ကောင်းကင်စာပွဲဝိုင်းပေါ်မှာ မောင့်ရဲ့ ချစ်သက်တမ်းရင့်လေလေ ပိုချိုလေလေဖြစ်တဲ့ အချစ်ဝိုင်း တစ်ခွက်ရယ် ၊ဧဒင်ဥယျာဉ်ထဲက ပန်းသီးထက် အရသာရှိမယ်ထင်ရတဲ့ မောင့်နှလုံးသားရယ် ၊ သဲဘုစုလေးရင်ဘတ်ထဲခဏခဏ၀င်ကြည့်ရင်းဖြစ်ပေါ်လာတဲ့ခံစားချက် ကဗျာစာအုပ်တစ်အုပ်ရယ် ၊
နေ့ခင်းဘက်က ဥသြဆီက သင်ယူထားတဲ့ တေးသွားတစ်ပုဒ်ကိုဖွင့်ထားရင်း ဒီညချမ်းမှာ စိတ်လန်းစေဖို့ ကြယ်တွေပေါ်မှာမောင်တို့နှစ်ယောက်အတူထိုင်ရင်းထိုင်ရင်း
တိမ်တွေတိုက်တဲ့ တိမ်လေညင်းအရသာကို ခံစားရအောင်နော် ။
တိမ်လေညင်းရဲ့ မောင်တို့နှစ်ဦးအပေါ်ပွေ့ဖက်တဲ့လက်တစ်စုံမှာ သဲဘုစုစိုက်ထားတဲ့ တိမ်လွင်ပြင်ပေါ်က စံပယ်ပန်းရနံ့တွေကရောထွေးနေပါ့လား ။မှတ်မိသေးတယ် တိမ်တွေပေါ်မှာ စံပယ်ပန်းစိုက်လို့ရပါ့မလားဆိုတဲ့
စိုးရိမ်သံလေးနဲ့ မောင့်ကိုမေးတဲ့ ဘုစုမျက်နှာလေးက တိမ်တွေပြိုမှာစိုးတဲ့ ကောင်းကင်ကြီးလို ငိုမဲ့မဲ့နဲ့ပေါ့ ။ကံကောင်းထောက်မစွာနဲ့ပဲ ရင်မှာပျိုးထားတဲ့ စံပယ်အမြစ်တွေရယ် မောင်တို့ချစ်ခြင်းတွေနဲ့ ဆုတောင်းပြီးစိုက်ထားတဲ့ ပန်းစံပယ်တွေဟာ အခုဆိုကောင်းကင်ဦးခေါင်းထက်တောင်ပန်ဆင်လို့ရတဲ့ ပန်းတွေအမြောက်အမြားပွင့်နေပြီနော် ။အော....မေ့တော့မလို့ မနက်စောစောက ပန်းတွေခူးပြီး သံယောဇဉ်ကြိုးလေးနဲ့ သီထားတဲ့ စပယ်တကုံး ဘုစု ကေသာထက် မောင် ပန်ဆင်ပေးရအုံးမယ် ။
ဘာလိုလိုနဲ့ ညလဲ အိပ်တန်းဝင်ချင်နေပြီး ထိုင်ထားတဲ့ကြယ်တွေလဲ အေးစက်နေပြီးထင်ပါတယ် ဘုစုလက်ဖျားတွေ တိမ်စက်တွေတောင်တွဲခိုလို့ မောင့်ရင်ခွင်မှာ ခဏလောက်မှေးစက်ရင်း ရင်ခုန်သံ တီးဝိုင်းရဲ့ မောင်တောင်းဆိုထားတဲ့ ဆုတောင်းဆိုတဲ့ သီချင်းလေးကို နားထောင်အုံးနော် ။
ကဲ.... သဲဘုစုခရုလေးရေ မျက်လုံးတွေလဲမှေးစင်းနေတဲ့ လမင်းကြီးလဲ အိပ်ချင်နေပြီထင်တယ် အလိုက်သိစွာနဲ့ပဲ မောင်တို့ ဒီညလေးကို နှုတ်ဆက်ရင်း သဲဘုစုလေးအတွက် ခင်းကျင်းထားတဲ့ နှစ်ယောက်တည်း ဧည့်ခံပွဲကို သိမ်းပြီး မောင်တို့အခန်းဆီပြန် မောင့်လက်မောင်းပေါ်အိပ် ပြီးရင် ပြောနေကြ ပြုံပင်မဟုတ်တဲ့ မောင်တို့ဇာတ်လမ်းပြောပြမယ်နော်.....
ဟို....တချိန်တုန်းက အရမ်းဆိုးတဲ့ ဂျစ်ကန်ကန်ကောင်းလေးတစ်ယောက်ဟာ ရင်ခုန်တယ်ဆိုတာ အသက်ရှင်ဖို့ နှလုံးသားကအလုပ်လုပ်တာလို့ထင် အချစ်ဆိုတာ ကွမ်းယာဆိုင်နာမည်လို့ သတ်မှတ်ထားရင်းကနေ တစ်နေ့တော့ ကောင်မလေးတစ်ယောက်ကို အမှတ်တမဲ့မှ ဘ၀များစွာအထိ အမှတ်တရ ချစ်ခြင်းတွေနဲ့ ချစ်မိရင်း..............ဇာတ်လမ်းလေးတောင်မဆုံးသေးဘူး သဲဘုစုလေးက ကလေး တစ်ယောက်လို အိပ်စက်နေပါ့လား။မင်းဆံနွယ်လေးတွေ ပွတ်သတ်ရင်း ဒီတညကို ကျော်ဖြတ်သွားတော့မယ် ။
လွင်ပြင်လှိုင်းငယ်
Subscribe to:
Post Comments (Atom)
Popular Posts
-
အသက်လေးရယ်ငယ်ငယ် သနပ်ခါး ပါးကွက်ကျားရယ်နဲ့ ဆင်ရင်ထုံးရွှေရင်ဖံုး လုံချည်ရှည်ရှည် ဆံနွယ်နက်နက် ယဉ်ကျေးတဲ့ သမီးပျိုလေးမို့ မိဘတွေ ဂုဏ်ယူ...
-
ရနံ့သင်းထုံ ရောင်သွေးလဲစုံ မြတ်နိုးသူပုံလို့ သူမေမှာမာန်တက်တယ် မထင်ရက် ယုံ ။ အမြင့်မှာမစံ မြေမှာလဲမခ ပန်းတို့ထုံးစံ စုန်ကန်လိ...
-
လွမ်းရိပ်ရယ် ပြို တမ်းတကာငို မှန်းမှန်းဆဆ လွမ်းရပြန်တော့ ဒီမောင့်မှာငို ။ ကြင်နာခြင်းနွမ်း နာကျင်စွာလွမ်း ဝေဒနာလမ်း လှေ...
-
ဘာမှ မပြောချင်တော့ဘူး ဘယ်ကဘယ်လိုရောက်လာမှန်းမသိပေမယ့် မြန်မာမိန်းကလေးဆိုတဲ့အသိ ပြည်မြန်မာက မိဘအိမ်မှာ ချန်ထားခဲ့သလားပဲ မဲပြောင်တဲ့အသားအရော...
-
အမှတ် 420 ဒုစရိုက်လမ်းနေ ဦးဒေါသ +ဒေါ်မောဟ တို့၏သား မောင်မာန်မာနသည် ဒုက္ခဆေးရုံတွင် ကွယ်လွန်သွားပါသြ ဖင့် ယနေ့မွန်းလွဲချိန်တွင် လောဘသုသန်တွင် ...
Popular Posts
-
ချစ်သူ ကောင်းကင်က တိမ်ငိုသံဟာ အမြဲမဟုတ်ပေမယ့် ငါ့ရင်က နင့်ကို လွမ်းတဲ့ နှလုံးသားငိုသံတွေ ရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့ လွမ်းဆွေးခြင်...
-
အမြစ်ရှိမှ သစ်ပင်က ရှင်သန်တာ အချစ်ရှိမှ လူ့ဘ၀က ပြည့်စုံတာ မင်းရှိမှ ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။ လျှောက်တဲ့သူရှိမှ လမ်...
-
အခြေနေမပေးလို့ ဝေးခဲ့ရတာပါ ပညာတွေမတတ်လို့ ထားခဲ့ရတာပါ မာန်တွေတက်ပြီး ထွက်ခဲ့တာလဲ မဟုတ်ပါဘူး.... စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့ ...
-
ပန်းစံပယ် ရနံ့က ကြူကြူမွေး အရောင်က ဖြူဖြူဖွေးနဲ့ မိုးသားမမျှော် ရေလောင်းလဲပွင့် သူ့အကျင့်က မမှီခိုတဲ့ ပန်း။ ပန်းစံပယ် ပင်မြင့်မှာ မပွင့်လန...
-
အားလုံးမင်္ဂလာပါခင်ဗျား... လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလ...
-
နှင်းရယ်ကဖြူ လေပြည်ကအေး ခရစ္စမတ် တေးတပုဒ်နဲ့ မွေးဖွားသူရေ....... ဖြူစင်တာက စိတ်ထားမြတ်နဲ့ ချမ်းမြ ဒီဆောင်း ခိုးအောင်းလို့ရယ် မွေးဖွ...
-
ဒိုမိန်းကုန်လို့ ငိုကာရီ(ရယ်) အရုးမနှင့် တူပါသည် ။ နံနက်လင်းလဲ ပူပါသည်(နားပူသည်) လင့်အသစ်လေး ပြောင်းလားဟင် ။ ညဘက်ကြလဲ ပြောပြန်သည်...
-
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အတွက်အမှတ်တရ ကဗျာလေးပါဗျာ ။ နေ့ရက် လပြောင်း နှစ်တွေေ...
-
ရခဲတာက လူ့ဘ၀ ရပ်တည်ဖို့ခက်တာ လူ့လောက ရပ်နေလို့မရတာ သဘာဝ ရင်ဆိုင်ခြင်းရလဒ်က အနာဂါတ် ရခဲတဲ့လူ့ဘ၀ လူပီတအောင် နေကြဖို့က အဓိက ရပ်ဖို့ခက်တဲ့...
Popular Posts2
-
တောက်ပတဲ့ကြယ်စင် တွေအောက် တင့် တယ်တဲ့ လောကကြီးမှာ မြသွေး ရောင် ခန်းစီးစနဲ့ အစိမ်းရောင် လွင်ပြင် ကျယ်ရဲ့ အလယ်မှာ ငါ့ရင်ထဲကိုကဗျာကိုချစ...
-
အသည်း အသက် ဘ၀အပ်နှင်း ချစ်သူရင်တွင်း နှလုံးသားခြေရင်းမှာ ၀ပ်စင်းရင်းနဲ့ သံသရာဆက်ဆက် ချစ်ပါရစေသား ။ ပုံကို googleမှ ကူးယူပါသည် လွင်ြ...
-
ကလေးတစ်ယောက်အလား အိပ်စက်တတ်တဲ့ သူ့ အနားမှာ လေးအေးတွေ ထွေးပွေ့နေမလား ပြေးဆော့နေတဲ့ လေပြည်လေးများ နမ်းရှိုက်မလား ဖွင့်ထားတဲ့ ပန်ကာ လေအားမ...
-
သူ့ ကိုရင်ခုန်စွာချစ်မိ သူ့  အချစ်ရှိရာ ဘ ယ် လောက်ဝေးဝေးလှမ်းနေအုံးမယ် ။ ကို ယ်ပိုင်နှလုံးသွေးအား...
-
ကောင်းကင်စာပွဲဝိုင်းပေါ်မှာ မောင့်ရဲ့ ချစ်သက်တမ်းရင့်လေလေ ပိုချိုလေလေဖြစ်တဲ့ အချစ်ဝိုင်း တစ်ခွက်ရယ် ၊ဧဒင်ဥယျာဉ်ထဲက ပန်းသီးထက် အရသာရှိမယ်ထင်ရတ...
-
အများကြီး ချစ်မိရင်တော့ တအား ရင်နာရ တတ်ပါတယ်တဲ့ သံယောဇဉ်တွေက ခပ်ကြီးကြီး ဘ၀မှာ အထီး မကျန်ရလေအောင် ရင်ဘတ်ကိုဖွင့်ပြီး နှလုံးသားထဲက အကြင်နာကု...
-
စပယ်ချိုသည် လွင်ပြင့် ကမ္ဘာ jasmine သည် လွင်ပြင့် နှလုံးသား သဲဘုစု သည် လွင်ပြင် ဘ၀ စံပယ်ချိုကို လေးစားသည် jasmine ကို ချစ်ခ...
-
အမြစ်ရှိမှ သစ်ပင်က ရှင်သန်တာ အချစ်ရှိမှ လူ့ဘ၀က ပြည့်စုံတာ မင်းရှိမှ ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။ လျှောက်တဲ့သူရှိမှ လမ်...
-
မြင့်မားတဲ့ တိုက်တာအဆောက်အဦးကြားက ဆည်းဆာရဲ့ အလှတရားကတော့ အပြည့်အ၀တော့ ပုံဖော်နိုင်ခြင်းမရှိပါဘူး။ ဆည်းဆာရဲ့ အလှတရားကို တပိုင်းတစခံစားရင်း...
-
ဥသြဆိုတာ ထုတ်ပြောစရာ ခံစားချက်ကို လွမ်းတေးလေးထုတ် လွမ်းဆွေးရတဲ့ တေးတစ်ပုဒ်နဲ့ ကြားသမျှကို လွမ်းတတ်လာအောင် အသံနဲ့သီကြူး အလွမ်းကို ဘာသြာ...
Popular Posts3
-
ချစ်သူ ကောင်းကင်က တိမ်ငိုသံဟာ အမြဲမဟုတ်ပေမယ့် ငါ့ရင်က နင့်ကို လွမ်းတဲ့ နှလုံးသားငိုသံတွေ ရင်ခွင်လွင်ပြင်ပေါ် ရွာသွန်းတော့ လွမ်းဆွေးခြင်...
-
အမြစ်ရှိမှ သစ်ပင်က ရှင်သန်တာ အချစ်ရှိမှ လူ့ဘ၀က ပြည့်စုံတာ မင်းရှိမှ ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။ လျှောက်တဲ့သူရှိမှ လမ်...
-
အခြေနေမပေးလို့ ဝေးခဲ့ရတာပါ ပညာတွေမတတ်လို့ ထားခဲ့ရတာပါ မာန်တွေတက်ပြီး ထွက်ခဲ့တာလဲ မဟုတ်ပါဘူး.... စုတ်ပြတ်နေတဲ့ ဗလာစာအုပ်နှစ်အုပ်လောက်နဲ့ ...
-
ပန်းစံပယ် ရနံ့က ကြူကြူမွေး အရောင်က ဖြူဖြူဖွေးနဲ့ မိုးသားမမျှော် ရေလောင်းလဲပွင့် သူ့အကျင့်က မမှီခိုတဲ့ ပန်း။ ပန်းစံပယ် ပင်မြင့်မှာ မပွင့်လန...
-
အားလုံးမင်္ဂလာပါခင်ဗျား... လောကမှာ အစားကောင်းအသောက်ကောင်းလေးများ စားသောက်ဖို့ ကြုံကြိုက်တဲ့အခါဖြစ်ဖြစ်၊ နေရာကောင်း အရိပ်ကောင်းလေးတစ်ခုကို ခိုလ...
-
နှင်းရယ်ကဖြူ လေပြည်ကအေး ခရစ္စမတ် တေးတပုဒ်နဲ့ မွေးဖွားသူရေ....... ဖြူစင်တာက စိတ်ထားမြတ်နဲ့ ချမ်းမြ ဒီဆောင်း ခိုးအောင်းလို့ရယ် မွေးဖွ...
-
ဒိုမိန်းကုန်လို့ ငိုကာရီ(ရယ်) အရုးမနှင့် တူပါသည် ။ နံနက်လင်းလဲ ပူပါသည်(နားပူသည်) လင့်အသစ်လေး ပြောင်းလားဟင် ။ ညဘက်ကြလဲ ပြောပြန်သည်...
-
နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အတွက်အမှတ်တရ ကဗျာလေးပါဗျာ ။ နေ့ရက် လပြောင်း နှစ်တွေေ...
-
ရခဲတာက လူ့ဘ၀ ရပ်တည်ဖို့ခက်တာ လူ့လောက ရပ်နေလို့မရတာ သဘာဝ ရင်ဆိုင်ခြင်းရလဒ်က အနာဂါတ် ရခဲတဲ့လူ့ဘ၀ လူပီတအောင် နေကြဖို့က အဓိက ရပ်ဖို့ခက်တဲ့...

Myanmar Kyat Converter
20 comments:
ချစ်ခြင်းဖွဲ့တွေနဲ့ သိပ်လှပလွန်းနေတယ် ငါ့အကိုရေး))
ညီမငယ် ဒိုးကန်
ကိုလွင်ပြင်ကို ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ..
:)
တင်စားထားတဲ့စကားလုံးတွေအရမ်းလန်းတယ်အစ်ကိုရေ
ရင်ခုန်တယ်ဆိုတာ အသက်ရှင်ဖို့ နှလုံးသားကအလုပ်လုပ်တာလို့ထင်
မမကျားတောင် မင်းပိုစ်.ဖတ်ပြီး ဟိဟိ အနှစ်၂၀လောက်ပြန်ငယ်သွားတယ်။
အားကျစရာ..နော် သူများတွေချစ်တာပဲ အားကျနေတာပဲ ကောင်းပါတယ်လေ....:):)
သများတွေများ ရေးတတ်လိုက်တာ။
အိမ်ကလူကြီးက ဒီလိုရေးဖို့ပြောနဲ့
ဂိမ်းနဲ့ ဖက်ပြီးမွေးလာတယ် ထင်တယ်။
လွင်ပြင်ရေ အားပေးသွားတယ်..
ကိုယ်တိုင် ပျော်ရွှင်တဲ့မိသားစုလေး ရရှိထားလို့
ခုလို ပျော်ရွှင်တဲ့ စုံတွဲတွေမြင်ရ ကြားရ
စိတ်ချမ်းသာလှတယ် လွင်ပြင်ရေ။
ခင်မင်တဲ့
အလွမ်း
လန်းလိုက်တာကိုလွင်ပြင်ရာ..ရေးထားတာ
အားကျတယ် အစ်ကိုရေ ... ကြိုက်တယ် ... ဒီ“ညချမ်း” ဆိုတဲ့ ညလေးနာမည်လေး ပါတော့ ပိုတောင်ကြိုက်သေး ... :P
သူများတွေ အားကျအောင် ရေးပြနိုင်ပ့ါ
ချက်ခြင်းကို အားကျသွားတယ်.
ကိုလွင်ပြင်ကိုအားကျပြီး အဲဒီလို သဲဘုစုလေးရှာဦးမှပါဘဲ..:)
စိတ်ကြည်နူးစရာကောင်းလိုက်တာ.. ရေးထားတာလေးက
အက်ဆေးအရေးကောင်းလာပီ...။
ဘုစုလဲ လာရောက်ဖတ်နေတယ်နော်
ကောင်းလေစွပါတကားးးးး :)
ကောင်းပါ့ ကောင်းပါ့
ခုနေခါ ဦးသိန်းတန် သီချင်းတောင် ဆိုလိုက်ခြင်သေးတော့တယ်.....
သင်း တို့လိုများနှစ်ယောက်သား ဒို့မှာမလွယ်း)
အဲသည်သီချင်းကို ဆိုမိပါတယ်။
တစ်ယောက်တစ်လှည့်
ချစ်တေးနှောနေကြတာ
ကြည်နူးစရာကောင်းလိုက်တာ
စာလေးဖတ်ပြီးကြည်နူးဖို့ ကောင်းလိုက်တာဗျာ
ကိုလွင်ပြင်ရေ အခုလိုမျိုးလေးဆက်လက်ရေးသားနိုင်ပါစေ
စိတ်ချမ်းသာလွန်းလို့ ပါ
ခင်တဲ့
မိုးသူ(တောင်ကြီး)
“သဲဘုစု” ဆိုတဲ့ နာမည်ကိုတော့ ကြိုက်သွားပြီ..:)
ဝတ္တုရေးရင် ဇာတ်ကောင်ကို အမှတ်တရ အဲ့ဒီနာမည်ကို ပေးလိုက်ဦးမယ်..။
အရမ်းကောင်းတဲ့ စာလေးလာဖတ်သွားတယ်နော်..
ဘုစုလေးအိပ်သွားပြီလား..း) နောက်တာ..
လွင်ပြင်ရေ မမလွမ်းတို့ အားကျနေပြီးထင်တယ်
လှပတဲ့ အက်ဆေးတစ်ပုဒ်လေး ဖတ်သွားတယ် အကိုရေ...
စကားမစပ် ဆိုက် အပြင်အဆင်ပြောင်းလိုက်တော့ Banner လေးလည်း ပျက်သွားပြန်ပီပေါ့နော်..
Post a Comment