ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ချစ်တယ်ဆိုတဲ့ စကားလေး

Tuesday 15 November 2011


မောင့် အိပ်မက်လေးရေ
ချစ်တယ်ဆိုတဲ့ စကားကို မောင် မှတ်မှတ်ရရ သိတတ်စအရွယ်က ပထမဦးဆုံးပြောခဲ့တာကတော့မောင့် မေမေကိုပေါ့...ချစ်တယ်ဆိုတာ ဘာမှန်းမသိပေမဲ့ ချစ်တယ်လို့ပြောလိုက်လိုက်ရင် မေမေ့မျက်နှာကဟို့ ကောင်းကင်ကြီးက လမင်းကြီးထက်တောင် အေးမြ၀င်းပပြီး အနှိုင်းဆမဲ့ အေးချမ်းလှတဲ့ အပြုံးလေးနဲ့
မောင်း နဖူးလေးကို နမ်းလေ့ရှိတယ်....ပြီးရင် မောင်ကြိုက်တဲ့ မုန့်တွေလဲဝယ်ကျွေးလေ့ရှိတယ်....အဲ့ဒီအရွယ်တုန်းကချစ်တယ်ဆိုတဲ့ စကားဟာ မောင့်အတွက် အေးမြလှတဲ့ မေမေ့မျက်နှာ လပြည့်ဝန်းကို ကြည့်ချင်လို့ပေါ့ ။

ဒုတိယအကြိမ် ချစ်တယ်လို့ပြောခဲ့တာ မောင့် ဖေဖေကိုပေါ့....မောင့်ဖေဖေကို ချစ်တယ်လို့ပြောတဲ့ အချိန်တိုင်းမောင့်ဖေဖေရဲ့ မျက်နှာက ပုံပြင်ထဲက သူရဲကောင်းတွေထက် အဆမတန်ရဲရင့်တယ်ဆိုတာ မောင်တွေ့လိုက်ရတယ်.ဖေဖေဟာ သူထူထောင်ထားတဲ့ ဘ၀အိမ်ကို အရာရာပြီးပြည့်စုံတဲ့ အိမ်လေးတစ်အိမ်ဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ရဲရင့်တဲ့အပြုံးနဲ့ ပြုံးတယ်ဆို တာအရွယ်ရောက်တော့သိတတ်လာခဲ့တယ်...ဒါကြောင့်မောင်ဟာ မောင့်ဖေဖေကို ချစ်တယ်လို့ပြောတိုင်းသူ့ရဲ့ ရဲရင့်တဲ့အပြုံးကို မြင်တွေ့ခွင့်ရခဲ့တယ် ။

တတိယနဲ့ အကြိမ်များစွာ ချစ်တယ်ပြောခဲ့တာကတော့ ကျောင်းနေတုန်းကဆရာဆရာမတွေနဲ့ ဆွေမျိုးတွေဖြစ်ခဲ့မှာပါ
ဒီအချစ်တွေ အားလုံးဟာ ၅၂၈ ရဲ့ မြစ်ဖျားခံ စီးဆင်းတဲ့ အေးမြတဲ့ မေတ္တာရည်ကြည်လေးတွေပေါ့ ။

၅၂၈ရဲ့ အေးမြတဲ့ အချစ်တွေဟာ မောင်ချစ်ဖူးတဲ့သူတွေအပေါ်မှာ ဘယ်သောအခါမှ ခန်းခြောက်သွားမှာမဟုတ်ပါဘူး ။

၁၅၀၀ဆိုတဲ့ အချစ်ရဲ့ အစ ချစ်တယ်ဆိုတဲ့ စကားကို ရင်ထဲက မြတ်မြတ်နိုးနိုးလေးရင်ခုန်စွာပြောခဲ့ ပထမဆုံးနဲ့
နောက်ဆုံးကတော့ မောင့် အိပ်မက်လေးကိုပါ...မောင့်အိပ်မက်လေးကို ချစ်တယ်လို့ပြောတော့ မောင့်အိပ်မက်လေးပြန်ပေးခဲ့တဲ့ အရာတွေကတော့ နွေးထွေးမှုတွေ ကြင်နာတတ်တဲ့အပြုံးတွေ နားလည်ပေးတတ်တဲ့ သည်းခံစိတ်
ဘ၀ကို ရဲရဲရင်ဆိုင်ရဲတဲ့ စိတ်ဓါတ်တွေ ဘယ်အရာအတွက်ဖြစ်ဖြစ် မောင့်ကို ဦးစားပေးတဲ့ မေတ္တာ အကြင်နာတွေ
စိတ်ဓါတ်ကျအားငယ်နေချိန်မှာ အားပေးတတ်တဲ့ အပြုံးနဲ့ နွေးထွေးတဲ့ လက်တစ်စုံရယ်
အေးမြမှုတွေသာပေးပြီး ပူလောင်မှုတွေကို တစ်ယောက်ထဲ ကြိတ်မှတ်ခံစားတတ်တဲ့ အေးအတူပူမမျှချင်တဲ့ အိပ်မက်လေးရဲ့
အနှိုင်းဆမဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကို မောင်ရခဲ့တာပေါ့....

ဒါကြောင့် မောင့်ရဲ့ ၁၅၀၀ ချစ်တယ်ဆိုတဲ့စကားဟာ အိပ်မက်လေးတစ်ယောက်အတွက်မူပိုင်ဆိုတာဆိုတာ ယုံကြည်ပေးပါနော် ။

လူတွေ ပြောကြတဲ့ ၁၅၀၀မေတ္တာဟာ ပူလောင်တယ်လို့ ဆိုကြပေမဲ့ မောင့်
အတွက်တော့ ဘယ်တုန်းကမှ ပူလောင်မှုမရှိခဲ့ပါဘူး
အိပ်မက်လေးပေးခဲ့တဲ့ ၁၅၀၀မေတ္တာဟာ မောင့်အတွက်နွေးထွေးမှု အနှိုင်းဆမဲ့ပါပဲ....
အိပ်မက်လေးပေးတဲ့ ချစ်တယ်ဆိုတဲ့စကားဟာ မောင့်အတွက်တော့ ၁၅၀၀ကျော်ပြီ ၂၀၂၈တောင်ပြည့်နေပါပြီကွယ်....

မောင့်အိပ်မက်လေးရဲ့ ချစ်တယ်ဆိုတဲ့ စကားကို
လက်ရှိဘ၀နဲ့ နောင်ဘ၀များစွာအထိ မောင်တစ်ယောက်ထဲပဲပိုင်ဆိုင်ချင်တယ်
ဒါဟာ အတ္တလို့ခေါ်မယ်ဆိုရင်လဲ အဲ့ဒီအတ္တအတွက် မောင်ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး။


လွင်ပြင်လှိုင်းငယ်
(အမြဲစိတ်ကောက်တတ်သော မဒမ်လွင်ပြင်အား ဒီပိုစ့်လေးနှင့် ချော့ပါသည်)သူငယ်ချင်းတို့လဲ သူစိတ်ကောက်ပြေအောင် ၀ိုင်းပြောပေးကြပါနော် ကူညီကြပါ ကူညီကြပါဗျ

8 comments:

♫♪★လွမ်းပိုင်ရှင်★♪♫ said...

တိန် အသစ်ဒေတော့ ၂၀၂၈ ကောင်းလယ်ကောင်းလယ် အားပေးခဲ့ပါတယ်ဗျာ

ချောကလက်ကျူးပစ်လေး said...

လေးစားတယ်bro
စိတ်ကောက်တဲ့သူကလဲပြေပေးလိုက်ပါတော့ဗျာ....:P

jasmine(တောင်ကြီး) said...

ဖတ်ခဲ့ပါတယ်

Anonymous said...

ဟော..မဒမ်က.ဘိုလိုဖြစ်ရတာတုန်း
ဒီလောက်ခြစ်ပြနေတဲ့ဟာ..း)
စိတ်ကောက်ပါနဲ့မဒမ်ရယ်
ကိုရင်တို့စုံတွဲကိုပဲကြည့်
ဘလောက်ပျော်ဖို့ကောင်းလည်းနော်
စိတ်တော့မကောက်နဲ့ဝေ
အစ်မဒိုးကန်လို.လက်ပ်တော့တို့
အိုင်းဘုန်းတို့..၀ယ်ခိုင်း.ကိုလွင်ပြင်ကိုး))
လေးစားလျှက်
သမီးစံ

လမင်းငယ် said...

ပြေပါတော့နော် ကောက်နဲ့တော့နော်

မေသိမ့်သိမ့် ကျော် said...

မဒမ်လှိုင်းငယ်ရေ... ဒီလောက်အချစ်ကြီးတဲ့ ချစ်သူက ချော့နေတာ စိတ်ကောက်နဲ့တော့နော်။ ပို့စ်လေးက ဖတ်ရတာ ငြိမ့်ညောင်းတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

မဒမ်လွင်ပြင်ရေ..
မဒမ်က အသားညိုညို ဆံပင်ရှည်ရှည် ပါးချိုင့်လေးနဲ့လား။
ဟိုတစ်နေ့က လွင်ပြင်နဲ့တွဲသွားတာတွေ့လိုက်လို့။ စိမ်းပြာရောင် ၀မ်းဆက်ကလေးနဲ့လေ။ ကြည့်ရတာ အားကို အတော်လေးကျသွားတယ်။ ရှေ့သွားနောက်လိုက် ညီလွန်းလို့။ အဟီးးးးးးးးး။

မဒမ်လွင်ပြင် စိတ်ဆိုးပြေအောင် ကလိသွားသည်။း)

ခင်မင်လျှက်

laminlwinpyin said...

စိတ်ကောက်ပြေပေးလိုက်ပါနော်..ဖတ်သွားပါတယ်....

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :