ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အွန်လှိုင်းအညာကာကွယ်ပါ

Friday 7 October 2011

တိုးတက်လာသော ကမ္ဘာကြီးဟာ အခမဲ့ရတဲ့ လေကိုအသုံးချရမှ အကျိုးကျေးဇူးအများအပြားရသလို အကျိုးယုတ်မှုများလဲ
ဒုနဲ့ဒေးရရှိခဲ့ကြပါတယ်။အွန်လှိုင်းကို အသုံးပြုပြီး ကမ္ဘာကျော်ကြားသွားသူ မရေတွက်နိုင်သလို အွန်လှိုင်းကြောင့် ဘ၀ပျက်သူတွေလဲ
မနည်းပါဘူး အခု ကျွန်တော်တင်ပြခြင်တာက ကမ္ဘာပေါ်မှ မြန်များလူမျိုးများအတွက် ကျွန်တော် သိရှိ ခံစားရမှု့ကို မျှဝေပေးတာပါ။
ကျွန်တော်တို့မြန်မာလူမျိုးတော်တော်များများဟာ အွန်လှိုင်းမှာ အများဆုံးသုံးဖြစ်တာက gtalk  gmail နဲ့ vzoပေါ့နော်
gtalkဆိုကြပါတော့ဗျာ ချက်တင်ထိုင်တဲ့သူတော်တော်များများဟာ လိမ်ခြင်းညာခြင်းတွေကို တော်တော်လေးကြိုက်နှစ်သက်ကြတယ်ဗျ
ကဲ gtalkကနေစလိမ်ဖို့ဘာတွေပြင်ဆင်ထားသလဲဆို...
(၁)အကောင့် နာမည်လှလှနဲ့စဖွင့်မယ်
(၂)ကောင်မလေး(ချောတာမချောတာမသိသေးဘူး)တော်တော်များများရဲ့ အကောင့်တွေကို ရနိုင်သလောက် ရှာဖွေစုဆောင်းပြီးအက်မယ်
(၃)အကောင့်ဖွင့်ပြီး လှိုင်းပေါ်မှာ ရှိသမျှလူကို ဟိုင်းမယ်(နီတာတွေ ၀ါတာတွေ စိမ်းတာတွေမသိဘူး)
(၄)နေကောင်းကျန်းမာ လိပ်စာနဲ့အတူ ရည်စားရှိလားမေးမယ်
(၅)ပစ်ကွင်းထဲ မအူမလယ်ကောင်းမလေး တစ်ယောက်ဝင်လာပြီဆို ကျူဇယားဆွဲပြီး
(၆)နာမည်လှလှလေးတစ်ခုပြောမယ်(ဓါတ်ပုံလှလှလေးတင်ပြမယ်)
(၇)ခင်မင်မှု့က အစပျိုးပြီး ကောင်မလေးအထင်ကြီးစေမဲ့ ညာစကားတွေသုံးမယ် ရည်စားစကားပြောမယ်
(၈)ချစ်တယ်ဆိုတဲ့အဖြေစကားရရင် တဆင့်တက်မယ်(passwordတောင်းမယ်)
(၉)အသံလေးကြားချင်လို့ပါဆိုပြီး gtalkကနေစကားပြောမယ် ပြီးတော့ စကားလေးက ချိုနေတာပဲဆိုပြီး
(၁၀)vzoအကောင့်ကနေ မျက်နှာလေးကြည့်ပြောကြမယ်(သိပ့်မလှရင်တော့ ဒီနေရာမှာပဲ ဇာတ်သိမ်းဖို့များတယ်)
(၁၁)ရည်စားသက်တမ်းကြာလာတော့ မတွေ့ရရင်မနေနိုင်ပါဘူး အပြင်မှာတွေ့ချင်တယ် ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ အခွင့်အရေးရသလောက်ယူမယ်
(၁၂)အခွင့်အရေးတွေယူလို့ဝလာတော့ အပြစ်တွေရှာရင်းနဲ့ အသစ်ကိုပါတခါထဲရှာတော့တာပဲ (တချို့က တပြိုင်တည်း လေးငါးယောက်ထားကြသေးတယ်)
(၁၃)အပြစ်ရှာမတွေ့ရင်တော့ဒ ဒီအကောင့်ကိုပြောင်းလိုက်မယ် ဇာတ်လမ်းပြတ်ရော(အကောင့်ကပိုက်ဆံပေးဝယ်ရတာမှမဟုတ်တာ)
(၁၄) နံပါတ်(၁)ကနေပြန်စမှာပေါ့။
မှတ်ချက်။      ။အွန်လှိုင်းမှနေပြီး အချစ်စစ်နဲ့ ညားသွားတဲ့သူတွေလဲ လောကကြီးမှာ အများကြီးပါပဲ(တချို့ဆို ကလေး လေးငါးယောက်တောင်ရနေပြီ.....
ကဲအလိမ်အညာမမိအောင်ဘယ်လို ကာကွယ်မလဲ
(၁)မသိတဲ့အကောင့်ဆို လက်မခံပါနဲ့
(၂)လာဟိုင်းသမျှကို ယဉ်ကျေးစွာပြန်ပြောလိုက်ပါ(တချို့က ပြန်မဟိုင်းရင်ဆဲသေးတယ်)
(၃)တဘက်ကလူရဲ့ ပြောဆိုမှု့အပေါ်မှာ ချင့်ချိန်ပြီး ပြန်ဖြေပါ
(၄)သူက နာမည်အရင်ပြောမှ ကိုယ်ပြန်ဖြေပါ(သူလိမ်ရင်တော့ ကိုယ်လဲညာလိုက်ပေါ့)
(၅)တဘက်လူက ကောင်လေးလား ကောင်မလေးလားသိအောင် ဖုန်းခေါ်ပြီးစကားပြောကြည့်ပါ(ပြည်တွင်းဆို လှိုင်းသိပ့်မကောင်းဘူးပေါ့)
(၆)သူနေတဲ့လိပ်စာကို အမှန်အတိုင်းသိအောင်ကြိုးစားပါ(IP)စစ်တတ်ရင်တော့ အရမ်းကောင်းတာပေါ့
(၇)နိုင်ငံခြားမှာနေတယ်လို့ပြောရင် ဖုန်းနံပါတ်နဲ့ နိုင်ငံကုတ်တောင်းလိုက်ပါ(တချို့က မြန်မာပြည်မှာနေပြီး အော်စီကလို့ပြောတတ်လို့ပါ)
(၈)တဘက်လူက ရည်စားရှိလားလို့မေးလာရင် အမှန်အတိုင်မပြောမိပါစေနဲ့(ခင်မင်သွားမှ အမှန်အတိုင်းပြောလဲ နောက်မကျသေးပါဘူး)
(၉)ကိုယ့်ဘက်က တကယ်ချစ်မိသွားပြီဆိုရင်လဲ တောင်းဆိုသမျှတွေကို မလိုက်လျောမိပါစေနဲ့(passwordတို့ဘာတို့မပေးတာအကောင်းဆုံးပဲ)
(၁၀)အကောင်းဆုံးကတော့ ကိုယ်နဲ့ ဆက်သွယ်လို့ အဆင်ပြေမဲ့နေရာဆို ကောင်းတာပေါ့(ပြည်တွင်းဆို ပြည်တွင်းကပေါ့)
(၁၁)တကယ်ချစ်မိကြပြီဆို တကယ်နီးစပ်ဖို့တောင်းဆိုပါ(မလိုက်လျောရင်တော့ ဂျောင်းပေါ့)
(၁၂) ကိုယ့်ဘ၀ကို ဘယ်တော့မှ အွန်လှိုင်းလေကြောင့်မပျက်ပါစေနဲ့။
ကဲ သိတာတွေတော့ရှိသေးတယ် မရေးတတ်တော့လို့ နောက်ကြုံမှပဲ ထပ်ရေးတော့မယ်
vzoအကြောင်းလဲ ကြုံမှပဲ ဆက်ပြောကြတာပေါ့
သူငယ်ချင်းတို့ ခံရတဲ့ လိမ်ညာမှုလေးတွေလဲ ရေးပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်

        စေတနာဖြင့်သာ
                               လွင်ပြင်လှိုင်းငယ်

5 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ကောင်းကျိုးဆိုးပစ် ရှိကြတာပါဘဲလေ။ သတိလေးကပ်ပြိး ဆင်ခြင်နိုင်ရင် အကောင်းဆုံးပေါ့။

ဒါနဲ့... ဘလော့စာမျက်နှာက မျက်တောင် ခဏခဏ ခတ်နေတယ်။ အော်တိုရီဖရက်ရှ် ဖြစ်နေပုံဘဲ။

ခင်မင်လျှက်

Aung Htut said...

လာလည်သွားပါတယ် ခင်ဗျာ

လွင်ပြင်လှိုင်းငယ် said...

ကိုကိုမောင်ရေ အော်တိုရီဖရက်ရှ်ထည့်ထားမိလို့နော်
အခုပြန်ဖြုတ်လိုက်ပါပြီ
အားပေးလို့ အနှိုင်းမဲ့ကျေးဇူး

jasmine(တောင်ကြီး) said...

ကိုယ့်ဟာကိုလဲသတိထားနေပါ
စာတွေပဲရေးမနေနဲ့နော်...

မင်းဧရာ said...

အင်း........
ဒီအွန်လိုင်း ပေါ်မှာကတော့ ဒီလိုပါပဲ
အထူးသဖြင့် အမျိုးသမီးလေးတွေကို သတိထားစေချင်တယ်။

ဒါပေမယ့် တစ်ချို့အမျိုး သမီးလေးတွေကတော့ အမျိုးသားလေးတွေကိုတောင် လိမ်တတ်နေပါပြီဗျာ
ကြာလာတော့ အွန်လိုင်းဆိုတာကြီး ကိုက လူလိမ်တွေစုဝေးရာနေရာကြီး တစ်ခုလိုဖြစ်နေပြီ

အင်တာနက် ကိုသိပြီဆိုကတည်းက အကောင့်တစ်ခုတည်းကိုပဲ သုံးတယ်
ကိုယ့်အိမ်နဲ့ အဆက်သွယ်လွယ်အောင်လုပ်တဲ့သဘောပေါ့
တစ်ချို့ကတော့ အဲလိုမဟုတ်ဘူးဗျာ အကောင့် ရသလောက်ဖွင့်ပြီးတော့ကို လိုက်ပွေးနေတော့တာ။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :