ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘုရားပေးတဲ့ဆု

Sunday 24 June 2012

ကျောက်ရိုင်းတစ်ပွင့်ကို
အပြစ်အနာဆာမဲ့
ဖိုးဖြတ်မရတဲ့
ကျောက်ကောင်ြး
ဖစ်အောင်
ထက်မြက်တဲ့ လက်တစ်စုံနဲ့ နင်သွေးခဲ့တယ်  ။

ပန်းရိုင်းတစ်ပွင့်ကို
တော်ဝင်းပန်းတွေနဲ့
ရနံ့နဲ့အဆင်း
ပြိုင်လို့ရအောင်
အချစ်တန်ခိုးနဲ့
နင်ပျိုးခဲ့တယ် ။

ပတ်ဝန်းကျင်ကို
ကျဉ်းမြောင်းတဲ့ အကြည့်တွေနဲ့
ကြည့်တတ်တဲ့ငါ့မျက်လုံးတစ်စုံကိ
နင်အမုန်းခံေ
ဖါက်ထုတ်ပြီး
နားလည် ခွင့်လွတ်မှု့ မျက်ဝန်းတစ်စုံကို
နင့်အချစ်တွေနဲ့ အသစ်ထည့်ပေးခဲ့တယ် ။

အတ္တတွေနဲ့
ဖက်တွယ်ပြီး
အိပ်မက်ခါးခါး
ဆိုးရွားတဲ့ လမ်းမှားတွေကို
ရိုးသားပြီး ကြိုးစားတတ်အောင်
အသိတရားတွေပေးပြီး
အိပ်မက်ဆို ချို
လမ်းဆို ကောင်းမှ လျှောက်တတ်တဲ့ ခြေတစ်စုံလဲ
နင်ပဲလက်ဆောင်ပေးခဲ့တယ် ။

မနာလိုသူတွေများ
ဆရာလိုလို ဘာလိုလို လူတွေကြား
အမုန်းကို အပြုံးနဲ့ ခုခံ
အရှုံးတွေပဲလောက်ပဲရှိရှိ
စိတ်ပျက်အားမငယ်ပဲ
ရိုးသားတဲ့ အကျိုးအမြတ်ပွဲက
အမြတ်နှမ်းစေ့ပမာနဲ့
ဘ၀ကို တင်းတိမ်ရောင့်ရဲ
ဖတ်ကျော်ရဲအောင် လက်တွဲခေါ်ယူတာလဲ နင်ပဲလေ ။

ရှုံးတဲ့ပွဲမှာ အားပေးပြီး

နိုင်တဲ့ပွဲမှာ သန့်ရှင်းမှု့ ရှိ မရှိစစ်
ဆုံးရှုံးသွားတဲ့ ရလာဒ်အတွက်
အားနည်းချက်တွေကို သွန်သင်
နိုင်ပွဲအတွက် မာန်မတက်ပဲ
ခံစစ်ကောင်းကောင်းနဲ့
ဘ၀ကစားပွဲရလဒ်ကောင်းဖို့
နင်နေ့စဉ်လေ့ကျင့်သင်ကြားပေးခဲ့တယ်  ။

ဘ၀ခရီးကို လိုရာစီးဖို့
ရှေ့ကမြောင်းလဲ နင်ပဲဖောက်တယ်
အမြင့်ကိုပျံ 
လေဆန်ကို အန်တု
အတောင်တစုံရဲ့ စွမ်းအားလေးနင်ပေးထားတယ်
နားခိုဖို့ရန်
အေးရိပ် မေတ္တာ
နွေးထွေးမှု့အတွက်
ရင်ခွင်တံခါး အမြဲ  ဖွင့်ထားပြီး
အနှိုင်းမဲ့ ချစ်ခြင်းတွေနဲ့
အသက်ရှူတိုင်း တန်ဖိုးရှိအောင်
ပြုစုပျိုးထောင်တတ်တဲ့ နင် က
ငါ့ အတွက်တော့
ဘုရားပေးတဲ့ တန်ဖိုးအထိုက်တန်ဆုံး ဆုတစ်ခုပါ ချစ်သူရာ  ။

လွင်ပြင်လှိုင်းငယ် 

15 comments:

3rdthameetaw said...

ချစ်ဇနီင်္းအတွက် ဆက်လက်ထုဆစ်နိုင်ပါစေ.

စံပယ်ချို said...

အဲဒီဆုက
ပထမ ဆုလား
နှစ်သိမ့်ဆုလား

Yoemyaykya said...

အစ်ကိုရေ ကဗျာဖတ်ရင်းနဲ့ ကြက်သီးထလာတယ်။ အစ်ကိုတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို အားကျပါတယ်။

Cameron said...

အားကျတယ် ဒါပေမယ့် အားလဲမကျဘူး...ဟီးး..။

Angelhlaing(May everybody be happy and healthy! said...

မနာလိုချင်စရာ တော်တော်ကောင်းနေပြီ မမရေ..:):):)

khin said...

ဖောင်.မတူလို.နဲ.တူတယ် မမကျားဖတ်လို.မရဘူး။ ဒါပေမဲ.လာလည်သွားတယ်နော်

Latt Latt said...

လွင်ပြင် ရဲ့ အကောင်းဆုံးလက်ဆောင် စံပယ်

မြသွေးနီ said...

ပြိုင်ဘက်မရှိ ပထမဆုပေါ့လို့ ပြောလိုက်လေ... :D

ချင်းမလေး said...

ကိုလွင်ပြင်... ဘုရားပေးတဲ့ ဆုကိုတန်ဖိုးထားနော်...
အမြဲအဆင်ပြေပါစေလို့ ဆုတောင်းရင်း...

မင်းမုန်းတဲ့သူ said...

အားကျလိုက်တာအကိုရာ...
ဒီလောက်ချစ်တတ်တဲ့သူလေးရထားတာ

အလွမ်းမြို့ said...

လွင်ပြင်ရေ။
ရင်ထဲက စကားလုံးတွေကို ပေါ်လွင်အနှစ်သာရှိအောင်
ကဗျာလေးအဖြစ် ရေးတဲ့လက်နဲ့ ခံစားချက်တွေကို
လေးစားပြီးရင်း လေးစားရင်းပေါ့။
အားပေးသွားတယ်။ လက်ခုပ်ပါတီးခဲ့တယ်နော်။(ဖြောင်း...ဖြောင်း...ဖြောင်း)

ခင်မင်တဲ့
အလွမ်း

ချစ်စံအိမ် said...

နားခိုဖို့ရန်
အေးရိပ် မေတ္တာ
နွေးထွေးမှု့အတွက်
ရင်ခွင်တံခါး အမြဲ ဖွင့်ထားပြီး
အနှိုင်းမဲ့ ချစ်ခြင်းတွေနဲ့
အသက်ရှူတိုင်း တန်ဖိုးရှိအောင်
ပြုစုပျိုးထောင်တတ်တဲ့ နင် က
ငါ့ အတွက်တော့
ဘုရားပေးတဲ့ တန်ဖိုးအထိုက်တန်ဆုံး ဆုတစ်ခုပါ ချစ်သူရာ ။

မိုးသူ(တောင်ကြီး) said...

ပန်းရိုင်းတစ်ပွင့်ကို
တော်ဝင်းပန်းတွေနဲ့
ရနံ့နဲ့အဆင်း
ပြိုင်လို့ရအောင်
အချစ်တန်ခိုးနဲ့
နင်ပျိုးခဲ့တယ် ။

ကဗျာလေးက နူးညံ့ပြီး
အင်မတန်ချစ်ဖို့ ကောင်းတယ်
ဒီကဗျာလေးဖတ်ရတာ
စိတ်ထဲကို လန်းဆန်းသွားတယ်
ကျေးဇူးပါကိုလွင်ပြင်ရေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Candy said...

ပလေးဘွိုင်းသန်းနိုင်ရဲ့ ချစ်တဲ့သူမင်းဟာလည်း ဘုရားပေးတဲ့ဆုပါပဲ အဲသီချင်းလေး သွားသတိရတယ် :D

မိုးညချမ်း said...

ချစ်ဇနီးလေးဟာ ဘုရားပေးတဲ့ ဆုတစ်ခုဖြစ်တယ်လို့ ဖော်ညွှန်းပေးထားတဲ့ ဒီကဗျာလေးကို အားကျရင်းနဲ့ အားပေးသွားတယ်နော် ... :)

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :