မယားစိတ်ချမ်းသာအောင်
ဘီယာဆိုရင် ရှောင်
အရက်ဆို ယောင်လို့တောင် လှည့်မကြည့်နဲ့
ချစ်ရင်မမူးနဲ့ မူးရင်မချစ်နဲ့ဗျ။
ဘီယာဆိုရင် ရှောင်
အရက်ဆို ယောင်လို့တောင် လှည့်မကြည့်နဲ့
ချစ်ရင်မမူးနဲ့ မူးရင်မချစ်နဲ့ဗျ။
ချဲ ထီ ဘောလောင်း
အနှိပ်ခန်းမှာ ပျော်
မကောင်းတဲ့နေရာမှာ တော်တတ်တဲ့
ဘော်ဒါဘော်ကျွတ်တွေလဲ
ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ပါ့မယ် ။
လက်ဖ၀ါးတော်နုနုမှာ
သွေးချေ ဥ မလား
ခြေဖ၀ါးတော်လေးများ အက်ကွဲမလားနဲ့
ဒီမောင်မှာ အတွေးပေါင်းများစွာနဲ့မို့
လေးပင်ရင် ချည်မျှင်တောင်မသယ်ပဲ
မီး ဖိုချောင်ဆို ယောင်လို့တောင်မလာနဲ့
ထု ထောင်း ချက်ပြုတ် မောင်ပဲလုပ်မယ် ။
ချူချူချာချာနဲ့ လူဖြစ်လာတဲ့ သဲဦး လေးမို့
ခြေလက်အေးရင်
နှာစေး ချောင်းဆိုး
ရောဂါတွေတိုးမှာစိုးလို့
အလျော် အဖွတ်
မီးပူဆိုလဲ မောင်ပဲတိုက်မယ်
ဘေးနားမှာ အေးအေးလေးပဲထိုင်နေကွယ် ။
ပိုက်ဆံဆိုတဲ့အရာ
ယောက်ျားတွေနားထားရင်
မမှားသင့်တာ မှား
မသွားအပ်တဲ့နေရာတွေ သွား
များများဖြုန်းတော့ ဘ၀ပါ ပါးမှာမို့
မောင် ရှာသမျှ
မေ့ ကိုသာ အကုန်အပ်ထားပါမယ့် အိမ်ရှင်မလေးရယ် ။
စာရင်းတွေချူပ်
ရင်ထဲကရေးချရရင်
အချက်အပြုတ် မောင့်အလုပ်
လက်သည်းဆိုး တာ "မ" အလုပ်
လျော်တာ ဖွတ်တာ မောင့် တာဝန်ထား
မိတ်ကပ်လိမ်းခြယ် ရှောပင်ထွက်ရင်း
လိုသမျှ ၀ယ် "မ"တာဝန်ကွယ်
များများရှာ နဲနဲသုံး
ရသမျှအပ်
ယောက်ျားမြတ်
လှလှဝတ် များများသုံး
လိုသမျှဝယ်
မိန်းကလေးရယ် ။
မှတ်ချက်။ ။ဟာသအနေနှင့်ရေးဖွဲ့ခြင်းဖြစ်ပါသည် ။မည်သူနှင့်မှ မသက်ဆိုင်ပါ။ အနည်းငယ် ပြုံးမယ်ဆိုရင်
ဟာသလေးအတွက် ကျေးနပ်ပါသည်။
လွင်ပြင်လှိုင်းငယ်
16 comments:
အမြည်းဖတ်ကတည်းက ပြုံးပြီးသား....း))
အပြောကတော့တော်ချက်
နေညိုရင်ဖြင့် လေပြိုမစောင့်နိုင်ဘူး
အထာတွေမပိုပါပဲ ပြေးမယ်ကွဲ့ ထန်းတော
ကဗျာထဲက သူက ယောက်ျားမဟုတ်လောက်ဘူး။စက်ရုပ်ပဲဖြစ်မယ်။ ဟီးဟီး
အိမ်က လူကြီးကို ပေးဖတ်ရမယ်...
ဇရာအိုနဲ့ ကညာပျို ဇာတ်ကားထဲက စံရှားတင် သီချင်းလေး သတိရသွားတယ်၊ လင်ချစ်ဆေးဖေါ်တဲ့ ဟိဟိ :P
အဲ..ထောင့်ကိုစေ့နေတာပဲ
ကိုယ်တွေ့ပဲ ဖြစ်ရမယ်... :)
ဂစ်ဂစ်... မယားဖားဆေး ပါဗျာ...
ညာနေမှန်းသိသိနဲ့..ဇွတ်ကိုပဲချစ်ကြတာလဲ..များတို့မိန်းမသားပါတွေရှင်...အဲလေ...ယောင်လို့..မိန်းမသားတွေပါခင်ဗျာ..ဟိဟိ
အဲဟဲ....
ဘာခုမှ ဟာသလေး ဘာလေးနဲ့
ရှက်ရန်း ရန်းတယ်ဆိုတာ အဲဒါပေါ့)း
ကျုပ်တို့လည်း လေ့လာသင်ယူရဦးမယ်
ဒီဘွတော့ ထင်ပါဘူး အထုံပါသွားအောင်လို့
အာဂုံဆောင်သွားမလို့ပါ။
ကိုယ်တွေ့...ဟုတ်တယ်ဟုတ်
အကိုကတော်တော်လေးကိုချစ်တာပဲနော်...ဟိဟိ ;p လက်တွေ့ဖြစ်မယ်
ပြုံးသွားပါတယ် ခင်ညာ..ဂျက် ကံကောင်းတယ် ခင်ဗျ...
ဟဟဟ
ပြောလို့ရတာမဟုတ်ဘူး... ကိုလွင်ပြင်လည်း အဲ့လိုဖြစ်ရင် ဖြစ်နေမှာ.. ချစ်တာကိုးလို့ ဟုတ်တယ်ဟုတ် :P
မောင်လေးရေ
ကျေးဇူးပြုပြီး လင်ချစ်ဆေးလေးလည်း ရေးပေးပါအုန်းလားဟင်။
မမကျား
အမယ်...သူကိုယူချင်တဲ့မိန်းခလေးတွေများအောင်...ေ၇းပြထားလိုက်တာ.မောင်ကြွားပို..
ဒီလောက် ချစ်တတ်တဲ့သူကို ပိုင်ဆိုင်ခွင့်ရတဲ့သူကတော့ ကံအကောင်းဆုံးလူပါပဲ။ ဟာသအနေနဲ့ ရေးတယ်ဆိုပေ မယ့် တကယ့်လက်တွေ့ဘ၀ကို နီးနီးစပ်စပ် ထင်ဟပ်နိုင် တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ။ ရသမြောက်တဲ့ ကဗျာ လေးတွေ နှစ်သက်အားကျစိတ်နှင့် ဖတ်ရှုသွားပါတယ်။ :)
Post a Comment