ဆည်
တစ်ယောက်တည်း ရီပြုံးနေတတ်တဲ့ ကောင်းမလေးတစ်ယောက်ရဲ့ အခန်းရှေ့အရောက်မှာတော့ ထုံးစံအတိုင်း အပြုံးနဲ့နှုတ်ဆက်ဖြစ်ပါတယ် ။
အစပိုင်း ထိုကောင်မလေးကိုမြင်လိုက်ရင် အမြဲတမ်း ပြူတင်းပေါက်ဘေးမှာ တစ်ယောက်တည်း ၇ီလိုက်ပြုံးလိုက်နဲ့မို့ ယဉ်ယဉ်လေးများရူးနေတယ်ထင်တာ။နောက်ပိုင်း သူ့အကိုနှင့်တွေ့မှ အကြောင်းစုံသိလိုက်ရတယ် ကောင်မလေးက အွန်လိုင်းတက်ရင်း သူမ၏ မိဘ သူငယ်ချင်းများနှင့် gtalk မှာ စာရိုက်ရင်းချက်လိုက်vzoမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာအမူအယာနှင့် စလိုက်နောက်လိုက်နှင့်ပျော်နေတာ
သူ့အကိုပြောပြီးနောက်ပိုင်းတော
ဒီနေ့တော့ ဆည်းဆာအလှလဲမတွေ့၇ မိုးကလဲရွာနေသောကြောင့် ထီးမဆောင်တတ်သောကျွန်တော် မိုးရေထဲ လမ်းလျှောက်ရင်းအလုပ်ဘက်သို့ ခပ်သွက်သွက်လမ်းလျှောက်ဖြစ်တယ် ။နှုတ်ဆက်နေကြ အခန်းကို ကြည့်တော့ တံခါးပိတ်ထားသောကြောင့် နှုတ်ဆက်မဖြစ်ပေမယ့်
အပြုံးလေးတော့ ထားသွားဖြစ်ခဲ့တယ်။အလုပ်ပြန်တဲ့နံနက်ပိုင်းမှာလဲ ထိုအခန်းလေးသည် ပိတ်မြဲပိတ်ထားလျက်ပါ ။အပျင်းပြေ လျှောက်များလည်လား
မသိဘူးဆိုတဲ့ အတွေးနဲ့ နှုတ်မဆက်လိုက်ရပြန်ဘူး ။ဒီလိုနဲ့ ထို ပြူတင်းတံခါးလေးသည် မဖွင့်တာ တပတ်ကျော်လာတော့
သူတို့ အခန်းများပြောင်းသွားသလားဆိုပြီး အတွေးနဲ့ ကျွန်တော့်အပြုံးလေးတောင် ယိုင်နဲနဲဖြစ်သွားခဲ့ရသည်။
ဒီလိုနဲ့ ၁၀ရက်လောက်ရှိတော့ လမ်းမှာ အမှတ်မထင် ကောင်မလေးအကိုနဲ့တွေ့တော့ နှုတ်ဆက်ရင်း အခန်းပြောင်းသွားတာလားလို့ မေးမိတော့
သူက မဟုတ်ရပါဘူး အရင်အခန်းမှာပဲတဲ့ဒါဆိုကောင်မလေးလဲမတွေ့တော့ဘူးနော် နေကောင်းလားမေးတော့ သူက မျက်ရည် ၀ဲပြီးအကြောင်းစုံကျွန်တော့်ကိုပြောပြတော့မှ ကျွန်တော်လဲ ကိုယ်ချင်းစာ သနားရင်း ဒေါသစိတ်တွေနဲ့ အိမ်သို့ပြန်လာခဲ့သည်။
ထိုနေ့က မိုးရွာနေလို့ အခန်းတံခါးကို ပိတ်ရင်းvzoဖွင့် gtalkမှာ မိဘများနှင့် စာရိုက်ရင်း စကားပြောနေသောအချိန်မှာပေါ့ အခန်းပြင်မှ အပြုံးနှင့်
နှုတ်ဆက်တတ်သော အကိုတစ်ယောက်ဖြတ်သွားတာ သိပေမယ့် မိုးအရမ်းရွာနေသောကြောင့် တံခါးမဖွင့်ပဲ အထဲမှ အပြုံးနဲ့ပဲ ပြန်နှုတ်ဆက်တာ
အကိုတစ်ယောက်တော့ မြင်မှာမဟုတ်ပါဘူး ။ထိုအချိန်တွင် အမှတ်မထင်gtalkမှ ကောင်လေးတစ်ယောက်လာနှုတ်ဆက်သောကြောင့်
ထိုကောင်လေးနှင့် အပြန်အလှန် မိတ်ဖွဲ့ရင်း ခင်သွားကြသည် တစ်နာရီလောက် သူနှင့် စာရိုက်ရင်း သူက vzo အကောင့်တောင်းပါတယ် ဒါနဲ့
အကောင့်ပေးလိုက်တော့ အခုပြောမယ်တဲ့ ဒါနဲ့ မိဘတွေနဲ့ ပြောနေလို့ မအားဘူးပြန်ရေးလိုက်တော့ စကားပြောမယ်တဲ့ ခင်တာမကြာသေးသောလူတစ်ယောက်ကို သူမအကြောင်းဘာမှမပြောပြချင်သောကြောင့် ပြောလို့မရဘူးပြန်ပြောတော့ သူက ဘာလို့မရတာလဲ
ရည်စားကပေးမပြောလို့လား ဘာလား ညာလားနှင့် သူထင်တာတွေ စာရိုက်ပြောပြီး မဟုတ်ပါဘူး တစ်ခွန်နဲ့ ပြန်စာရိုက်နေပေမယ့်
သူကမရ နောက်ဆုံး ဒါဆိုစကားပြောမရအောင် နင်က အ နေလို့လားတဲ့ မျက်ရည်တွေ ပါးပြင်ပေါ်လိမ့်ဆင်းလာရင်း ဟုတ်တယ်လို့ တစ်ခွန်းပဲ
ပြန်ဖြေလိုက်တော့ သူက ငါ့ကို လာလိမ်နေတယ် ပြီးတော့ ...................................ဆဲနည်းပေါင်းစုံဆဲနေပါတော့သည်။ကြည့်နေသာ မော်နီတာ
မျက်နှာပြင်ဟာ မှုန်းဝါးလာပြီး သူမ စက်ကို ပိတ်လိုက်ပြီး ယခုအချိန်ထိ ထိုစက်ကို ပြန်မဖွင့်ဖြစ်တော့ပါ ။
သူမအကိုပြောပြသောအကြောင်းအရာများကို ပြန်တွေးပြီး ကောင်မလေး ကို စာနာသနားမိပါသည်။သူမအတွက် အလွန်အဆင်ပြေလွန်းသော
ဆက်သွယ်ရေးပစ္စည်းလေးသည် တဦးတစ်ယောက်ကြောင့် သူမ ကြောက်ရွံသောပစ္စည်လေးဖြစ်ခဲ့ပြီပေါ့။တကယ်တော့ သူမဟာ
မွေးရာပါမဟုတ် ကုသလို့ရတဲ့ စကားမပြောနိုင်သော ရောဂါကို နိုင်ငံခြားမှာ ကုသရန်ပိုအဆင်ပြေသောကြောင့် သူ့အကိုရှိသည့်
နိုင်ငံခြားမှာလာနေသော သနားစရာကောင်မလေးသာဖြစ်ပါသည် ။မိဘတွေဆီ ဆက်သွယ်လျှင် ဖုန်းလဲမပြောနိုင်သော သူမအတွက်အင်တာနက်က အဆင်ပြေဆုံးမို့ သူမ အမြတ်တနိုးသုံးပါသည်။အားလပ်လျှင်သူငယ်ချင်းများနှင့်စာရိုက်စကားပြောလို့ရသောကြောင့်
သူမအတွက် တခါတရံ စကားမပြော နိုင်သောဝေဒနာတောင် မေ့ချင်မေ့သွားတတ်သည် ။အဆင်ပြေလွန်းသော အရာသည် မိုက်ရိုင်းလွန်သည့်
လူတစ်ဦးကြောင့်................................။
နောက်ရက်တော့ အလုပ်ကိုစောစောသွား ကောင်မလေးဆီဝင် အားပေးနှစ်သိပ့်ပြီး vzoနှင့် gtalkအကောင့်သစ်လုပ်ပြီး မိဘနှင့် အရမ်းခင်သော
သူငယ်ချင်းများပေးပြီး နောက်ပိုင် ဘယ်သူလာအက်အက်လက်မခံဖို့ပြောရင်း သူမအတွက် အဆင်ပြေသော အွန်လိုင်းကို ပြန်သုံးပါလို့ တိုက်တွန်းမယ်လို့ စဉ်းစားရင်း အတွေးများနဲ့ ဒီတညတာကို ဖြတ်ကျော်လိုက်တော့မယ် ။
မှတ်ချက်။ ။စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည် ။
လွင်ပြင်လှိုင်းငယ်
11 comments:
စိတ်ကူးယဉ်ကလည်းနော်....ဂယ်လိုလို ဘာလိုလို...
အားနည်းချက်ကို အလဲထိုးခံရသူ ကောင်မလေးအဖို့ ရှေ့ဆက်နေ့ရက်တွေက ဘယ်လိုများရင်ဆိုင်နိုင်မှာလည်း ... :)
ရေးထားတာကောင်းတယ်
အင်တာနက်ဆိုတာလည်း
ရန်သူတွေနဲ့ပါလားနော်..
စိတ်ကူးသတ်သတ်ဆိုပေမယ့်
အပြင်မှာကြုံနေရတဲ့အတိုင်းပါဘဲ
(ရှိလဲရှိမှာပါ..)
အားပေးရင်းနှစ်ခြိုက်သွားကြောင်းပါ...
ကိုလွင်ပြင်ရေ.....
အဲသလိုမျိုး အပြင်မှာတကယ်မရှိဘူးလို့ ပြောလို့မရဘူးဗျ
အခုကျွန်တော်တို့ သုံးစွဲနေကြတဲ့ လူမှု့ကွန်ယက် မှာက အကျိုးရှိတာရော အကျိုးမရှိတာရော အကုန်လုပ်နေကြတာကလား.......
အွန်လိုင်းဟေ့ဆိုတာနဲ့ လူတွေက တစ်ယောက်ကို တစ်ယောက် အယုံအကြည်နည်းနေကြတာ အယုံအကြည်မရှိကြတာကို ကြည့်ရင် သည်လို လူ့ ငနွားတွေ ဘယ်လောက်ပေါတယ်ဆိုတာ တွေးမိနိုင်ကောင်းရဲ့ဗျာ။
ယဉ်တတ်ပါပေတယ်..
အစောက မှားလို့ဖျက်လိုက်တာ:P
အဲ့လိုသူမျိုးလေး အပြင်မှာလဲ ရှိနေနိုင်တာပဲနော်အကို...
အစပိုင်းက တစ်ကယ့်အဖြစ်အပျက်ကိုရေးထားတာထင်နေတာ :) ဒါပေမယ့် အဲလိုမျိုးလူတွေ မရှိဘူးလို့လဲပြောလို့မရဘူး..အပြင်မှာတစ်ကယ်ရှိရင်ရှိနိုင်တယ်
ခံစားသွားပါတယ်ဗျာ...
ဖတ်လို့ ကောင်းတယ်ဗျ...:-)
ကိုလွင်ပြင်ရေ....
အဲလိုတွေအပြင်မှာတကယ်လဲရှိနေတတ်တယ် နော်
Post a Comment