ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အပိုကြီးမဟုတ်တဲ့ အပျိုကြီး

Sunday 25 March 2012

တစ်ကိုယ်တည်းနေလို့
အပျိုကြီးတဲ့လား
အပိုကြီးဖြစ်နေတဲ့
ကလေးမတွေ ဒုနဲ့ဒေးပါ  ။

မချစ်တတ်လို့ အချစ်ငတ်နေတယ်မထင်နဲ့
အသစ်အပ်ဖို့ ရင်တစ်စုံအပိုမပါလို့
ကြုံချစ်တွေကို ယုံပစ်ပြီး
ထုံထိုင်းနေတဲ့ နှလုံးသားနဲ့
ပုပ်ပွနေတဲ့ အချစ်တစ်ခုတော့
ဘယ်သူ့ကိုမှ မပေးချင်လို့
အပျိုကြီးဆိုတဲ့ နာမည်ပဲ
ကျေနပ်စွာ ခံယူထားတာပါ  ။

နာမည်ဆိုးပေမယ့်
အသံအမျိုးမျိုးကြားက
ဟို ကောင်မလေးက ရှုပ်လိုက်တာ
အသက်လေးမှ အားမနာ ဆိုတဲ့
အပျိုလေးတွေကို
အဌေးတင် အထင်သေး
အသံဆိုးတွေတော့
မကြားရတာ အပျိုကြီးတွေပါ  ။

အပျိုကြီးဆိုတာ
မယိုစီးတဲ့ သိက္ခာ
ရင့်ကျက်တဲ့ အတွေးအခေါ်
မြင့်မြတ်တဲ့ စိတ်ထား
အပြောမချိုပေမယ့်
သဘောဖြူသူတွေမို့
လူပုံအလယ်မှာ
အပျိုကြီးရယ်လို့ ကြွေးကြော်ရဲတာ
အပျိုကြီးတွေပါ  ။

(သူငယ်ချင်း အပျိုကြီးများအတွက် ရည်ရွယ် ဂုဏ်ြပုပါသည် အမှားအယွင်းရှိပါက စေတနာထား ရေးသားသောကြောင့် အမိုက်အမဲလေးကို နားလည်ပေးနိုင်ကြပါစေ)

လွင်ပြင်လှိုင်းငယ်

0 comments:

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :