ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

အလွမ်းငှက်

Monday 9 July 2012

ဥသြဆိုတာ
ထုတ်ပြောစရာ
ခံစားချက်ကို
လွမ်းတေးလေးထုတ်
လွမ်းဆွေးရတဲ့ တေးတစ်ပုဒ်နဲ့
ကြားသမျှကို
လွမ်းတတ်လာအောင်
အသံနဲ့သီကြူး
အလွမ်းကို ဘာသာပြန်
နှလုံးသားအသံနဲ့
ငှက်လေးတစ်ကောင်ပါ  ။

အရောင်အမှိန်မှိန်
အဖော်ကမဲ့
ပျံတက်စရာ
ကောင်းကင်က မြင့်လွန်းနေလို့
သစ်ကိုင်းဖျားကပဲ
စွန့်သွားတဲ့ ချစ်သူကို
အသံလေးပေး
ဘယ်နေ့ ဘယ်ဆီပြန်လာမည်မသိ
လွမ်းဆွေးရင်း
မျှော်လဲဝေးမို့
အလွမ်းဒဏ်ကြောင့်
ဥသြငှက်လေး
လွမ်းတေးသွားတွေတိတ်ဆိတ်
နားခဲ့သမျှ ကိုင်းဖျားလေးတောင်
လွမ်းတဲ့စိတ်နဲ့
မေးလိုက်ချင်တယ်
လွမ်းငှက်လေးရယ် ဘယ်ဆီမှာလဲကွယ်  ။


လွင်ပြင်လှိုင်းငယ်

12 comments:

မဒမ်ကိုး said...

နာတို့အကိုကြီးအတွက်ထမင်းချက်နေတယ်တဲ့း))

ဂျာရစ်

Cameron said...

ဒီမှာလေ ဥသြငှက်လေးက ဟိဟိ...။

မိုးညချမ်း said...

“လွမ်းတဲ့စိတ်နဲ့
မေးလိုက်ချင်တယ်
လွမ်းငှက်လေးရယ် ဘယ်ဆီမှာလဲကွယ် ။” ... အစ်ကိုရေ လွမ်းငှက်လေး ခြေရာများဖျောက်သွားလေလား မသိ ... :)

အလွမ်းမြို့ said...

လွင်ပြင်ရေ..

လွမ်းငှက်တော့ မသိဘူး။
လွမ်းကြက်တော့ လွမ်းရင်းအနာကျလို့
အမူးသမားတွေပေးလိုက်ပြီ။
အဟီး။။။

လာရောက်အားပေးသွားတယ်။ ခုတလောကဗျာတွေက
အလွမ်း...အလွမ်း....ပါနေတယ်နော်။
နောက်ဆို အလွမ်းငှက်ပြီး အလွမ်းမြို့ပေါ့နော်.


ခင်မင်တဲ့
အလွမ်း

3rdthameetaw said...

လွမ်းတဲ့အသံတွေကြားကြားနေရတယ်..
ဒီကတောင် လွမ်းချင်လာပြီ...

khin said...

မောင်လေးလွင်ပြင်ရေ လာလည်တယ်နော် ကဗျာလေးကိုလည်း ခံစားသွားတယ်။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဥသြသံကြားတိုင်း မဟောင်းနွမ်းတဲ့ ခံစားချက်တွေကို ခံစားနေရဆဲပဲ .. ငှက်ကလေးရဲ့ ကဗျာ အတွက် ဖတ်ရတာကျေးဇူးတင်တယ်

မိုးသူ(တောင်ကြီး) said...

မဂျီးလွမ်းတောင်ပြောနေဘီ အခုတလော
အလွမ်းကဗျာတွေချည်းပဲတဲ့
မိုးသူလဲ အလွမ်းကဗျာလေးတော့ ရေးအုံးမယ်ဗျာ

ခင်တဲ့

မိုးသူ(တောင်ကြီး)

နွေလ said...

အလွမ်းကဗျာတွေ ရေးနေတာပေါ့
အလွမ်းငှက်ငယ်လေး ဘယ်ပျောက်သွားလို့လဲ
( အဲ ... သူတောင်မှ မသိတာ
ငါက ဘယ်သိမှာတုံး )
အားပေးခဲ့တယ် အစ်ကိုရေ
ဘယ်လိုရေးရေး ကောင်းနေတော့တာပဲ

ရာဇာထွေး said...

ကဗျာလေးဖတ်သွားပါတယ်လွင်ပြင်ရေ...
ဥသြဌက်ရဲ့သံမကြားရလည်းအလွမ်းဓါတ်ခံရှိ
ပြီးသားမို့ လွမ်းနေမိတာပါပဲလွင်ပြင်ရာ...အလွမ်း
တေးသီတဲ့ဥသြဌက်လေးလည်း အစာရှာထွက်
မှာပေါ့... ကဗျာလေးကိုအားပေးသွားပါတယ်
လွင်ပြင်ရေ...

ခင်မင်စွာဖြင့်
ဖိုးကျော်

ချစ်စံအိမ် said...

ရေးတတ်တဲ့သူတွေကြတော့လည်း ဥသြဌက်တောင်
ကဗျာအဖြစ်ရေးနိုင်တယ်..:)

မြသွေးနီ said...

ဒီနှစ်ယောက် အပြိုင်အဆိုင်ကို လွမ်းနေကြပါလား..

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :