရောင်သွေးလဲစုံ
မြတ်နိုးသူပုံလို့
သူမေမှာမာန်တက်တယ်
မထင်ရက် ယုံ ။
ရောင်သွေးလဲစုံ
မြတ်နိုးသူပုံလို့
သူမေမှာမာန်တက်တယ်
မထင်ရက် ယုံ ။
အမြင့်မှာမစံ
မြေမှာလဲမခ
ပန်းတို့ထုံးစံ
စုန်ကန်လို့ထ
မာန်မာနနဲ့
ခူးချင်သူတိုင်း ခူးရရိုးလား
ဆူးအတက်နဲ့
ကာကွယ်ထား ပုံ ။
မြေမှာလဲမခ
ပန်းတို့ထုံးစံ
စုန်ကန်လို့ထ
မာန်မာနနဲ့
ခူးချင်သူတိုင်း ခူးရရိုးလား
ဆူးအတက်နဲ့
ကာကွယ်ထား ပုံ ။
အိန်ဂျယ် တိမ်ကွယ်က
စောင့်ရှောက်ထားစေအုံး
ရနံ့သင်း အဆင်းလှမှာ
ဒီကြယ်မှာ ကြွေကာကျတော့
ဆူးပဲဆူးဆူး ရူးပဲရူးရူး
ဒဏ်ရာမပေါ် ဝေဒနာမျိုးနဲ့
ဆယ်ခါပြန်မက သေပြလိုက်ယုံ
မ.........ကို ချစ်လို့မကုန် ။
စောင့်ရှောက်ထားစေအုံး
ရနံ့သင်း အဆင်းလှမှာ
ဒီကြယ်မှာ ကြွေကာကျတော့
ဆူးပဲဆူးဆူး ရူးပဲရူးရူး
ဒဏ်ရာမပေါ် ဝေဒနာမျိုးနဲ့
ဆယ်ခါပြန်မက သေပြလိုက်ယုံ
မ.........ကို ချစ်လို့မကုန် ။
မှတ်ချက်။ ။သူငယ်ချင်းတစ်ယောက်အတွက် ရင်ဘတ်ခ
ဏဖောက်လိုက်သည် ။
လွင်ပြင်လှိုင်းငယ်
10 comments:
ဆူးတွေနဲ့မှ လှတဲ့ပန်း
ရည်မှန်းမိလို့ ဆူးဆိပ်သင့်ရင်
ထာဝစဉ် နာကျင်နေပါ့မယ်လေ ။
မင်းဧရာ
အဲတာဘာပန်းလဲ.................
နှင်းဆီပန်းပေါ့ မာမီ
ဘာပန်းလဲ စဉ်းစာနေတာ မမမိုးငွေ့က နှင်းဆီပန်းတဲ့။
ဟာ ရင်ဘတ်ဖောက်လိုက်တယ်။
အရမ်းကောင်းတဲ့ကဗျာပဲအစ်ကိုရေ
အားပေးသွားတယ်
အရေးအသားတွေက တကယ်ကို ကောင်းလွန်းပါတယ်ဗျာ :)
မိုက်စ်..
သူများရင်ဘတ်ခဏငှားရေးတာတောင်မိုက်နေတာ..
ကဗျာလေးခံစားသွားပါတယ်ပါပါးချစ်တဲ့သမီး:)
ကိုလွင်ပြင်ရေ..ရောက်ခဲ့ပါတယ်နော် :)
နှလုံးသားထဲသို့တိုင် ရောက်ပါတယ်။
I don't even know the way I finished up right here, however I believed this put
up was once great. I don't realize who you might be
but definitely you are going to a well-known blogger should you are
not already. Cheers!
Feel free to surf to my page låne penger til bil på huset
Post a Comment