ပူလောင်တဲ့နေမင်း
အလင်းအောက်က
အတ္တဖိနပ်တစ်ရံနဲ့
လျှောက်နေရတဲ့
ငါ့ပန်းတိုင်းက
အိပ်မက်လေးရှိရာ အရပ်သို့သာ........
လျှပ်စီ မိုးကြိုး
ဆိုးလှတဲ့ မိုးသည်းချိန်တိုင်း
မာနထီးတစ်လက်နဲ့
ခရီးဆက်ခဲ့တာလဲ
အိပ်မက်ဆီတည့်တည့်
နင်ရှိမဲ့အရပ်ဆီသို့ပဲပေါ့.......
ဆောင်းနံနက်ရဲ့
အအေးဒဏ်
အသည်းခိုက်အုံး
ရေခဲတောင်မှာ နင်ရှိရင်လဲ
နင့်ရဲ့ မေတ္တာအနွေးထည်လေး
ခပ်ထူးထူးဝတ်လို့
နင်ရှိမဲ့ဆီ အပြေးလာမည်
မောင့်ရဲ့ချစ်သူ အိပ်မက်လေးရယ်........
လွင်ပြင်လှိုင်းငယ်
4 comments:
စာသားတွေအရမ်းမိုက်တယ်ဗျာ ဖတ်ရှု့ခဲ့ပါတယ်နော်
မာနထီးတစ်လက်နဲ့
ခရီးဆက်ခဲ့တာလဲ
အိပ်မက်ဆီတည့်တည့်
နင်ရှိမဲ့အရပ်ဆီသို့ပဲပေါ့.......
ဒီစာသားလေးတော့ တော်တော်ကိုကြိုက်တယ်။ သိစိတ်ကိုဆန့်ကျင်နေတဲ့ မသိစိတ်အဖြစ် ခံစားလိုက်ရတယ်။
ခင်တဲ့
မေသိမ့်
မိုက်တယ်...
ကဗျာလေးကိုကြိုက်တယ်...
အားပေးလျှက်...
စားသားလေးတွေ လှလိုက်တာ.....
ခံစားအားပေးလျှက်...
Post a Comment