ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

နောင်တမဲ့ ဘ၀စာမျက်နှာများ

Sunday 25 March 2012

ပြည့်စုံမှု့တွေမြင်တိုင်း
သိမ်ငယ်ခြင်းတွေ မွေးဖွားလာတာ
လူ့သဘာဝပါ  ။

လှမ်းလျှောက်တဲ့သူက
စက်ဘီးစီးတဲ့သူကို
အားကျပြီး
ကားစီးတဲ့သူကလဲ
လေယာဉ်ပျံ ပိုင်ရှင်ကို
မနာလိုဖြစ်ရင်း
ဘာကြောင့်များ
ဘာကြောင့်များနဲ့
ဖြစ်တည်မှု့ကို စာရင်းစုရင်း
နောင်တဆိုတဲ့ စကားလုံးက
ကြီးကျယ်လာခဲ့တယ်  ။

ကားတ၀ီဝီစီးတဲ့အရာရှိသားကလဲ
သမ္မတသား ဖြစ်ချင်  ဖြစ်ချင်နေလိမ့်မယ်
အနုပညာရှင်တွေကလဲ
မွေးဖွားရာမိဘကို ဟောလိဝုစ်ကသူတွေ
ဖြစ်ချင်  ဖြစ်ချင်နေလိမ့်မယ်
ဘာပဲဖြစ်ဖြစ်ပါ
ရှင်သန်ခြင်းမှာ နောင်တတွေတော့ရှိနေပါလိမ့်မယ်  ။


ငါ့ဘ၀ရဲ့ ဘယ်သောအခါကမှ
နောင်တဆိုတဲ့ ခါးသီးခြင်းမရှိ
ချိုမြိန်မြဲ ချိုမြိန်နေတဲ့
ဘ၀စာမျက်နှာတချို့
ငါချပြမယ်  ။

မွေးဖွား သန့်စင်
အပြစ်မမြင် အချစ်တွေ သွင်သွင်စီးတဲ့
ဒီမိဘတွေရဲ့ သားဖြစ်ရတာ
ငါ့မှာ နောင်တမရှိဘူး  ။

ဒုက္ခတွေကို ထမ်းပိုးပြီး
မာယာများတဲ့ လောဘမုဆိုးတွေကြား
စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်တုန်း
ဘေးနားက ဖေးမပေးတဲ့
သူငယ်ချင်းတစ်ချို့အတွက်
ငါ့မှာနောင်တမရှိဘူး  ။

ဖြူစင်ခြင်းနဲ့ အစပြု
သံယောဇဉ်တွေ ခိုင်ခိုင်တုတ်
အေးရင်အတူ ပူရင်မမျှ
ငါ့ဘ၀ပန်းချီကားကို
ဆေးရောင်လှလှခြယ်သပေးတဲ့
အိပ်မက်လေးရဲ့ ချစ်သူဖြစ်ခွင့်ရတာလဲ
ငါ့ဘ၀မှာ ဘယ်သောအခါမှ
နောင်တမရှိတဲ့ ဘ၀စာမျက်နှာတချို့ပါ  ။

လွင်ပြင်လှိုင်းငယ်

0 comments:

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :