ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

တန်ဖိုး

Saturday 5 May 2012

လမင်းမရှိတဲ့ညက ကြယ်အလင်းက
တန်ဖိုးပိုရှိသလို
လမင်းမရှိတဲ့ညမှာပဲ
လမိုက်ညရဲ့ အရသာကို
စမ်းတ၀ါးဝါးခံစားရင်း
တိမ်တွေပေါ်လိုက်စီးရင်
ကမ္ဘာမြေထံသို့
တန်ဖိုးဆိုတဲ့ ကဗျာတစ်ပုဒ်လောက်တော့
ရွာချလိုက်ချင်တယ်  ။

ပန်းတစ်ပွင့်ကို
နွမ်းခြောက်သွားမှ
လန်းစေချင်လို့
နေညမပြတ်ရေလောင်နေမယ့်အစား
မနွမ်းခင်က တန်ဖိုးထား
ရတဲ့ မွှေးရနံ့
ဘယ်ဘက်ရင်ဘတ်အောက်မှာသိမ်းထား
ဘယ်တော့မှ မနွမ်းမယ့်ပန်း  ။

ကာရံအပြည့်နဲ့
ကဗျာတစ်ပုဒ်တော့
ဟန်လုပ်ပြီး မရေးချင်ဘူး
ကာရံမဲ့တဲ့ ကဗျာမဟုတ်တဲ့
ခံစားချက်တစ်ပုဒ်လောက်တော့
ရင်ဘတ်နဲ့ရင်း
နှလုံးသွေးနဲ့ရေးပြချင်တယ်
တန်ဖိုးရှိမရှိတော့မသိဘူး
မြတ်နိုးမိတာတော့အမှန်ပါပဲ  ။

အပြောမလွယ်ပါနဲ့
ချစ်တယ်ဆိုတာ
လမ်းဘေးက ဈေးသည်ကို
ခေါ်သလောက်မလွယ်ပါဘူး
ချစ်ဖို့ဆိုတာလွယ်ပေမယ့်
ချစ်တတ်ဖို့ရန် ခက်ခဲသည်မို့
အချစ်ကို လမ်းဘေးမှာချမရောင်းမိဖို့
သင်သတိပြုသင့်သည် 
အချစ်၏တန်ဖိုး
ဘယ်ပညာရှင်မှ တန်ဖိုးမဖြတ်တတ်ပါဘူး  ။

ကျွန်တော်သူ့ကို ချစ်တယ်
သူကျွန်တော့်ကိုချစ်တယ်
အဖြစ်နှစ်ခုမှကြားမှာ
ရှိတာတစ်ခုပဲရှိတယ်
နားလည်မှု့သံယောဇဉ်တွေအုပ်မြစ်ချ
သစ္စာတံတိုင်းအထပ်ထပ်ကာရံပြီး
မေတ္တာအမိုးအကာလေးနှင့်
အပြစ်တွေကို အချစ်နဲ့ပြင်ဆင်
အချစ်ကို တန်ဖိုးထား
ဘ၀မှာ ဘယ်တော့အခါမှ
အထီးကျန် ခြောက်သွေ့တဲ့ညတွေ 
မကြုံတွေ့မှာ အမှန်ပါပဲဗျာ  ။

လွင်ပြင်လှိုင်းငယ်
 

7 comments:

ဖြိုးဇာနည် said...

အိုးးးးးးလန်းလှချေလားဗျာ့
တန်ဖိုး ဆိုတာလွယ်လွယ်ပြန်မရနိုင်တော့လေ
ပိုတန်းဖိုးကြီးလေပါပဲ့အချစ်ကို လွယ်လွယ်
ခေါ်လို့မရဘူး ဟုတ်တယ်နော့်ဒါကြောင့်အချစ်ရဲ့
တန်ဖိုးကို နားလည်ကြတာ

စံပယ်ချို said...

အထီးကျန် ခြောက်သွေ့သူတွေ
အချစ်ရဲ့တန်ဖိုးကိုနားလည်ပြီး
သူချစ်ကိုယ်ချစ်အမြန်တွေ့ပါစေလို့

ချစ်စံအိမ် said...

အထီးကျန်ချင်ကင်းကြပါစေ ဟီး
ကဗျာလေးအရမ်းကောင်းတယ်

Snow May said...

ကဗျာလေးက ပြောစရာမလိုအောင် ကောင်းတယ်. ကွန်မန့်က မမစံပယိရဲ့ ဆုတောင်းပေးတာ အမြန်ပြည့်ရပါလိုအိလို့ :)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာတစ်ပုဒ်ကို ဟန်လုပ်မရေးချင်တဲ့ ကိုလွင်ပြင်ရဲ့ စိတ်ထားလေး လှတယ်..

ခင်တဲ့
ဝသုန်

အလွမ်းမြို့ said...

လွင်ပြင်ရေ။

ကဗျာလေး လာဖတ်သွားတယ်။
အားပေးနေတယ်.


ခင်မင်တဲ့
အလွမ်း

ရင်ဆူး said...

ဟုတ်တယ်အစ်ကိုရေ အချစ်ကိုတန်ဖိုးထားနေရင် အချစ်ကလည်း ကို့ကိုပြန်ပြီးတန်ဖိုးထားမှာဘဲဗျ....အဲဒါဆို အထီးကျန်ခြောက်သွေ့တဲ့ညတွေမရောက်လာဘူးပေါ့ဗျာ..ကောင်းတယ်အစ်ကိုရေ......ခံစားသွားပါတယ်....

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :