ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကဗျာတွေပျိုးတဲ့ သံစဉ်ပန်းချီရဲ့ ပဲ့ကိုင်ရှင်မလေး

Tuesday 12 June 2012

ကာရံတွေစုပ်ယူထားတဲ့
မင်းနှုတ်ခမ်းက
သွန်ချလိုက်တဲ့
ခံစားချက်တွေက
ငါ့အတွက်
တန်းဖိုးဖြတ်မရတဲ့ကဗျာတစ်ပုဒ်ပါ  ။

သံစဉ်တွေ စီးမြောနေတဲ့
မင်းလက်တစ်စုံရဲ့
အထိအတွေ့မှာ
ငါဟာ
ကမ္ဘာကျော်တေးသွားတစ်ပုဒ်
နားဆင်လိုက်ရသလိုမျိုးပဲ ။

ကောင်းကင်မှာ တိမ်တွေ ပန်းချီခြယ်သလို
ငါ့နှလုံးသား လွင်ပြင်မှာ
မင်း နှလုံးသွေးစပ် ခြယ်သထားတဲ့
အဖြူရောင် အောက်ခံ
အပြာရောင်သွေးသား(ဆေးသား)တွေကေ
တာ့
သံသရာအဆက်ဆက်ဖျက်ရတော့မယ် မထင်ပါဘူး  ။
အမြစ်တွေ ရေငတ်
ခြောက်သွေ့တဲ့ အကိုင်းအခက်နဲ့
ပင်စည်ကမခိုင်
ယိုင်လှဲလု သစ်ပင်ကိုမှ
မေတ္တာရည်ရေလောင်း
ထက်မြက်တဲ့ လက်စုံနဲ့
ပြုစုပျိုးထောင်
မင်းဟာ
ငါ့ရဲ့ ဥယျာဉ်မှူးတစ်ယောက်ပါ  ။

လေတွေဘယ်လောက် ရမ်းရမ်း
လှိုင်းတွေဘယ်လောက်ကြမ်းကြမ်း
ကမ်းဆိုတဲ့ နေရာကို
အရောက်လှမ်းဖို့
ကံကိုပုံမချပဲ
တက်မရှိရင်တောင်
လက်ထဲမှာ ချစ်ခြင်းတွေ ဆုပ်
အပြုံးတစ်ချက်မပျက်ပဲ
လိုရာခရီးကို မညှီးမငြူ ပို့ဆောင်ပေးတာ
မင်းဟာ ငါ့ဘ၀ရဲ့ ပဲ့ကိုင်ရှင်လေးပါ ။


လွင်ပြင်လှိုင်းငယ်

19 comments:

Latt Latt said...

ကဲ စံပယ်ရေ စံပယ်ကို အမွှန်းတင်ထားပါလား။ ရေးထားတာကောင်းလှပါတယ်

Yoemyaykya said...

တက်မရှိရင်တောင် အချစ်ရှိရင်ရပြီ။ ဒီ ကဗျာမောင်နှံကတော့ အရမ်းလိုက်ဖက်တယ်။ နတ်ဖက်တဲ့ စုံတွဲပဲ။ သူများစကားငှားပြောတာ။

မျိုးဆက်သစ်မှတ်တိုင် said...

သံစဉ်တွေ စီးမြောနေတဲ့
မင်းလက်တစ်စုံရဲ့
အထိအတွေ့မှာ
ငါဟာ
ကမ္ဘာကျော်တေးသွားတစ်ပုဒ်
နားဆင်လိုက်ရသလိုမျိုးပဲတဲ့..
ဖွဲ့နွဲ့ချက်ကတော့ အရမ်းထိမိတယ်

Anonymous said...

ဂျက်ရေ အရမ်းချစ်တတိတဲ့ချစ်သူကိုရထားတာဆိုတော့
ဟင်းကောင်းကောင်းချက်ကျွေးလိုက်နော် .ဟိ.
ဆထက်ထမ်းပိုးပိုချစ်နိုင်ကြပါ့စေသောဝ်...

တတိယမြောက်သမီးတော် said...

စောန ကရွေးတာမှားသွားလို့

ဟန်ကြည် said...

ချစ်ခြင်းဖွဲ့ကဗျာပေါင်းများစွာကို မရိုးနိုင်အောင် ရေးတတ်လွန်းတဲ့ ကိုလွင်ပြင်ကိုတော့ အမှတ်ကြီးကြီးတစ်မှတ်ပေးရတော့မှာပဲ ... ဒီမှာကလည်း ကဗျာဉာဏ်ခမ်းချက်ကတော့ တစ်ကြောင်းတစ်ပါဒမှကို ထွက်မလာတာရယ်...စိတ်ကူးလှလွန်းတာကိုတော့ မချီးကျူးဘဲကို မနေနိုင်တာ ၀န်ခံရတော့မှာပါပဲဗျား ...

စံပယ်ချို said...

ရေးထားတာကတော့ လန်ထွက်နေတယ်နော်
လက်တွေ့နဲ့တခြားစီဖြစ်ရင်တော့ အတွေ့ပဲ

Anonymous said...

အမြဲတန်း ပဲ ကဗျာလေးတွေ နူးညံ
လွန်းတယ်အကိုရေ.အားပေးရင်းး..
ညီလေး ကိုရီးယား ကာစွဲလန်းနေလို့
ခုမှ ရောက်တာ ဆောတီး အဟးီး ဟီးးး

(ဒုတိယ)

ချစ်စံအိမ် said...

ကဲလွင်ပြင်ရေ မမဂျက်တော့ ပြောနေပြီနော်.. :P
လေးစားတယ် အားကျတယ် .. အရမ်းကောင်းတယ်..
နောက်ထပ်ကဗျာများစွာရေးဖွဲ့ နိုင်ပါစေ..

Cameron said...

ကဗျာလေးကအရမ်းကောင်းတာပဲ....။ စံပယ်ပြောသလိုပဲ ရေးထားတာနဲ့ လက်တွေ့ဖြစ်ပစေ ကိုလွင်ပြင်...။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကဗျာလှလှကလေးကို ဖတ်ရင်း ကျေနပ်သွားပါကြောင်း။

နူးညံ့တဲ့ကဗျာတွေမှာတော့ ကိုလွင်ပြင်နဲ့ ဒေါ်လေးဂျက် ကို မီမယ့်သူတွေ့သေးဘူး..

မိုးသူ(တောင်ကြီး) said...

ကဗျာလေး ခံစားသွားပါတယ်ကိုလွင်ပြင်ရေ
ရေးလဲ ရေးတတ်တယ်
မဂျက်ကတော့ပျော်နေရှာမှာပဲနော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Unknown said...

မမကို ညွှန်းထားလိုက်ပုံများ
အကိုနော်..ကဗျာထဲကအတိုင်း လက်တွေ့ဖြစ်ပါစေ..:P

ခင်တဲ့

နွေတေးရှင်(မင်းဧရာ) said...

အင်းးးး..........
လူပျိုကြီးတွေ ကသိကအောက်ဖြစ်အောင် လုပ်နေကြသလား ဟင်....

ဒုတိယ အပိုဒ် ကိုဖွဲ့သွားတာ အရမ်းကြိုက်တယ်ဗျာ။

Angelhlaing(May everybody be happy and healthy! said...

မနာလိုဘူးဟေ့.....:):) ရင်ဂိုရဲ့ သီချင်းသတိရသွားလို့ပါ အကို...

မြသွေးနီ said...

အပြောနဲ့အလုပ်ညီပါစေနော်...
မဟုတ်ရင်တော့
ကြိမ်းဝါးသူက ကြိမ်းဝါးနေကြပြီ.. :D

htawoo said...

ပြောသလို မလုပ်လို့ ကတော့
ဘလော့ဂါတွေနဲ့  ပူးပေါင်းပြီး
ဝင်ရိုက်ပေးချင်တယ်...
ဖြစ်တယ်မို့ လား...:D

ရာဇာထွေး said...

သူကရေးလိုက်၊ ကိုယ်ကရေးလိုက်နဲ့
အားကျမိပါရဲ့ လွင်ပြင်ရေ... ကဗျာ
တွေမိုးထားတဲ့ အိမ်လို့ ပြောထားတာ
အကိုမလွန်ပါဘူးနော်... အားပေးသွား
ပြီ လွင်ပြင်ရေ... အခုလိုကဗျာလေးတွေ
နဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ ညီလေးရေ...

ခင်မင်စွာဖြင့်
ကိုဖိုးကျော်

San San Htun said...

ပဲ့ကိုင်ရှင်လေးအကြောင်း လာဖတ်သွားပါတယ် ခင်ညာ..

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :