သူ့ ကိုရင်ခုန်စွာချစ်မိ သူ့အချစ်ရှိရာ ဘယ်လောက်ဝေးဝေးလှမ်းနေအုံးမယ် ။
ကို ယ်ပိုင်နှလုံးသွေးအားလုံး ကိုသူ့နှလုံးသားမြစ်သို့ ၀င်ရောက် စီးဆင်းစေချင်တယ် ။
ချစ် မိတာဖြူစင်လွန်းတဲ့အ ချစ်စစ်မို့ မမြင်ရရင် အလွမ်းတွေနဲ့ ဘ၀ဟာ ခြောက်သွေ့သလိုပါပဲ ။
မိ ဘမောင်ဖွားတွေကြား မိသားစုရဲ့ အ လင်း ရောင်အောက်မှာ သူ့ကိုထွန်းလင်းစေမယ် ။
နောင် တမဲ့တဲ့ ဦးနှောက်နဲ့ နှလုံးသားရဲ့အလင်း တန်း လေးတစ်ခုလိုပါပဲ ။
တ မ်းတမ်းတတအမုန်းမဲ့တဲ့ နှ လုံး သားက လေးနက်စွာတောင်းဆိုခဲ့တာပါ ။
မ ရှိမဖြစ်လိုအပ်တဲ့အသွေးအ သား တစ်ခုလုံးရဲ့ သူ ဟာ စီးဆင်းရာ မြစ်ဖျားလေးတစ်ခုပေါ့ ။
ရှိ တဲ့ အချစ်တွေအားလုံး ကသူ့ထံပါးမှာ ပါဝင်ခစားရင်း ။
ပါ မြဲ ကဗျာတွေထဲလဲသူပဲ ပါ မြဲသံစဉ်ထဲလဲသူပါ ပဲဘ၀မှာအမြဲ ။
မှတ်ချက် ။ ။ဘယ်လိုခေါင်းစဉ်တပ်ရမလဲမသိဘူး စိတ်ထဲရှိတာ ချရေးမိလိုက်တာ။
လွင်ပြင်လှိုင်းငယ်



Myanmar Kyat Converter
23 comments:
စိတ်ကူးလေးက ရှယ်ပဲ အစ်ကိုရေ ... စာသားလေးတွေကို ခိုက်တယ် ... :)
စိတ်ထဲရှိချရေးထားတာတောင် အရေးအသားတွေကနူးညံ့လိုက်တာနော်။ အစ်ကိုတို့အချစ်ကို အားကျတယ်။
ရေးတတ်သူများ ဘယ်လိုရေးရေးကောင်းအိ...။
နောင်တမဲ့ ချစ်ခြင်းတွေနဲ့ ချစ်တဲ့နှလုံးသားပိုင်ရှင် ရဲ့ ရင်တွင်းစာစုတွေလား ကိုလွင်ပြင်
ရေးတတ်လိုက်ကြတာ အားကျပါ၏
ရေးလည်း ရေးတတ်ပါ့လွင်ပြင်ရာ....
လိုက်လို့ကိုမမှီတော့ဘူး....ဘာတွေစားပြီး၊ ဘာတွေသောက်လို့ အခုလိုစကားလုံးတွေ ထွက် နေတာလည်း လွင်ပြင်ရာ... အားပေးသွားပါတယ် လွင်ပြင်ရေ....
ခင်မင်စွာဖြင့်
ဖိုးကျော်
idea လေးလည်းကောင်း ၊ အရေးအသားလေးလည်းကောင်းတယ် အကိုရေ...
အားပေးသွားပါတယ်...:-)
အဲလိုနောင်တ မရတဲ့ အချစ်မျိုးနဲ့ 
ကောင်မလေးတယောက်ကို ချစ်ဖူးချင်ပါတယ်
ကိုလွင်ပြင်ရဲ့ စာသားလေးလို့ 
သူ့ ကိုချစ်မိ နောင်တမရှိပါ ...ပေါ့နော် .....
ခင်တဲ့
မိုးသူ(တောင်ကြီး)
ဒီလိုရေးတာလည်းကောင်းတာပဲအကိုရ...
အားပေးသွားတယ်ရှင်
အရမ်းလှတဲ့ စကားလုံးတွေနဲ့ သီဖွဲ့ထားတော့.. ဖတ်ရတဲ့သူတောင် ခံစားပျော်ဝင်သွားတယ်.. ရှင်..း)
ဘုစု လဲလာဖတ်နေပါတယ်
ချစ်သူအတွက် ရင်ဘက်ထဲက စီးဆင်းလာတဲ့ သံစဉ်လေးပါပဲ။ မရေ..ဂုဏ်ယူပါတယ်နော် :)
Idea ဆန်းဆန်းလေးနဲ့ ဖွဲ့စည်းထားတဲ့ ကဗျာလေးကို လေ့လာ အားပေးသွားပါတယ်ရှင်။
ခင်တဲ့
လေပြေချို
အချစ်တွေနဲ့ ရေးဖွဲ့ထားတဲ့ စာလေးက ချစ်တတ်သူတွေအတွက် ကြည်နူးစရာလေး
တစ်ယောက်သောသူလည်း ဖတ်ပြီးကြည်နူးနေမှာ သေချာတယ်နော်။
လာဖတ်နေပါတယ်..နော်.စာသားလေးတွေလဲလှလိုက်တာ...
သူ့ကိုချစ်မိတာ နောင်တ မရှိပါ
သူ့ကိုချစ်မိ နှလုံးသားကပါ
ဘဝအလင်းတန်းလေး သူပါပဲ ..
ရေးတတ်လိုက်တာရှင်။ ဒီစုံတွဲကိုလေ မြတ်တကယ် အားကျတယ်။ တစ်ယောက်ကိုတစ်ယောက် ချစ်လိုက်ကြတာလည်း တုန်လို့။ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ပါစေရှင်..
ခင်မင်စွာဖြင့်
မြတ်
သူ့ကိုချစ်မိ နောင်တမရှိပါတဲ့လား
ကိုလွင်ပြင်....
သိပ်ကို လက္ခံပါတယ်ဗျာ
အချစ်ဆိုတာ သိပ်ကိုနက်နဲတဲ့ ကဗျာတစ်ပုဒ်ပေါ့
နာကြဉ်းခြင်းကြောင့်လည်း မဆုတ်ဖြဲရက်
အဆိပ်တစ်ခွက်ဆိုလည်း မသွန်ပစ်ရက်
သည်လိုနဲ့ အလွမ်းတွေနဲ့ဘဲ
ကျုပ်ကတော့ အလွမ်းတွေနဲ့ဆက်ခဲ့ရတာပေါ့။
ရေးချင်ရာချရေးတာလည်း ကောင်းနေတာပဲ :)
ကောင်းလိုက်တဲ့စိတ်ကူး
သူ့ကိုရင်ခုန်စွာချစ်မိ သူ့အချစ်ရှိရာ ဘယ်လောက်ဝေးဝေးလှမ်းနေအုံးမယ်
လို့ပဲ ကြေငြာလိုက်ချင်တယ်ရှင်။
ရိုးသားစွာ ချစ်မိတဲ့သူမှာ နောင်တတရားဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။
ချစ်ခြင်းမှာ နောင်တ ဆိုတာ တစ်ကယ်ကို မရှိသင့်တဲ့ တရားတစ်ခု လို့ မြင်တယ်..။ နောင်တ ဆို တဲ့ သူသာ ရောက်လာ ရင် တော့ တစ်ကယ်ကို လွမ်းဖို့ ကောင်းသွားမယ်နော်..။
ဖတ်ရတာခံစားရတယ်နော်အဲလိုချစ်တတ်သူတတကယ်ရှိရဲ့ လားပ
ခံစားချက်ကောင်းပ
Post a Comment