ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ကျွန်တော့် ဆိုဒ်(သို့မဟုတ်)စံပယ်လွင်ပြင်နှလုံးအိမ်ရဲ့ ၁နှစ်ပြည့် အမှတ်တရ

Tuesday 10 July 2012

ချစ်ခင်ရပါသော နှလုံးလှပိုင်ရှင်ဘလော့ဂါအပေါင်းတို့
မင်္ဂလာပါ  ။

ဒီနေ့ ၁၁ရက် ရလ ၂၀၁၂ ဟာ ကျွန်တော်၏ နှလုံးသားမှတ်တမ်းလို့ပြောရမယ့် ဒီဘလော့လေး တစ်နှစ်တင်းတင်းပြည့်တဲ့နေ့လေးဖြစ်ပါတယ် ။ဒီနေ့အထိ စာတွေရေးနိုင် စာတွေဖတ်နိုင်အောင်အားဆေးတွေ
တိုက်ကျွေးသူတွေကတော့ ကျွန်တော့်ရဲ့ ချစ်ခင်လေးစားရသော ဘလော့ဂါမောင်နှမများနှင့် ကျွန်တော့်ဇနီး
သဲဘုစုလေးတို့ပဲဖြစ်ပါတယ် ။

ကျွန်တော်ရဲ့စာရေးဖြစ်တဲ့အကြောင်းအနည်းငယ်ကို ပြောပြချင်ပါတယ်။တကယ်တော့ ငယ်ငယ်ကတည်းက
စာရေးဝါသနာပါတယ်ထင်ရပါတယ်။(၈တန်းကျောင်းသားဘ၀ကတည်းက သူငယ်ချင်းတွေကို ရည်စားစာတစ်စောင် လက်ဖက်ရည်တ၀ိုင်းနှင့် ရေးပေးပြီး အဆင်မပြေလျှင် တ၀ိုင်းပြန်တိုက်ရပါသည်။ရည်စားများသောသူများကို
မရေးပေးပါ ။ဒီကိစ္စ စံပယ်ချိုကို ပြန်မပြောကြပါနဲ့နော်။နှုတ်ပိတ်ခအနေနှင့် လူပျိုတွေကို ရည်စားစာရေးပေးပါ့မယ် ဟိ ။ )ဒီလိုနဲ့ စာရေးဝါသနာပါတယ်ထင်ရပေမယ့် စာတွေမရေးဖြစ်ပါ ကဗျာဆိုလုံးဝမရေးတတ်ခဲ့ပါ ။

ကျွန်တော်လက်တွေ့ကျကျစာရေးဖြစ်တာကတော့ ကျွန်တော့်ဇနီးကနေစခဲ့ပါတယ်။သူမစာရေးချင်တယ်ပြောသောကြောင့် အွန်လိုင်းမှာ ဆိုဒ်လေးတစ်ခုဖြစ်အောင် ဟိုရှာ ဒီရှာ ဟိုမှတ် ဒီမှတ် ရသမျှလေးနှင့် သူမကို ဆိုဒ်တစ်ခုဖြစ်အောင် လုပ်ပေးရင်း သူမကို စာတွေရေးစေခဲ့ပါတယ် ။ဆိုဒ်လေးတစ်ခုဖြစ်အောင် ပညာတွေအများဆုံးရတဲ့ ကျေးဇူးရှင်ဆိုဒ်လေးကတော့ kp3 နည်းပညာဆိုဒ်လေးဖြစ်ပါတယ် ထိုဆိုဒ်လေးကို
ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ကျွန်တော့်ဇနီးလိုအပ်သမျှကို လုပ်ကိုင်ပေးရင်း
သူမဆိုဒ်မှာ သူငယ်ချင်းတွေရဲ့ နွေးထွေးတဲ့ အားပေးသံများ ဟိုအိမ်သွားလိုက် ဒီအိမ်လည်လိုက်နှင့် သူမ ပျော်နေတာတွေ့တော့ အပျော်တွေကျွန်တော့်ထံ ကူးစက်လာခဲ့ပါတယ် တနေ့သူမက" မောင်
ကျွန်မဆိုဒ်ပဲလာလာပြီး အားကျမနေနဲ့ မောင်လဲ ဆိုဒ်ဖွင့်ပြီးစာရေးပါ့လား"လို့ပြောပါတယ် ခက်တာက ကျွန်တော်က စာမရေးတတ်ဘူး ဒါနဲ့ သူမက ရေးကြည့်ပါ မရေးကြည့်ပဲ မရေးတတ်ဘူးပဲ ပြောမနေနဲ့ ဆိုပြီး
တိုက်တွန်းမှု့နှင့် ကျွန်တော်ကလဲ ဆိုဒ်ဖွင့်ချင်နေသောကြောင့် ဆိုဒ်ကလေးဖွင့်ပြီး စာစရေးမိတာ ဒီနေ့အချိန်ထိပါပဲ ။

တကယ်တော့ ဒီဆိုဒ်လေးလုပ်ပြီးမှ ဘ၀ဟာ ပိုပျော်စရာကောင်းလာပါတယ် ပိုပြီး ပြည့်စုံလာပါတယ် တနေ့တာ အလုပ်တွေလုပ်လိုက် အားတဲ့အချိန်ဆို စာတွေရေးလိုက် မိတ်ဆွေအိမ်တွေသွားလည်ရင်း စာတွေဖတ် ကော့မက်တွေရေး ကိုယ့်ဆီလာပေးတဲ့ ကော့မက်လေးတွေဖတ်ရင်း လင်မယားနှစ်ယောက်
တော်တော်ကြည်နူးရပါတယ်။အားပေးသံတွေနဲ့ အားဖြစ် ဝေဖန်သံတွေနဲ့ ကိုယ့်အမှားတွေပြင်ရင်း ဒီလမ်းလေးက ဘ၀အတွက်လျှောက်လို့ကောင်းတဲ့ လမ်းကောင်းလေးပါပဲလေ ။

ကျွန်တော့်ရဲ့ လိုအပ်ချက်တွေ အများကြီးရှိတဲ့ ဆိုဒ်လေးကို လာရောက်အားပေးသူတွေကို ရင်ထဲက ကျေးဇူးပါ။ကျွန်တော့်ဆိုဒ်လေးကို အရင်းဆုံးလာရောက် အားပေးတဲ့ ဘလော့ဂါ ၁၀ဦးကို ရေးပြချင်ပါတယ်။
(၁)ဆရာကိုဟန်ကြည် 
(၂)Angelhlaing
(၃) လွမ်းပိုင်ရှင်
(၄)  အန်တီတင့်
(၅)  ညီမလေး Candy
(6)  ညီမမဒိုးကန်
(၇) ကိုကိုမောင်(ပန်းရနံ့) သူဂျီးမင်း
(၈)  သမက်ကလေး မောင်(စွယ်စုံကျမ်း) မှတ်ချက် ။  ။သူ့လင့်က ပိတ်ထားလို့ လင့်ထည့်မရဘူး
(၉)  KMC@ချင်းလေး (သူလဲ လင့်ပြောင်းထားတယ်ထင်တယ်)
(၁၀) အော့တန် (သူလဲ လင့်ပြောင်းထားတယ်ထင်တယ်)
ဖြစ်ပါတယ် ။ ထို့နောက် ကျွန်တော့်ကို အားပေးကြတဲ့သူငယ်ချင်းများနှင့် ကျွန်တော့် အားနည်းချက် စလုံးပေါင်းအမှားများနှင့် ဆိုဒ်လေးကို ဂရုတစိုက်ကြည့်ပေးတတ်သော ဆရာ ဆူးသစ်တို့ကို ရင်ထဲကနေကျေးဇူးတင်မိပါတယ်ဗျာ  ။
ထို့နောက် ကဗျာရေးရာမှ အက်ဆေးလေးတွေ စမ်းရေးကြည့်ပါလားလို့ တိုက်တွန်း ပြီးစာလုံးပေါင်းအမှားတွေပြင်ပေးတတ်တဲ့ ဂျွန်မိုး နှင့် မိုးငွေ့ တို့ကိုလဲ ကျေးဇူးပါ ။

ယခုဆိုလျှင် ကျွန်တော့်မှာ သူငယ်ချင်းမိတ်ဆွေ ဆရာသမားတွေအများကြီး ရှာပေးတဲ့ ဒီဆိုဒ်လေးကို
အရမ်းသံယောဇဉ်ဖြစ်မိနေပါပြီ။နောက်ပိုင်းလဲ ကျွန်တော်တတ်နိုင်သမျှ ခံစားချက်တွေကို ဆိုဒ်လေးမှာ
ရေးချဖြစ်နေဦးမှာပါလေ။ကျွန်တော့်ရဲ့ လိုအပ်ချက် အားနည်းချက်များကိုလဲ မည်သူမဆို အားမနာပဲ ဝေဖန် သင်ကြာပေးပါလို့ ဒီနေရာမှ မေတ္တာရပ်ခံအပ်ပါတယ် ။

ညီမလေး Angelhlaing ရဲ့ လက်ဆောင်ကဗျာလေး အားပေးပါဦး။ညီမလေးကို အရမ်းကျေးဇူးတင်မိပါတယ် ။

July 11မှာ ကျရောက်မည့် ၁နှစ်ပြည့် လွင်ပြင်လှိုင်းငယ်အတွက် အမှတ်တရ ကဗျာ

 ပန်းတွေသီသလို
ကဗျာတွေလည်း စပ်
အချစ်အတွက် အိပ်မက်မက်စေသူ....

မြတ်နိုးမှုတွေ သီကျူး
အသွင်ထူးတဲ့ ချစ်ဇနီးအတွက်
ထွေးပိုက် ခိုလုံ ရင်တစ်စုံဖြင့် နွေးစေသူ...

ဖော်ရွှေ ပျူဌာ
တစ်ခါတစ်ခါလည်း
ရင်ဘတ်အငှားနဲ့ ခံစားသူ...

ရသအစုံ
ဘဝ အဖုံဖုံထဲက
ဖန်တီးခံစား အလွမ်းသမားလေးသူ...

စံပါယ်နဲ့
လွင်ပြင် ကာရံသီလို့
ချစ်တေးသီတဲ့ ကဗျာပန်းခင်း....

နှလုံးသား တေးသီချင်း
လွမ်းချင်း သီကြူး အချစ်ကံထူးကြတဲ့သူ..

လိုက်ဖက်တဲ့
ဘဝနဲ့ ရနံထုံသင်း
ပန်းခင်းသော လမ်းမှာ အပြုံးချင်းယှဉ်
ဘဝချင်းထပ် လှပသော အနာဂတ်နဲ့
နှစ်စဉ်နှစ်တိုင်း ဘလော့ဂင်းနိုင်ပါစေလို့...။

By ....Angelhlaing

 ဘလော့ဂါ မောင်နှမအားလုံးကို လေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

21 comments:

Cameron said...

နောင်နှစ်ပေါင်းများစွာအထိ ချစ်ခင်သောမောင်နှမများနဲ့ အတူ ဘလော့ဂင်းနိုင်ပါစေ ဘော်ဒါရေ...း)

ဆန်းစနေ၀န်း said...

Congratulation....ko Lwin Pyin...for ''1st Anniversary of Lwinpyinhlaingnge'' !

Angelhlaing(May everybody be happy and healthy! said...

နောက်နှစ်နောက်နှစ်တွေမှာလည်း အခုလိုမျိုး ဆုတောင်းခွင့် ရချင်ပါတယ်အကို...:):)

khin said...

Happy Birthday Lwinpyinhlaingnge's Blog!!!!
ယနေ.မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် စိတ်ထဲရှိတိုင်း ကဗျာတွေ စာတွေရေးနိုင်ပါစေမောင်လေး လွင်ပြင်ရေ။

အလွမ်းမြို့ said...

မိလွမ်းရောက်လာတယ် လွင်ပြင်. လျှာရှည်ဦးမယ်။ ဘလော့ ၁ နှစ်ပြည့်တော့ သိခွင့်ရပြီနော်။ နောက်ဆို
ရင်ခုလို နှစ်ပြည့်မင်္ဂလာလေးတွေပါ ကဗျာစပ်ရင်း
အသိပေးတော်မူပါ။
၁ နှစ်ဆိုတဲ့ခရီးမှာ လမ်းတော်တော်ဖောက်နိုင်ပြီး
ပန်းတွေဝေ နိုင်ခဲ့ပါပြီ. အောင်မြင်မှုဆက်လက်
ရရှိနိုင်ပါစေ။


ခင်မင်တဲ့
အလွမ်းမြို့

မိုးညချမ်း said...

အမြဲတမ်းအားပေးလျှက်ပါ အစ်ကိုရေ ... အစ်ကိုနဲ့ မမတို့ ၂ ယောက် ထာဝရပျော်ရွှင်သောမိသားစုလေးနဲ့အတူ သေတပန်သက်တဆုံး ဘ၀နဲ့ဆန္ဒတစ်ထပ်တည်းဖြစ်ပါစေလို့ ညလေးဆုတောင်းပေးတယ်နော် ... ပိုစ့်လေးကိုဖတ်ရင်း အားကျကြည်နူးမှုတွေ ရရှိသွားတယ်ဗျို့ ... :)

ချစ်စံအိမ် said...

အောင်မြင်ပါစေ လွင်ပြင်ရေ
စာတွေအများကြီးရေးနိုင်ပါစေ..

ဖြိုးဇာနည် said...

ဘယ်လမ်းမဆို လျှာက်ရတာခက်ခဲပါတယ်
ကျွန်တော်လဲ လဲကျရင်းနဲ့ ပြန်ထနေရသူပါ
အခုလိုတစ်နှစ်ပြည့်မှာပါဝင် မန့်ခွင့်ရနေတာ
ကိုလဲ ပျော်မိတယ်။ဝါသနာတူတွေ ဘဝတူ
တွေမို့ ဆက်လက်တွဲချင်တယ်။

ကေပိုး said...

တစ်နှစ်ပြည့်မှသည်.. နောက်နှစ်ပေါင်းများစွာတိုင်အောင် ဒီဘလော့လေး သက်ဝင်လှုပ်ရှားရင်း.. ချစ်သော မမစံပယ်နဲ့အတူတူ ကဗျာလေးတွေ ရေးဖွဲ့သီကုံးနိုင်ပါစေ...

သူကြီးမင်း (တုံးဖလား) said...

စာတွေ ကဗျာတွေ ဆက်ရေးဦးမယ် မဟုတ်လား။ ဆက်ရေးဆက်ရေး။ နှစ် နှစ်မြောက်ကိုလဲ စာတွေနဲ့ ပြည့်နေတဲ့ ဘလော့လေးကိုဘဲ မြင်ချင်တယ်။း)

မိုးသူ(တောင်ကြီး) said...

ကိုလွင်ပြင်ရေ ရောက်တာနောက်ကျနေလို့ ခွင့်လွတ်ပါ

တနှစ်သားလေး လွင်ပြင်လှိုင်းငယ်

နောက်နှစ် နောက်နှစ်တွေမှာလဲ အခုလို

မင်္ဂလာရှိသော နေ့ တွေပိုင်ဆိုင်ရင်း

ဆထက်တပိုးတိုးတက်ပါစေ

မဂျက်ကြီးနဲ့ အတူ ဘလော့ဂါ အပေါင်းသင်းတွေနဲ့

တကွ ကြည်နူးမှုပျော်ရွှင်မှုတွေနဲ့ လမ်းသစ်တွေ

ဆက်လက်ဖောက်နိုင်ပါစေလို့ ဆန္ဒပြုပေးပါတယ်ခင်ဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

3rdthameetaw said...

ချစ်ရက်ရှည်ရှည်ချစ်နိုင်ကြပါစေကြောင်း
မေတ္တာလောင်း၍ဆုတောင်းခဲ့ပါတယ်..

လေပြေချို said...

အားကျမိပါရဲ့ကွယ်...။
နှစ်ပေါင်းများစွာ ချစ်သက်လျာနဲ့ ဘ၀ခရီးမှာ စိတ်တူကိုယ်တူ ကဗျာတွေသီ၊ စာတွေစီလို့ ချစ်ရက်လေးများ ထာဝရလှပနိုင်ပါစေကြာင်း မေတ္တာများနှင့် ဆုတောင်းပေးလိုက်ပါတယ်နော်။

ခင်တဲ့
လေပြေချို

နွေတေးရှင် said...

ဟေး ဟေး ဘာမှလာမပြောနဲ့
နှုတ်ပိတ်ခ အရင်ပေးး)။

နောက်ကြနေတယ် ကိုလွင်ပြင်ရာ
လာရတာ ဝေးသကိုးဗျ။

သည်လိုတစ်နှစ်ပြည့်နေ့လေးမှသည် နောင်နှစ်ပေါင်းများစွားတိုင်အောင်
ချစ်သောသူနှင့် ရင်ချင်းအပ်လို့ ဤစာမျက်နှာတွေအထက်မှာ ကျွန်တော်၏နောက်ဆုံးထွက်သက်အထိ ရှိပါစေ။

နွေလ said...

တစ်နှစ်သားလေး အစ်ကိုလွင်ပြင်လှိုင်းငယ်ရေ
အဘိုးကြီးတစ်ယောက် ဖြစ်တဲ့အထိ
ကဗျာတွေ သီကျူးနိုင်ပါစေ

အိပ်မက်ကောင်းကင် said...
This comment has been removed by the author.
အိပ်မက်ကောင်းကင် said...

အားကျလိုက်တာ
ကဗျာမောင်နှံနှစ်ဦး
အမြဲလက်တွဲသွားနိုင်ပါစေ

မြသွေးနီ said...

နေမကောင်းရုံးမတက်နိုင်လို့ အခုမှ အပြေးအလွှား ဆုတောင်းရတာပါ မောင်လွင်ပြင်ရေ..
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘလော့ဂင်နိုင်ပါစေကြာင်း....ဆုမွန်ချွေလျှက် -

ချင်းမလေး said...

မစံပယ်ဆီမှာအရင်တွေ့ လို့ ကွန့် လိုက်တယ်။
ဘလော့ဂ်မရောက်တာကြာတော့ အခုမှ ကိုလွင်ပြင့်ဆီမှာ
ဖတ်ရလို့ နောက်ကျသွားတဲ့ အတွက်ဆောရီးနော်..
တစ်နှစ်ပြည့်အတွက် ဂုဏ်ယူပါတယ်။
တစ်နှစ်ပဲရှိသေးပေမယ့်လက်ရာတွေကတော့ တကယ့်
သမ္လာကြီးတွေရဲ့ လက်ရာလေးတွေလိုပါပဲ..
တစ်နှစ်ပြည့်မှသည်.. နှောင်နှစ်ပေါင်းများစွာ
ချစ်ဇနီးလေးနဲ့ အတူ ဘလော့ဂ်ဂင်းနိုင်ပါစေလို့ ဆုတောင်း
ပေးပါတယ်နော်..
ကင်မ်

ဆူးသစ် said...

မဂျပ်စမင်ပြောလို့ကျွန်တော်လိုက်ဖတ်တာ။ တစ်နှစ်တောင်ပြည့်သွားပြီကိုး။ ဆရာ ရင်ဆူးဆိုတာ ကျွန်တော်တော့မဟုတ်ဘူးနော် ကိုလွင်ပြင်။ ကျွန်တော်ကဆူးသစ်ဗျ။ မဂျပ်စမင်ပြောစကားအရဆိုကျွန်တော့်ကိုရည်ညွှန်းတာလို့ထင်တာပဲ။ မဟုတ်လည်း ပြဿနာမရှိပါဘူးဗျာ။ ကျွန်တော်တတ်နိုင်သလောက်ကူညီခွင့်ရတာပဲတော်လှပါပြီ။ ဆက်ရေးပေါ့ဗျာ။ တချို့လူတွေရဲ့အာရုံကရေးမှပိုတက်လာတာဗျ။ နောက်နှစ်များစွာတိုင်ပါစေ။

Latt Latt said...

မရောက်ဖြစ်လို့ ခုမှဆုတောင်းဖြစ်တယ်။ တစ်နှစ်ပြည့်မှ စံပယ် နှင့်အတူ နောင်နှစ်ပေါင်းများစွာ ကဗျာတွေအတူတူရေးနိုင်ကြပါစေ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :