ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘလော့ဂ်ဂါ အလှနှင့် ဘလော့ဂ်ဂါဘ၀ (အပိုင်း-၁)

Tuesday, 25 October 2011

တိုးတက်လာသော ကမ္ဘာလောကကို ရွာလေးတရွာကဲ့သို့တည်ဆောက်ခဲ့ကြသော ပညာရှင်များကို
လေးစားအားကျမိပါရဲ့ဗျာ...တိုးတက်သမျှတိုးတက်လာလျှင်ကမ္ဘာရွာမှတဆင့် ရွာထဲမှ ရေနွေးကြမ်းဝိုင်းလေးသကဲ့သို့ လူအများဝိုင်းဖွဲ့စကားပြောနိုင်ပေလိမ့်မည်။
ကျွန်တော်သည်လည်း ကမ္ဘာရွာထဲမှလူသားတစ်ယောက်ဖြစ်သောကြောင့် ရွာသားတော်တော်များများကို
မသိနိုင်ပါဘူး(လေ့လာအားနည်တာလဲပါပါတယ်)ထို့ကြောင့် သူတို့အကြောင်းသူတို့ရဲ့ ချစ်ခင်စရာအမူအကျင့်တွေကိုမသိခဲ့ဘူးပေါ့။သို့ပေမဲ့ ရွာရဲ့ တစိတ်တပိုင်း ဘလော့ဂ်ဂါဝိုင်းလေးဆီကိုတော့
ဝါသနာပါသောကြောင့်မကြာမကြာရောက်ဖြစ်ပါတယ်..ကိုယ်တိုင်က အဖြစ်မရှိတော့(ဘာဆိုဘာမှမတတ်ပါ) ကိုယ့်ထက်တော် ကိုယ့်ထက်တတ်တဲ့သူတွေရဲ့ အရေးအဖွဲ့ တင်ပြပုံ ခံစားချက်တွေနဲ့ သတင်းမှအစ ပြည့်စုံလွန်းလှတဲ့ ဘလော့ဂ်ဝိုင်းလေးဆီသို့ အားလပ်တဲ့အချိန်တိုင်းရောက်ဖြစ်ခဲ့ပါတယ်....
ရောက်ရှိတိုင်းမှာလဲ သူတို့ရဲ့ စိတ်ထား စေတနာနဲ့ သဘောသဘာဝ ပင်ကိုစိတ်ရင်းများကို လေ့လာ ခံစား ကိုယ်ချင်းစာတတ်လာခဲ့ပါတယ်။
              ပထမဆုံးကျွန်တော် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ ခံစားချက်ကို စသိရတာကတော့
ကျွန်တော့်အိမ်နီးနားမှာ ကဗျာတွေ စာတွေကို အွန်လှိုင်းမှာတင်တဲ့ မမတစ်ယောက်ရှိပါတယ် သူ့ကို သိတာကြာပေမဲ့ အရမ်းတော့မရင်းနှီးဘူးပေါ့ သူ့ကို ကြည့်လိုက်တိုင်းမှာ အိမ်အလုပ်တွေမနားတမ်း အဆက်မပြတ်လုပ်နေတာ တွေ့သလို သူ့အားလပ်ချိန်တွေမှာတော့ ပြတင်းပေါက်ဘေးနားလေးမှာထိုင်ပြီး
တစုံတခုကိုကြည့်ကာ(နောက်မှသိရတာက မော်နီတာကို ကြည့်ခြင်း) ပြုံးလိုက် အားပါးတရရီလိုက် တခါတရံ မှိုင်ထွေးလေးငေးနေလိုက်နဲ့ ပတ်ဝန်းကျင်ကို မေ့နေသလိုမျိုးပါပဲ
         တရက် ကျွန်တော်အလုပ်သွားဖို့ မမအိမ်ရှေ့ကို ဖြတ်တုန်း တိုက်ဆိုင်စွာပဲ မမလဲ ဈေးသွားဖို့ထင်တယ် အိမ်ထဲကအထွက် ကျွန်တော်နှင့် လမ်းအတူတူလျှောက်ဖြစ်တုန်း စကားတွေပြောရင် သိချင်စိတ်ကို မထိန်းနိုင်ပဲ မမ ပြတင်းပေါက်ဘေးနားထိုင်နေရင် ဘာလို့ ပြုံးလိုက် ရီလိုက်ဖြစ်နေတာလဲ မေးမိတော့ မမက သူငယ်ချင်းတွေအိမ်လိုက်လည်ပြီး စကြနောက်ကြရင်းရီနေတာလို့ပြောတော့ ကျွန်တော်တွေးရခက်သွားတယ် မြင်ရတာတော့တစ်ယောက်ထဲပါပဲ အင်းတစ်ခုခုတော့ လွဲနေပြီးလို့တွေးတုန်း
မမက အတွေးကိုသဘောပေါက်သွားတယ်ထင်ပါတယ် ဒီလိုကွဲ့ မမပြောတာက အွန်လှိုင်းက ရေးဖော်ရေးဖက်တွေနဲ့ စကားပြောတာကို ပြောတာပါတဲ့ ဒီလိုရှင်းပြမှပဲ ကျွန်တော်ငတုံးကသိတော့တယ် ဒီလိုနဲ့ စကာတွေးပြောရင် ကျွန်တော်က မမ၀က်ဆိုဒ်တောင်းတော့ မမက ကျွန်တော်ဖုန်းထဲကို ချက်ချင်းပဲ မက်ဆေ့ပို့ပေးတယ် ပါးစပ်နဲ့ပြောရင်မေ့သွားမှာစိုးလို့တဲ့ ဒီလိုနဲ့ လမ်းခွဲ အလုပ်သွား အလုပ်ပြန်ပြီး ရေတောင်မချိုးတော့ပဲ စက်ရှေ့ထိုင်ပြီး ထိုမမရဲ့ဆိုဒ်ကို စပ်စုတော့တာပါပဲ...
အော် အရေးအသားတွေနဲ့ သူတို့ရဲ့ကမ္ဘာလေးက တော်တော်စိတ်ကြည်နူးဖို့ကောင်းတာပဲလို့ မှတ်ချက်ချမိတယ် မှတ်မှတ်ရရ ထိုနေ့က ကျွန်တော် အလွန်းကျူတတ်သော gtalkတောင်မဖွင့်ဖြစ်ပါ
မမရဲ့ ဆိုဒ်မှတဆင့် သူ့သူငယ်ချင်းများဆိုဒ်တွေကိုလေ့လာရင် ရွာရဲ့တစိတ်တပိုင်း ဘလော့ဂ်ဂါဝိုင်းလေးသို့ ၀င်ဖြစ်တယ်ပေါ့လေ...ဒီလိုနဲ့ မမနဲ့လဲ အရင်ထက်ရင်နှီးလာတော့ ဘလော့ဂ်ဂါတစ်ယောက်ရဲ့ စိတ်ထားနဲ့ သီးခံစိတ် အနစ်နာခံတတ်တဲ့စိတ်တွေကို လက်တွေ့ ခံစားလာတတ်တာပေါ့ဗျာ။
ခံစားမိသမျှ ဘလော့ဂ်ဂါ အလှတရားလေးတွေနှင့် ပေးဆပ်ရခြင်းလေးတွေကို မရေးတတ် ရေးတတ်နဲ့ရေးကြည့်မယ်နော်
(၁)ကမ္ဘာပေါ်တွင်တန်ဖိုးအရှိဆုံးအရာကို အသုံးပြုနေရသည်။ (အချိန်)
(၂)ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်းကို အသုံးပြုရခြင်း(နှလုံးသား)  ကဗျာတွေ ရသတွေရေးတဲ့သူဆိုပိုဆိုးနိုင်တယ်)
(၃)ပတ်ဝန်းကျင်ကို အမြဲတမ်းလေးစားရသောစိတ်(ကိုယ်ရေးသော စာသည်တဘက်သားအား ထိခိုက်မည့်အရေးအသားပါမည်စိုးသောကြောင့်)
( ၄)သည်းခံတတ်သောစိတ်(cboxသို့မဟုတ် ကော့မက်တွင် တခါတရံလာဆဲလျှင်သည်းခံခွင့်လွတ်ပေးရသည် gtalkဖွင့်ပြီး စာရေးချိန်နေတွင် ပြန်မပြောလျှင်လဲ ဆဲသွားသောသူကို နားလည်ခွင့်လွတ်ရသည်။
 (၅)တချိန်းတည်းတွင် အလုပ်လေးငါးခုတပြိုင်းတည်းလုပ်ရသည်။(လက်က စာရိုက်ပြီး ခေါင်းကစဉ်းစားရသည် မျက်လုံးက စာတွေမမှားဖို့ လက်ကွက်နှင့် မော်နီတာမျက်နှာပြင်ကိုကြည့်ရသည် တချိန်တည်းမှာပဲ အာရုံမပျံလွင့်အောင် စုစည်းထားရသည်)
(၆)ကူညီလိုသောစိတ်(သူငယ်ချင်းများ အကူအညီလိုလျှင်တတ်နိုင်သည့်ဘက်မှ ဟိုမေးဒီမေးနဲ့ သူငယ်ချင်းရဲ့ အခက်အခဲကို ဖြေးရှင်းပေးတတ်ကြသည်)
(ရ)စိတ်ထားအလွန်နူညံ့ခြင်း(စားရေးသူတိုင်းသည် စိတ်ထားအလွန်နူးညံ့ကြောင်းကိုတော့ ကျွန်တော်ပြောစရာမလိုအောင် အားလုံးသိထားပြီးပါပဲ အိမ်ဘေးက မမဆိုလျှင် သူ့သူငယ်ချင်းရေးသော ကဗျာကို ဖတ်ပြီး မျက်ရည်ကျနေသည်ကို ကျွန်တော်တွေ့ဖူးပါသည်)
(၈)နိုင်ငံတကာ မိတ်ဆွေပေါခြင်း( ကမ္ဘာရွာထဲမှာတော့ ဘလော့ဂ်ဂါတွေလောက် မိတ်ဆွေပေါတာမရှိလောက်ဘူးထင်ပါတယ်)
(၉)အတော်ဆုံး စာဖိုမှူးများ(ဘလော့ဂ်ဂါမမတွေဆို မချက်တတ်တဲ့ စားသောက်ဖွယ်မရှိသလောက်ပါပဲ အဘယ့်ကြောင့်ဆိုသော် စားသောက်ဆိုဒ်များကို နေ့စဉ်သွားရောက်ဖတ်ရှု ချက်ပြုတ်စားတတ်သောကြောင့်ဖြစ်ပါသည်)
(၁၀)အရာအားလုံးကို အကောင်းမြင်တတ်သူများ(ဘလော့ဂ်ဂါးသမားများသည် ကိုယ့်ဆိုဒ်တွင်လာဆဲသူကိုပင် စိတ်မတို အကောင်းမြင်ပြီး ငါ့ဆိုဒ်ကို သူလာပြီးစာလာဖတ်တာပဲ ကျေးဇူးတင်ပါတယ်လို့တတ်ကြသည်ကို ကျွန်တော်လက်တွေ့မြင်ဖူးပါသည်)
ကျွန်တော် တွေ့ဖူးသော ကြုံဖူးသော မမြင်ဖူးပေမဲ့ သိနေသော ဘလော့ဂ်ဂါသမားများရဲ့ စိတ်ထားအလှနှင့် ဘ၀ သဘာဝတွေဟာ ရေးလို့ကုန်မယ်မထင်ပါဘူး ကျွန်တော်ဆက်လက်ရေးသားချင်သေးပေမဲ့ မဒပ်လွင်ပြင်က အိပ်ရန်အမျိုးမျိုး အချက်ပေးသံ ဖုန်းသံများကို အားနာမိသောကြောင့် ဒီနေ့တော့ ဒီမျှပါပဲခင်ဗျာ။

ဘလော့ဂ်ဂါသမားအားလုံးကို ရိုသေလေးစား ချစ်ခင်လျက်
  လွင်ပြင်လှိုင်းငယ်

9 comments:

AH said...

အကိုရေ... ဖတ်လို့ကောင်းနေတုန်း ဗြုန်းဆိုရပ်သွားတယ်ဗျာ... ပိုစ့်မှာ နောက်ထပ် အပိုဒ်တွေ ကျန်နေသေးလားဟင် :)

လွင်ပြင်လှိုင်းငယ် said...

AH ရေsorryနော် ရေးနေရင် စက်ဟမ်းနေလို့နှိပ်မိသွားလို့မပြီးသေးပဲ ပို့တင်သလိုဖြစ်သွားလို့ အခုဖတ်လိုပရပြီနော်

ချမ်းမင်းကို (ပဥာက်) said...

လာဖတ်သွားတယ် လွင်ပြင်ေ၇့...

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

အော်တန်ကတော.ရှင်ပြောတလိုကောင်းကွက်တွေ
တထုမှချိဝူးရယ်...ရိုးလေးပဲတွေပြီးရိုးလေးပဲ
ရေးလိုက်တာပါပဲ...သူငယ်ချင်းတွေဆီရွာရိုး
လျှောက်တယ်..နောက်တယ်..ပင်ပန်းတာလေးတွေပြေပျောက်တယ်...ဒါပါပဲ..ဘ၀ဆိုတာ..အားပေးတွားပါအိ

mstint said...

ဘလော့ဂါတို့ရဲ့ ဖြစ်တည်မှု အမှန်တရားလေးတွေကို မီးမောင်းထိုးပြသွားတဲ့အတွက် ဖတ်ရတာ ကြည်နူးမိတယ် လွင်ပြင်ရေ။ 'ကျွန်တော် အလွန်ကျူတတ်သော gtalk တောင်မဖွင့်ဖြစ်ပါ' လို့ ပွင့်ပွင့်လင်းလင်းရေးထားတာ မဒမ်လွင်ပြင်ဖတ်ပြီး ကွိုင်မှာမကြောက်ဘူးလားး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဟားဟား.. မဒမ်လွင်ပြင်ကို ကြောက်ရပုံပဲ... မဒမ်လွင်ပြင်က ပိုင်သကွာ.. အဟဟ.. :D :P

jasmine(တောင်ကြီး) said...

မဒမ်လွင်ပြင်ကိုချစ်တာလား
ကြောက်တာလား

မဒမ်ကိုး said...

ဘာလို့အသံပေးတာတဲ့လဲဟင်း)

khin oo may said...

ဒီတစ်ယောက်ကတော့ သူများချက်တာတွေ ဘဲလှည့်ကြည့်တယ် မချက်တတ်ဘူး. ချွင်းချက်တွေပေါ့။ ပျော်ရွင်ပါစေ။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :