ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ပြန်လာပါတော့ မီး ရယ်

Thursday 24 May 2012

မိုးရွာပေမယ့်
ထီးမပါလဲ
လမ်းလျှောက်လို့ရတယ်။

နေပူပေမယ့်
ဆောင်းစရာမရှိလဲ
ခေါင်းမှာ မီးထတောက်စရာ
 အကြောင်းတော့မရှိပါဘူး။

ဆောင်းမှာ အေးခဲနေပေမယ့်
မီးပုံဘေး စောင်ကြမ်းလေးနဲ့
ကွေးလို့ရသေးတယ် ။

အခုတော့
မီးကမလာ
ဆက်သွယ်ရေးတွေ ပြတ်
စာကျက်တဲ့ ကလေးတွေရဲ့ ဖယောင်းတိုင်းမီးကရော
အိမ်တွေကို မလောင်ကျွမ်းနိုင်ဘူးလို့
သင် အာမခံရဲလား  ။

ညအခါ လသာသာ
ကစားမလား နားမလားတဲ့
ငယ်ငယ်ကသင်ဖူးတာပါ
နေ့ညအခါ မီးတွေလာ
စာကျက်မလား အလုပ်လုပ်မလား
ဒီလိုစာတွေ သင် ချင်ခဲ့တာပါ
အခုတော့
လ ကို အားကိုး
ကစားဖို့နဲ့ နားဖို့ပဲ သင်ပေးလိုက်တော့
အမေ့သား အပျင်းထူနေတာပေါ့ ဖေတို့မေတို့ရေ။

မီးဘေးရှောင် မလောင်ခင်တား
မီးကြေးဆောင် မလာတာကများ နေတော့
ဖယောင်းတိုင်တွေမင်းမူ
မီးခွက်တွေ အိပ်ငိုက်တော့
ပြာဖြစ်ရ အိမ် ယာ တွေ ။

ရေကာတာတွေက ဖားရှာဖို့လား
ဆည်မြောင်းတွေက ငါး ဖမ်းဖို့ပဲလား
လျှပ်စစ်မီးဆိုတာ ဆည်ထဲမှာ ရေ ရှိရင်ဖြစ်ပေမယ့်
ပိတိတွေဖြာနေတဲ့ ပြည်သူတွေမျက်နှာ
လျှပ်စစ်ရောင်စုံမီးကြားမှာ မမြင်လိုလို့များ
ရေကာတာ တွေမှာ ရေတွေခန်းခြောက်နေတာလား ဖေတို့ မေတို့ ရေ။

16 comments:

ခရစ္စတလ် said...

သူလာလာ မလာလာ ကိုယ်က စောင့်ရတာ...
အချိန်တန်ရင် မီတာခတွေ များများဆောင်ရတာာာား)

မြသွေးနီ said...

ကဗျာလေး မီးမပျက်ခင် ကသောကမျော ဖတ်သွားပါတယ် လွင်ပြင်ရေ...

မင်းမုန်းတဲ့သူ said...

မီးကအိမ်မှာကိုမနေဘူးကိုလွင်ပြင်ရာ
မီးက...အိမ်နီးချင်းနိုင်ငံတွေလျှောက်လည်နေတယ်

ချစ်စံအိမ် said...

မီးမလာတော့ဘူး ကိုလွင်ပြင် မီးတရုတ်ပြည်သွားတော့မယ်.. fb မှာဖတ်မိတာလေဟီး.. လာပါတော့မီးရယ်..

ညီရဲ said...

ကောင်းလိုက်တဲ့ ကဗျာလေး... ရေးထားတာလေး ကောင်းလိုက်တာဗျ... မီးမလာရင် လူတွေ တော်တော်ကို ဒုက္ခရောက်ကြတာကလား... ဒါကြောင့် မီးလေးတော့ မှန်စေချင်ပါတယ်ဗျ...

လင့် အသစ်ကို ခုမှ ပြန်ချိတ်သွားပါတယ် အစ်ကို...

နွေလ said...

ငါတို့အစ်ကိုများ ကလောင်သွားထက်လိုက်တာ
ဓားသွားထက်တောင် ပြတ်တယ်
အဟဲ ... သူလည်း ဆန္ဒပြနေတယ်

ဟန်ကြည် said...

မီးက အိမ်ထဲမှာသာ မမှန်တာ...သူများအိမ်ကနေ ကိုယ့်ဆီကို ပြန်လာတော့ မှန်သားပဲ...ဟဲဟဲ ဒါပေမယ့် အိမ်ရှင်ကနေ ဧည့်သည်ယောင်ဆောင်ထားတာမို့ ဧည့်ခံစရိတ်ကတော့ ဘာကြီးသလဲ မမေးနဲ့ တစ်လတစ်လကို မီတာခချည်းပဲ လေးသောင်းလောက် ပြတ်ရော...

Snow May said...

အရင်က မီးပျက်ရင် ဖယောင်းတိုင်မီးတွေနဲ့... နောက်တော့ တရုတ်လုပ်မီးစက်သံ တဒုန်းဒုန်း.. ဆီညှော်နံ့တွေနဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရတယ်..။ ရေနံဆီမီးခွက်လေးတွေနဲ့ ဘ၀တွေလည်း အခုထက်ထိ ရှိနေကြဆဲပဲထင်ပါတယ်.။

စံပယ်ချို said...

ပြည်သူတွေအလင်းရောင်မြန်မြန်ရကြပါစေ

မျိုးဆက်သစ်မှတ်တိုင် said...

ကိုလွင်ပြင်ရေ

မီးကဗျာလေးက အစ အလယ် အဆုံး သုံးပါးလုံး
ဘာမှ ပြောစရာ မရှိအောင်ကို ကောင်းတယ်..
အရမ်းလဲချီးကျူး ဂုဏ်ယူပါတယ်..စာသားလေးတွေက
ထိတယ် မိတယ် မိုက်တယ် လန်းတယ် ဆန်းတယ်..
ဒါကြောင့်မို့ ဘုန်းဘုန်းရဲ့ဒိုင်ယာရီထဲမှာ မှတ်ထားလိုက်ပီ..
အစပထမတော့ မီးဆိုလို့ အဆိုတော် တွံတေးသိန်းတန်ရဲ့ ဦးဆိုတဲ့ မီးကိုဆိုလိုတယ် ထင်ခဲ့တာ..နောက်ဆုံးတော့ အီးဘီစီမီးကိုဗျ..
ဆက်လက်အားပေးလျှက်..
မျိုးဆက်သစ်မှတ်တိုင်

Unknown said...

အကိုရေ အနော် အမြဲရောက်တယ်နော်
အကိုရဲ့ ကဗျာတွေ ကိုကွန်မန်းပေးဖို့
စကား မလုံလောက်လို့ ဒီအတိုင်းလှည့်
ပြန်ပြန်သွားရတား(
အခုလည်း ဘာပြောရမှန်းတောင်
မသိတော့ပါဘူးအကိုရာ

ကြည်ဖြူခင်ခင် said...

မီးတွေ အမြန် ပြန်မှန်ဖို့ ၀ိုင်းဆုတောင်းပေးနေပါတယ်.. လွင်ပြင်ရယ်..

ဆောင်းသဇင် said...

နေရာတိုင်းမှာ မီးရပါစေလို့  ဆန္ဓပြုလိုက်ပါတယ် ကိုလွင်ပြင်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ငယ်ငယ်က အော်ခဲ့ဖူးတဲ့ မိုးမဝါပဲကြာလေပီ မိုးကီးလေကီးလာလေပီ ဆိုတဲ့ ရိုးရာကဗျာလေးကို သတိရမိတယ်။ ခုတော့ မီးမလာပဲကြာလေပြီ .. မီးစက်တွေများလာလေပြီ လို့ ဆိုရမလားမသိ..

ခင်တဲ့
ဝသုန်

မိုးခါး said...

အားလုံးက မီးကိုမျှော်နေတယ် မီးရယ် .. လာပါတော့ .. :D

ချစ်ခင်စွာဖြင့်
မိုးခါး

အိပ်မက်ကောင်းကင် said...

မှန်လိုက်တဲ့ ကဗျာတစ်ပုဒ်ပါလား ဟဲ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :