ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ချစ်ရေးချစ်ရာနှင့် အွန်လှိုင်းကဗျာ

Wednesday 30 November 2011


HI....နဲ့စတဲ့ဇာတ်လမ်း

 HI***ဆိုပြီးနင်ဝင်လာတရ်
W***အစပြုမေးခွန်တွေနဲ့ခင်သွားကြတရ်
LOVE ***ဆိုတာအရာကို အစပျိုးပေးခဲ့တရ်
HEART***ဆိုတဲ့ငါ့နှလုံးသားမှာ နေရာအပြည့်ယူပြီး
BLOG***တွေဖွင့်ပြီး ခံစားချက်ကဗျာတွေ ကြည်နူးစွာရေးခဲ့ကြတရ်
PASSWORD***ဆိုတဲ့ငါ့လျှို့ဝှက်ချက်ကို နင်တောင်းဆိုခဲ့တရ်
FEMALE***အကောင့်မှန်သမျှ ငါ့သူငယ်ချင်းတွေကို
BLOCK***ဆိုတဲ့စကားလုံးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်
TIME***ဆိုတဲ့အချိန်အားလုံးမှာငါနဲ့ချက်ရတာချစ်ရတာရိုးလာတော့
HATE***ဆိုနဲ့စကားလုံးကိုနင်သုံးပြီးတော့
BYE***ဆိုပြီး အကြင်နာမဲ့စွာနင်ထားခဲ့တယ်နော်
MISS***ဆိုတဲ့အလွမ်းတွေနဲ့ငါခံစားနေရချိန်မှာ
ACCOUNT***နောက်တမျိုးနဲ့ငါလိုလူရှာ နင်ပျော်နေမှာပါ ။

(သူငယ်ချင်းတစ်ယောက်အတွက်ရေးပေးဖူးသော ပေါက်တတ်ကရ ကဗျာ)

စိတ်ကူးထဲက အဆိုးအကောင်း

သေရည် သေရက် လူကိုဖျက်၏
သောက်တတ်လျှင်ဆေး မသောက်တတ်တော့ဘေးပေါ့
Gtalk Gmail လူကို ထက်၏
သုံးတတ်တော့ သုတ မသုံးတတ်တော့ ဒုက္ခပေါ့ ။
စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုစေမဲ့လဲ
အမှားစာအုပ် သင်ဖတ်ရှု့လျှင် ငါးပါးပင်လျှင် မှောက်လိမ့်မည်
 ဥာဏ်ပညာထက်လို ဖတ်ပါမှတ်ပါ ၀က်ဆိုဒ်တကာ
အဖတ်မှားက သင့်ဘ၀ရာဇ၀င် အမှားပြင်ဖို့ခက်လိမ့်မည် ။

 မအိပ်မနေ အသက်ရှည်၏
မအိပ်မစားနေပါများတော့ အသက်တိုတာ လူတိုင်းအသိပါ
မကျူတတ် မယူတတ် လူအ ဖြစ်၏
ကျူပါများတော့ အိမ်ထောင်ကြတာ လူတိုင်းအသိပါ ။

 တီထွင်ကြံဆ နည်းလမ်းရ၏
တီထွင်းလွန်းတော့ ကမ္ဘာပျက်မည်
ဟက်ကာ ပညာ လေ့လာကောင်း၏
ဖောက်ပါများတော့ ထောင်ကြမည် ။



အွန်လှိုင်းရောဂါ


ဆယ်စုနှစ်တစ်ခုလောက်မကြာသေးတဲ့

လေလှိုင်းထဲက ဗိုင်းရပ်(စ်)တစ်ခုလား။

လေပေါ်မှာ အရုပ်ရေးပြီး

ကမ္ဘာကျော်စေတဲ့ ပန်းချီဆရာတစ်ယောက်လား။

အိပ်မက်ထဲကလို အရာရာကို သရုပ်ဆောင်နိုင်တဲ့

အော်စကာသောင်းချီရထားတဲ့ သရုပ်ဆောင်တစ်ယောက်လား။

နားဆင်သူတွေ သာယာနာဖွယ်ဖြစ်အောင်

အသံသာတဲ့ ကျေးငှက်လေးဝင်စားထားတဲ့

ကမ္ဘာကျော်တဲ့ ရော့စတားတစ်ယောက်လား။
ဘာဆိုဘာမှ ထိတွေ့မှုမရှိပဲ
နှလုံးသားရဲ့ ဖြူစင်မှုကို အရောင်ဆိုးမဲ့
လိမ်ညာမှု အရောင်းဈေးပွဲတော်လား။
သဘာဝရဲ့ မလွန်ဆန်နိုင်တဲ့
ပျိုခြင်းအိုခြင်း တွေကို
ကိုယ်ဖြစ်ချင်တဲ့ အသက်အရွယ်ကို
ပြောကြတဲ့ မွေးဖွားမှုဖန်တီးတဲ့ ကစားပွဲလား။
ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်သူကိုဘေးမှာထားပြီး
လက်ချောင်းလေးတွေနဲ့ ကြင်နာတတ်တဲ့
ရာဇ၀င်တွင်မဲ့ အနှိုင်းမဲ့ မေတ္တာရှင် ဇာတ်လမ်းလား။

အဆိုးရှိသလို အကောင်းတွေမရေတွက်နိုင်တဲ့
ဒီအွန်လှိုင်းကမ္ဘာမှာ လွင်ပြင်တစ်ယောက်
ပျော်ပျော်ကြီးဆက်လျှောက်နေအုံးမယ်ထင်တယ်။

 (ယခင်ကရေးဖူးထားသော ကဗျာအနည်းငယ် စုစည်းတင်ပြပါသည်)
လွင်ပြင်လှိုင်းငယ်


7 comments:

ကိုရင် said...

လုပ်ကြပေါ့ဗျာ..ဆရာတို့က ဆရာတွေဆိုတော့ လုပ်ကြပေါ့..ဟင်းဟင်း :D

လမင်းငယ် said...

အများကြီးဖတ်ရတယ်
အားပေးလျှက်ပါရှင်

အလင်းသစ် said...

အင်းးးးးးးးးးးးး သူပြောတာတွေလည်း ဟုတ်သလိုလိုပဲဟ.... အားပေးသွားပါတယ်။။။

မဒမ်ကိုး said...

အပေါ်က ကဗျာက သူငယ်ချင်းကိုရေးတာဟုတ်ဘူးထင်တယ်နော ..
ဟိဟိ ရန်တိုက်ပေးခဲ့၏

♫♪★လွမ်းပိုင်ရှင်★♪♫ said...

HI***ဆိုပြီးနင်ဝင်လာတရ်
W***အစပြုမေးခွန်တွေနဲ့ခင်သွားကြတရ်
LOVE ***ဆိုတာအရာကို အစပျိုးပေးခဲ့တရ်
HEART***ဆိုတဲ့ငါ့နှလုံးသားမှာ နေရာအပြည့်ယူပြီး
BLOG***တွေဖွင့်ပြီး ခံစားချက်ကဗျာတွေ ကြည်နူးစွာရေးခဲ့ကြတရ်
PASSWORD***ဆိုတဲ့ငါ့လျှို့ဝှက်ချက်ကို နင်တောင်းဆိုခဲ့တရ်
FEMALE***အကောင့်မှန်သမျှ ငါ့သူငယ်ချင်းတွေကို
BLOCK***ဆိုတဲ့စကားလုံးနဲ့ အဆက်အသွယ်ဖြတ်ခဲ့တယ်
TIME***ဆိုတဲ့အချိန်အားလုံးမှာငါနဲ့ချက်ရတာချစ်ရတာရိုးလာတော့
HATE***ဆိုနဲ့စကားလုံးကိုနင်သုံးပြီးတော့
BYE***ဆိုပြီး အကြင်နာမဲ့စွာနင်ထားခဲ့တယ်နော်
MISS***ဆိုတဲ့အလွမ်းတွေနဲ့ငါခံစားနေရချိန်မှာ
ACCOUNT***နောက်တမျိုးနဲ့ငါလိုလူရှာ နင်ပျော်နေမှာပါ ။
အဲဒါကူးသွားတယ် မကျေနပ်ရင်အိမ်လိုက်ခဲ့ဒါပဲ

mstint said...

မဒမ်လွင်ပြင်နဲ့ရော ဘယ်မှာတွေ့တာလဲဟင် ?
စပ်စုကြည့်တား))
ကဗျာတွေ ကောင်းလှချည်လား လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

အိပ်မက်လေးနဲ့ဘယ်မှာတွေ့လဲတဲ့
မေးတာတွေဖြေပေးလိုက်အုန်းလေ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :