ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အတွေး

Sunday 19 February 2012

ကလေးလေးရေ..........
မင်းမသိသေးတဲ့ လောကကြီးအကြောင်း
တစ်စေ့တစ်စောင်း ပြောပြမယ်နော်..။

 အပြုံးလေးတစ်ခုမြင်တိုင်း
ဖော်ရွေတတ်တယ်လို့တော့
မတွေးလိုက်လေနဲ့
အဲဒီအပြုံးဟာ မဲ့ပြုံးလဲဖြစ်နေနိုင်လို့ပါ..
...................။

မျက်ဝန်းမှာမျက်ရည်စမြင်တိုင်း
ဝမ်းနည်းလွယ်တယ်လို့တော့
သနားစိတ်လေးမ၀င်စေနဲ့
အဲဒီမျက်ရည်ဟာ သူတစ်ပါးကျဆုံးမှုကို
ဟားတိုက်ရီမောရလွန်းလို့
ကျလာတဲ့မျက်ရည် တွေလဲ ဖြစ်နေနိုင်လို့ပါ...............။

စကားလုံးချိုချို ဖွဲ့နွဲ့ဆိုတိုင်းလဲ
နှလုံးသားလှသူလို့တော့
တထစ်ချ မယုံလေနဲ့
အတွင်းနှလုံးသားကိုမြင်ရတာမှ မဟုတ်ပဲ..........။

အရုပ်ဆိုးလို့ သဘောဆိုးမယ်
အကြွင်းမဲ့တွေးလို့ မထားလေနဲ့
 သူ့နှလုံးသားလေးကလှနေတတ်ပြန်တယ်....။

ဒါကြောင့်လေ
ဘာကိုမှအမြင်လေးတစ်ခုနဲ့
 တန်းဖိုတွက်လို့ မဆုံးဖြတ်လေနှင့်
 အရာရာကို အလေးအနက်ထား
တွေးတောလို့ဆင်ခြင်ပါမှ
လောကမာယာတွေထဲ
အနေမကြပ် နေတတ်မှာပေါ့
ကလေးရယ်...........................။


မိုးစက်ငယ်

15 comments:

မေမြို့မိုး said...

မိုက်တယ်အစ်ကို..
ဘယ်အပိုဒ်ကိုကြိုက်သလဲဆိုတော့ တစ်ပုဒ်လုံးက
မျှတစွာကောင်းနေတယ်.။။အကုန်လုံးကြိုက်တယ်..။

မဒမ်ကိုး said...

ဟားး လန်းတယ်ကွာ စာသားတွေ
အကုန်ကြိုက်တယ်

လရိပ်အိမ် said...

ကဗျာလေးအတွက် ကျေးဇူး

ဖြိုးဇာနည် said...

စိတ်ထဲရှိတဲ့အတိုင်းခံစားသွားပါတယ်

ပျိုးယုဝသုန် said...

မှန်လိုက်လေ ကိုလွင်ပြင် ရေ..

ခင်တဲ့
ဝသုန်

ပျိုးယုဝသုန် said...

သူတို့ကဗျာလေးတွေကနူးနူးညံ့ညံ့လေးတွေ ..

သမီးစံ said...

ကဗျာလေးကောင်းတယ်။
စကားလုံးချိုချို ဖွဲ့နွဲ့ဆိုတိုင်းလဲ
နှလုံးသားလှသူလို့တော့
တထစ်ချ မယုံလေနဲ့
အတွင်းနှလုံးသားကိုမြင်ရတာမှ မဟုတ်ပဲ..........။
(မှန်တယ်မိုးစက်ငယ်း)

အားပေးလျှက်ပါ....

ချစ်စံအိမ် said...

ကောင်း၏ မိုးစက်ငယ်ဆိုတာဘယ်သူလဲဝေ
ဝသိလို့ရမလား ကဗျာရေးကောင်းလို့ပါ :)

Junemoe said...

ကောင်းလိုက်တဲ့ ကဗျာလေး.. :)

ခင်မင်လျက်
Junemoe

san htun said...

ကောင်းလိုက်တဲ့ ကဗျာလေး လွင်ပြင်ရေ..ဒက်ထိ ကွက်တိ..

8Yar said...

မှန်လိုက်တဲ့ ကဗျာလေး။ ချပြထားတာလေးကောင်းတယ် အစ်ကိုလွင်ပြင်ရေ။

အောင်သက်ခိုင် said...

ကဗျာလေးလန်းတယ်ဗျာအားပေးသွားတယ်နော်အကို

ထော်ဦး said...

ကလေးလေးတစ်ယောက်လို
ဖြူစင်ချင်ပါတယ်
ဒါပေမယ့်လည်းလေ...
ထော်ဦး

♫♪★လွမ်းပိုင်ရှင်★♪♫: said...

အီးးးးးးးးးး ကောင်းလိုက်တဲ့ ကဗျာလေးပါဗျာ
အားပေးခဲ့ပါတယ်နော်....။
ခင်မင်လေးစားလျှက် (လွမ်း) www/lwanpaishin.blogspot.com

မိုးခါး said...

အတွေးရယ် အမြင်ရယ် လက်ရှိရယ် ခံစားချက်ရယ် .. ဒါတွေက စိတ်ထဲ အမြဲရောထွေးနေတတ်တယ် .. (ကိုယ့်အတွက်ပြောတာပါး)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :