ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ရင်ဘတ်ငှားသည် (၂)

Thursday 5 July 2012

ရူးလောက်အောင်ချစ်လို့
ဒူးထောက်လိုက်တာ
ဆူးထောက်တဲ့ ဘူဘောင်းလေးလို
ဖောက်ကနဲ
အသံတချက်ကြားမှာ
မာနအပိုင်းအစတွေ ဟိုတစ ဒီတစနဲ့  ။

မာနတွေချပြီး ငိုပြနေတာမဟုတ်ပါဘူး
ရင်မှာမဆံ့တဲ့ ခံစားချက်တွေက
အလိုလိုအသွင်ပြောင်း
မျက်ရည်မိုးစက်တွေကြား
ငါ့ပါးပြင်စိုနေတာပါ  ။

မာနလွင်ပြင်မှာ
အတ္တတွေရှင်း
သစ္စာနဲ့ထွန်ယက်
ချစ်ခြင်းတွေပဲ စိုက်ပျိုးခဲ့ပေမယ့်
ဖူးပွင့်လာတာ
အဆိပ်သီး အဆိပ်ပွင့်ဖြစ်ခဲ့ရင်လဲ
တိတ်တိတ်လေးမြတ်နိုးပြီး
အဆပ်သင့်မယ့် နေ့ရက်ကို စောင့်နေသူပါ ။

မင်းရဲ့ ဟန်ဆောင်ခြင်းတွေမှာ
အဆောင်ယောင်တွေခင်းပြီး
နှလုံးသားနန်းတော်မှာ
ဘုရင်းမတင်မြောက်ပြီး
ခစားနေပေမယ့်
ခြစားနေတဲ့ ငါ့နှလုံးသားကတော့
တဖြည်းဖြည်းလှိုက်စားပြီး
အခုဆို အသက်ရှူရတာတောင်
မ၀တ၀နဲ့
မနိုးတဲ့ အိပ်စက်ခြင်းမှာ
တကိုယ်တည်း အိပ်မက်ခရီးရှည်ထွက်ရမလိုဖြစ်နေပြီ  ။

ရတာမလို လိုတာမရ
လူ့ဘ၀ဆိုစေအုံးတော့
မင်းလေးတစ်ယောက်အတွက်
ငါ့ဘက်ကတော့
ရတာလဲပိုစေ မရတာလဲမရှိရလေအောင်
ဘ၀တစ်ခုလုံး လမ်းဘေးမှာချရောင်း
အေးစက်တဲ့ ဆောင်းမနက်က
ငါ့ကိုယ်ကချွေးစက်တွေက သက်သေ
သွေးထွက်နေတဲ့ လက်တစ်စုံမှာ
မင်းကို ချစ်တဲ့ချစ်ခြင်းတွေ ဆုပ်ကိုင်ရင်း
ပက်ကြားအက်နေတဲ့ ဆူးညှောင့်လမ်းထက်
မင်းဘ၀အတွက်လိုအပ်ချက်တွေရှာဖွေရင်း
အခုဏလေးပဲနေထွက်တယ်
အခုနေ၀င်တော့မယ်ဆိုတော့
သူရိန်နေမင်းတော့ မဖြစ်လောက်ဘူး
အချစ်ဆူးတွေပြည့်နက်နေတဲ့
အချစ်ရူးတစ်ယောက်ရဲ့ နေ၀င်ချိန်လား
အတွေးများနှင့်
အဆွေးများနှင့်
အလွမ်းများနှင့်
မောပန်းလာတဲ့ အသက်ရှူသံနဲ့
မင်းလေးကိုတော့ နှုတ်မဆက်ရက်ပါဘူး  ။
မှတိချက်။     ။အသဲကွဲနေတဲ့ ချစ်တတ်တဲ့ ချစ်သူငယ်ချင်းအတွက်
လွင်ပြင်လှိုင်းငယ်

18 comments:

မိုးညချမ်း said...

“အချစ်ရူးတစ်ယောက်ရဲ့ နေ၀င်ချိန်လား
အတွေးများနှင့်
အဆွေးများနှင့်
အလွမ်းများနှင့်
မောပန်းလာတဲ့ အသက်ရှူသံနဲ့
မင်းလေးကိုတော့ နှုတ်မဆက်ရက်ပါဘူး ။”

အစ်ကိုရေကဗျာလေးက ညလေးအတွက်တော့ ကွက်စတိပဲဗျို့ ... :)

Angelhlaing(May everybody be happy and healthy! said...

ဒါတောင်မှ အငှားနော်..အကို...
မိုက်ချက်..:):)

khin said...

မိုက်တယ်ဗျာ ကဗျာမကြိုက်တဲ. မမကျားတောင် ခိုက်သွားပြီ(အုန်းဆွဲလိုက်) ဟိဟိ

ကေပိုး said...

အတွေးများနှင့်
အဆွေးများနှင့်
အလွမ်းများနှင့်
မောပန်းလာတဲ့ အသက်ရှူသံနဲ့
မင်းလေးကိုတော့ နှုတ်မဆက်ရက်ပါဘူး..

အဲ့နေရာလေး.. ခံစားချက်နဲ့ ကိုက်တယ်.. ကိုလွင်ပြင်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

အငှားရင်ဘတ်လည်း ခံစားတတ်ပါတယ်..

စာမေးပွဲရှိလို့ ခုမှပဲလာနိုင်တော့တယ် ကိုလွင်ပြင်ရေ..

ချင်းမလေး said...

အငှား တောင်ဒီလောက်ကောင်းနေတာ
တကယ့် ခံစားချက်ဆိုရင်တော့ .....း)

စံပယ်ချို said...

သဲဘုစုရဲ့ ကိုယ်ပိုင်ရင်ဘတ်ကြီး
ဘယ်သူ့ကိုဌားမလို့လဲ

နွေလ said...

မာနလွင်ပြင်မှာ
အတ္တတွေရှင်း
သစ္စာနဲ့ထွန်ယက်
ချစ်ခြင်းတွေပဲ စိုက်ပျိုးခဲ့ပေမယ့်
ဖူးပွင့်လာတာ
အဆိပ်သီး အဆိပ်ပွင့်ဖြစ်ခဲ့ရင်လဲ
တိတ်တိတ်လေးမြတ်နိုးပြီး
အဆိပ်သင့်မယ့် နေ့ရက်ကို စောင့်နေသူပါ

အရမ်းမိုက်တယ်ဗျို့
အားကျလိုက်တာဗျာ
သည်လိုမျိုး ရေးတတ်ချင်ပါဘိ

ရာဇာထွေး said...

မာနလွင်ပြင်မှာ
အတ္တတွေရှင်း
သစ္စာနဲ့ထွန်ယက်
ချစ်ခြင်းတွေပဲ စိုက်ပျိုးခဲ့ပေမယ့်
ဖူးပွင့်လာတာ
အဆိပ်သီး အဆိပ်ပွင့်ဖြစ်ခဲ့ရင်လဲ
တိတ်တိတ်လေးမြတ်နိုးပြီး
အဆပ်သင့်မယ့် နေ့ရက်ကို စောင့်နေသူပါ ။
ကဲညီလေး နွေလနဲ့ အကိုတော့အကြိုက်ချင်းတူသွား
ပြီင်္လွင်ပြင်ရေ.. အဌားရင်ဘတ်နဲ့တောင်အဲဒီလောက်
ကောင်းတာကိုယ်ပိုင်ဆိုရင်ပြောဖွယ်မရှိတော့ဘူး...
အားပေးလျှက်ပါလွင်ပြင်ရေ...

ခင်မင်စွာဖြင့်
ဖိုးကျော်

ချစ်စံအိမ် said...

အားပေးသွားပါတယ်..

အလွမ်းမြို့ said...

အဟဲ... အရောက်လာခဲ့တယ်။

အငှားမလို့ မာနလွင်ပြင်မှာလို့ရေးထား။

ကိုယ်တိုင်ခံစားချက်ဆို
စံပယ့်လွင်ပြင်မှာ...ပေါ့...အဟား

တကယ်ခံစား ရေးဖွဲ့တတ်တာ ချီးကျူးပါ့။
အလွမ်းတို့ကတော့ ဒါမျိုးဆို မထွက်ပေါင်။

အားပေးသွားကြောင်း သံချောင်းခေါက်ခဲ့တယ်။

Phyu Lwin said...

ကဗျာကောင်းလေးကို အားပေးသွားပါတယ် :)

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အငှားရေးပေမယ့်ကဗျာလေးကောင်းတယ်....

မိုးသူ(တောင်ကြီး) said...

မဂျက်ကော ကိုလွင်ပြင်ကော
ရင်ဘတ်တွေငှါးထားတာပါ
အသဲကွဲနေသူတွေအတွက်
ရင်ဘတ်အငှါးလိုက်နေတာလား ...

Candy said...

ကိုယ်တိုင်ခံစားနေရတဲ့အတိုင်းပဲ ကောင်းလိုက်တဲ့ကဗျာလေး.. ရင်ဘတ်ကလည်း ငှားတတ်လိုက်တာ :D

Cameron said...

လာငှားဦးမှပါ..တကယ်ကဗျာလှလှရေးပေးနော်...ခုတော့ အသဲမကွဲသေးဘူးလေ ဟိ ဟိ..။

မောင်ဘုန်း said...

အခုဏလေးပဲနေထွက်တယ်
အခုနေ၀င်တော့မယ်ဆိုတော့
သူရိန်နေမင်းတော့ မဖြစ်လောက်ဘူး ..... အဲ့စာသားလေးကြိုက်တယ်ဗျာ ....

နွေတေးရှင် said...

အင်း......
သိပ်ကောင်းတဲ့ကဗျာလေးဘဲဗျာ
ရင်ဘက်အငှားလို့တောင်မထင်ရဘူး
အသက်ဝင်တယ်။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :