ပန်းစံပယ်
ရနံ့က ကြူကြူမွေး
အရောင်က ဖြူဖြူဖွေးနဲ့
မိုးသားမမျှော်
ရေလောင်းလဲပွင့်
သူ့အကျင့်က
မမှီခိုတဲ့ ပန်း။
ပန်းစံပယ်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါဘူး
အထီးကျန် တပင်တည်းပွင့်တဲ့ပန်းမဟုတ်လို့
ရိုးတံတွေ ခိုင်ခိုင်နဲ့
စည်းလုံးတဲ့ ပန်း။
ပန်းစံပယ်
ရနံ့တွေ မရိုင်းသလို
ဖူးစမှသည်
ကြွေလွင့်တဲ့ထိ
မွေးရနံ့တွေးဖြန်းပက်လို့ရယ်
ဝန်းကျင်ရပ်ရပ်
မွှေးလွန်းသည့် ပန်း။
ပန်းစံပယ်
ဆူးသားမ၀ိုင်း
ကိုင်းဖျားထိပ်ဆီ
မိုးလေမကြောက်
နေလောင်ထိလဲ ညိုးနွမ်းမမြန်တဲ့
ရဲရင့်သည့်ပန်း။
ပန်းစံပယ်
အမျိုးတူပြီး
အရောင်ကွဲပြား
ရနံ့တွေမတူညီတဲ့
ပန်းမျိုးပေါင်းလယ်
အဖြူပဲပွင့်
တမျိုးတည်းရနံ့နဲ့
သစ္စာဒီပန်း
စံပယ်ပန်း။
လွင်ပြင်လှိုင်းငယ်
စံပယ်ချိုအတွက် အမှတ်တရနေ့လေးမို့ သူ့အတွက် အမှတ်တရရေးထားသောကဗျာလေးက ပြန်တင်ထားပါသည်။
20 comments:
စံပယ်ပန်းကိုဖွဲ့ ထားပုံအရမ်းကောင်းတယ်..
လမင်းစံပယ်ပန်းတွေလည်းပွင့်တော့မယ်..အဖူးတွေလိုက်လာပြီ...ဟဲဟဲကြွားသွားတာ
ကျနော်တော့ ဟိုသီချင်းသွားသတိရတယ်..ပန်းစပယ်..နန်းလယ်ပေါ်ခိုက်တာမို့..အလိုက်တော်တန်သင့်ရုံပါ့..ခံပွင့်ကိုကုံး....ဆိုတာလေ
တော်တော်ချစ်ကြတာပဲ
အဟဟ့အားတောင်ကျချင်လာပီ
ရေးရမဲ့သူလဲရှိဝူ့း့
အသစ်ပွင့်လာတဲ့ စပယ်ရနံ့သစ်လေးကို လာရောက်နမ်းရှိုက်
သွားတယ်ဝေး....
မဂျက်တော့ မသိဘူးကိုလွင်ပြင်ရေ
ကျွန်တော်တော့ ပန်းစံပယ်ကဗျာလေးဖတ်ရတာ
မဂျက်အစား ကြည်နူးလိုက်တာဗျာ
နူးညံ့မှုတွေနဲ့ ဖွဲစည်းထားတဲ့ ကဗျာလေးတပုဒ်ပါ
ကိုလွင်ပြင်ရဲ့ ရေးဖွဲ့ မှုလေးအတွက်
မဂျက်တယောက်ပျော်ရွှင်ပါစေနော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
ကဗျားလေးကောင်းလိုက်တာ...စံပယ်နံ့လေးတွေတောင်း ရသွားတယ်.....။ ဂျက်စ်ရဲ့ ကဗျာဆရာတော်ချက်နော်...။
အနီးဆုံးက ပန်းစံပယ်လေးနဲ့ ကဗျာလေးတစ်ပုဒ် ဖန်တီးလိုက်တယ်ပေါ့..။ စံပယ်မလေးတော့ ပီတိတွေ ဝေနေဦးမှာ သေချာတယ်.
စံပယ်ပန်းရဲ့ထူးခြားမှုလေးတွေဒီကဗျာဖတ်မှပဲသေချာသိ
တော့တယ်၊ ကဗျာလေးလန်းတယ်
လေးစားပါတယ်အကို
ပန်းစံပါယ် ဂုဏ်ပုဒ်
ကဗျာလေး လန်းတယ်အကိုရေ..
စံပယ်ပန်းရနဲ့လေးတောင် သင်းပျံ့လာ သလိုလို
မျက်လုံးထဲမှာ စံပယ်ပန်းတွေ တရစ်ဝဲဝဲနဲ့ ကဗျာလေးက ကောင်းလွန်းလှပါတယ်.
မမဂျက်စ် လဲ သိပ်နှစ်သက်မှာ ပဲနော်..
မမရဲ့ စိတ်ထားလေးတွေကို လဲ ကဗျာလေးထဲ ကနေတဆင့် မြင်လိုက်ရသလို ကိုလွင်ပြင်ရဲ့ ခံစားချက်တွေ မြင်လိုက်ရသလိုလိုနဲ့....အားလုံးကို ဝေမျှခံစားသွားပါတယ်
အိမ်မက်
ကဗျာလေး အရမ်းလှတယ်
စံပယ့်အကြောင်း ကဗျာလေးဖတ်သွားပါတယ်
မွှေးတာဗျကိုလွင်ပြင်။ မွေး တာလို့ဖြစ်နေတယ်။ မစံပယ်အတွက်ရေးတာဆိုတော့ သူလည်း ဖတ်ပြီးကြည်နူးမယ်ထင်ပါတယ်။ စံပယ်ကို ပိုမြင်တဲ့အကြည့်နဲ့ကြည့်ထားတာပဲ။ ကောင်းပါတယ်ဗျာ။ ခံစားသွားပါတယ်။ ပုံထဲက စံပယ်ဖူးလေးကိုတော့ သဘောကျမိရဲ့ဗျာ။
မစံပယ်ဘက်ရောက်ပြီး ကဗျာတွေ့တော့ ကိုလွင်ပြင့်မွေးနေ့ကိုတွေ့တယ်။ မွေးနေ့ဆိုတာ လူတစ်ယောက်ကို မွေးဖွားပေးတာတဲ့။ တစ်ကြိမ်မဟုတ်ပါဘူး။ အကြိမ်ပေါင်းများစွာမွေးဖွားပေးတာပါ။ ဒီနှစ်မွေးနေ့ကနေစလို့ ဒီထက်ပို ကောင်းတာတွေချည်းပဲ ဖြစ်ပါစေ။ အမျိုးဘာသာသာသနာအကျိုးလည်း ဆောင်ရွက်နိုင်ပါစေဗျာ။ နောက်တော့ကျနေပြီထင်ပါရဲ့။ ဆုတောင်းဆိုတော့လည်း နောက်မကျသေးဘူးထင်ပါရဲ့။
အင်း ခံစားချက်လေးကောင်းတယ် နော်
ပင်မြင့်မှာ မပွင့်လန်းပေမဲ့
ခြေရင်းမှာလဲ ၀ပ်ဆင်းမနေပါတဲ့.စံပယ်တွေကိုနှစ်သက်သလို....
ပင်မြင့်ကနေ..မြေပြင်ပေါ်..ကြွေလွှင့်သက်ဆင်းခဲ့ပြီးမှ...တိတ်ဆိတ်စွာ..ကောက်ခဲ့ရတဲ့..ပန်းခရေကိုလဲ..မြတ်နိုးပါတယ်
ကြည်နူးစရာကောင်းလိုက်တာဗျာ
လင်မယားနှစ်ယောက်
တစ်ယောက်နဲ့တစ်ယောက်
ကဗျာလေးတွေဖွဲ့ပြီး
ချစ်ကြည်နူးနေကြတာ
ပျော်ရွှင်ပါစေ အစ်ကိုနဲ့အစ်မရေ
ပန်းစံပယ်တဲ့ တိုက်ဆိုင်သွာပြန်ပြီဗျာ.......
အင်း.. ကဗျာလေးအရမ်းမိုက်တယ်နော်.. စံပယ်ကို ပုံဖော်ထားတာ အရမ်းကောင်းတယ် အကိုရေ...
Post a Comment