ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အနုပညာအချစ်နှင့် လွင်ပြင့်အချစ်

Thursday 21 June 2012

အကြီးကြီးချစ် အကြင်နာအားခပ်ပြင်းပြင်းနဲ့

အနစ်နာခံရင်း ဘ၀တွေအစိတ်စိတ်အမွှာမွှာဖြစ်လဲ

ချစ်ပြီးရင်း ချစ်တတ်တဲ့

ရုပ်ရှင် မင်းသားတစ်ယောက်ရဲ့ ကောင်းကွက်ဟာ

          နှစ်နာရီလောက်ပါပဲ

ဘ၀ထက်ချစ် ဝေးနေရင်တောင် စိတ်ကူးလေးနဲ့ ကြင်နာမယ့်

အေးအတူ ပူရင်မမျှချင်တဲ့ ငါ့ရဲ့ ချစ်ခြင်းကတော့

         နှစ်ဘ၀မကတဲ့ ဘ၀များစွာ အတွက်ပါ ။


သီးခံစိတ်တွေ ရင်မှာထွေးပြီး

အိပ်ပျက်ညထောင်သောင်းများစွာနဲ့

အလွမ်းတွေကို သီးကုံးထားတဲ့

ဝတ္ထုလေးတစ်ပုဒ်ရဲ့ စာမျက်နှာဟာ

         တစ်ထောင်မကျော်ပါဘူး

မင်းရဲ့ အပြစ်မှန်သမျှကို ချစ်ခြင်းတွေကို နှလုံးသွင်းပြီး

        နားလည်မှု့တွေနဲ့

ခဏတာဝေးရင်တောင် ဆယ်ဘ၀တာဝေးတယ်ထင်တဲ့

ငါ့ရဲ့ချစ်ခြင်း စာမျက်နှာတွေက

ငါ့နှလုံးသား နံရံမှာ အပြည့်ပါ ။


အချစ် အလွမ်း အဆွေး

ခံစားမှု့ များစွာနဲ့ စပ်ဆိုထားတဲ့

သီချင်းကောင်း တစ်ပုဒ်ရဲ့

သီဆိုချိန်ဟာ

ငါးမိနစ်မကျော်ပါဘူး

နှလုံးသွေးနဲ့ရေး

ရင်ခုန်သံနဲ့ တီးခတ်

ခံစားမှု့အစစ်အမှန်နဲ့

 မင်းအတွက် မူပိုင်

ငါသီဆိုတဲ့ သီချင်းကတော့

ငါးကမ္ဘာတောင်မကပါဘူး  ချစ်သူရာ  ။



(ယခင်ကဗျာအဟောင်းလေးကို ပြင်ဆင်ရေးသားထားပါသည်)


လွင်ပြင်လှိုင်းငယ်
 

17 comments:

Cameron said...

သယ်ရင်းက အဟောင်းကိုဆားပြန်ချက် အချိုမှုန့်လေးရောထားတာကိုး...း)

3rdthameetaw said...

အဟေး..သူတို့တွေများချစ်နေလိုက်ကြတာ
ကမ်းကုန်ပဲ လွန်တယ် ကွာ..
ချစ်စရာမရှိတဲ့သူတွေအတွက်တော့ခက်ပါပေါ့

နွေတေးရှင်(မင်းဧရာ) said...

ချစ်ခြင်းဖွဲ့ လင်္ကာတွေဆင်
တစ်ယောက်ရင် ကို တစ်ယောက်ဝင်လို့။

(မြင်လှည့်ပါစမ်း ငယ်ကျွမ်းအချစ်ရယ် သူရို့လိုများ နှစ်ယောက်သားတို့မှာမလွယ်း)။

ကဗျာဖတ်ရင်းနဲ့ ဦးသိန်းတန် ကိုသတိရသွားလို့ ပါဗျာ။

ဖြိုးဇာနည် said...

ရင်ထဲကအချစ်ကို ကွန့်ထားတာ ကွန့်ထားတာ :)

မင်းမုန်းတဲ့သူ said...

ငါ့ရဲ့ချစ်ခြင်း စာမျက်နှာတွေက
ငါ့နှလုံးသား နံရံမှာ အပြည့်ပါ ။
ဟုတ်တယ်..ကိုလွင်ပြင်
ချစ်ခြင်းစာမျက်နှာတွေက
နှလုံးသားနံရံမှာအပြည့်ပါပဲ

Unknown said...

ငါ့အကိုကတော့ အမြဲ အချစ်ကဗျာလေးတွေ ရေးတယ်ဟေ့... တစ်ပုဒ်ပြီးတစ်ပုဒ် လုံးဝ မရိုးဘူး.. :)

ဟန်ကြည် said...

အဟား . . . ဒီတစ်ခါတော့ လွင်ပြင့်အလှည့်ကိုး . . . ဂျက်ကိုတောင် ပြောခဲ့သေး . . . နောက်တစ်ပတ်လောက်နေရင် လွင်ပြင့်ဆီမှာ ဂျက်ချစ်ခြင်းဖွဲ့တစ်ပုဒ် ဖတ်ရဦးမှာလို့ . . .

ဝထ္ထုရေးဆရာတို့၊ သီချင်းရေးဆရာတို့၊ အဆိုတော်တို့ ချစ်ပြတယ်ဆိုတာ ပိုက်ဆံရလို့ကိုး လွင်ပြင်ရဲ့ . . .ကျုပ်တို့ချစ်တာက ပိုက်ဆံကုန်ခံပြီး ချစ်တာမဟုတ်လား... တကယ်လို့များ နှစ်နာရီချင်းတူရင်တောင် လက်မထောင်ရမှာက အိမ်ရှင်ထီးတွေကိုးး)

Latt Latt said...

အဟောင်းကိုပြင်ထားတော့ ပြင်သစ် ဖြစ်သွားတာပေါ့။ စံပယ် အတွက် ကဗျာတွေ ရေးနိုင်ပါ့

Yoemyaykya said...

ချစ်လိုက်ကြတာနော်…….
လာအားပေးသွားပါတယ်…

ချင်းမလေး said...

ချစ်ချစ်လီ.... ချစ် :P
နောက်တာနော်...
အချစ်အကြောင်းဖွဲနွဲ့ ထားတဲ့ ကဗျာလေး
ခံစားသွားပါတယ်ရှင့်.း)

ချစ်စံအိမ် said...

ချစ်နိုင်ကြပါစေ..:)

ဧဒင်အချစ်ပုံပြင် said...

တကယ်ကိုအချစ် ဟီးရိုးဘဲဂျာ....

ကိုနော် said...

မင်းအတွက် မူပိုင်

ငါသီဆိုတဲ့ သီချင်းကတော့

ငါးကမ္ဘာတောင်မကပါဘူး ချစ်သူရာ ။
Like it!!!!

Angelhlaing(May everybody be happy and healthy! said...

သူများတွေ ချစ်နေတာမြင်ရတာ မနာလိုချင်ဘူးအကိုရာ....:P

roseayemaung said...

အားပေးခဲ့ပါတယ်ချင့်

မိုးသူ(တောင်ကြီး) said...

အညားးးးးးးး ယီးချစ်နိုင်ကြပါစေ ဗျာ
ဟီးးးး အားကျလို့ 
ကိုလွင်ပြင်နဲ့ မဂျက်တို့ စုံတွဲက
မနာလိုဖြစ်အောင် လုပ်တယ် ဂျာာာာာာာာာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးညချမ်း said...

“ဘ၀ထက်ချစ် ဝေးနေရင်တောင် စိတ်ကူးလေးနဲ့ ကြင်နာမယ့်
အေးအတူ ပူရင်မမျှချင်တဲ့ ငါ့ရဲ့ ချစ်ခြင်းကတော့
နှစ်ဘ၀မကတဲ့ ဘ၀များစွာ အတွက်ပါ ။”
၂ ယောက်လုံးအပြိုင်ချစ်နေလိုက်ကြတာ ... အားကျလာပြီနော် ... :)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :