ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

သူ့အတွက်သာ

Friday 20 July 2012

ကလေးတစ်ယောက်အလား
အိပ်စက်တတ်တဲ့ သူ့ အနားမှာ
လေးအေးတွေ ထွေးပွေ့နေမလား
ပြေးဆော့နေတဲ့ လေပြည်လေးများ
နမ်းရှိုက်မလား
ဖွင့်ထားတဲ့ ပန်ကာ
လေအားများပြီး သူ ချမ်းနေမလား
အတွေးများနဲ့
နံနက်စောတိုင်း
သူကိုထကြည့် စောင်မရှိ စောင်ခြုံ
လုံခြုံဖို့အရေး
မောင် စောင့်ရှောက်ပေးမယ် ။

နေ့ခင်း နေ့လယ်
လေကပူပူ
နေကပြင်းပြင်း
ချွေးသံ ကရွှဲ ရွှဲ
အိမ်မှု့ကိစ္စ
ချက်ပြုတ်ရေးနဲ့
ပင်ပန်း
ဖျားမှာ
မောင်မလိုလားလို့
အေးအေးသာသာ
ကိုရီယားကားလေးကြည့်နေပါ ။

လေပြည်ခင်းတဲ့
ညနေခင်းမှာ
နှစ်ယောက်တူတွဲ
လတ်ဆတ်တဲ့ လေရနံ့သင်းသင်းကို
ရှူရှိုက်ရင်း
လက်လေးတွဲလို့ အိမ်ပြန်
မီးတွေအမှောင်ချ
အိမ်ရှေ့ဝရံတာလေး
မောင့်ပုခုံးလေးမှီတွဲရင်းနဲ့
ကြယ်စင်တွေ ရေတွက်
အဖြေမထွက်ခင်
မှေးစင်းလာတဲ့ လမင်းလေးနဲ့တူတဲ့
ဘုစုလေးကို ထူတွဲလို့ရယ်
အိပ်ယာခင်းထက် မောင့်ရင်ဘတ်ဆီ
ခေါင်းအုံးလေးလုပ်လို့
အိပ်စက်စေဖို့
တေးချော့လို့လဲ သိပ့်ပါ့မယ် 
အိပ်ပါတော့ကွယ် သဲဘုစုလေးရယ် ။

လွင်ပြင်လှိုင်းငယ်

27 comments:

အလွမ်းမြို့ said...

လွင်ပြင်ရေ...ဦးဆုံးလာမန့်တယ်။သူကလည်းနော်
ရေးတတ်လိုက်တာ. မိလွမ်းလည်း မောင်နဲ့မိလွမ်း
အကြောင်းလေး ရေးမလို့ စဉ်းစားနေတာ..
အားပေးသွားတယ်. အလွမ်းက အဲလိုမရေးတတ်ဘူး။
ခံစားတတ်တယ်..



ခင်တဲ့
အလွမ်း

Yoemyaykya said...

အစ်ကိုရေ မမစံပယ်တော့ တော်တော်ကံကောင်းတယ်။ ကြယ်စင်တွေရေတွက်ရင်း အကြာကြီးချစ်နိုင်ကြပါစေ။

အိပ်မက်ကောင်းကင် said...

အကိုတို့ကတော့ ရေးလိုက်ရင်အလန်းတွေချည်းပဲ
သည်ကဗျာလည်းတော်တော်ကိုကောင်းပါတယ်
အမြဲတမ်း အားကျနေရတာ အကိုတို့ကို ဟိ

3rdthameetaw said...

သူများတွေအားကျအောင်လုပ်နေကြတယ်နော်

ဆန်းစနေ၀န်း said...

ကဗျာလေးက အရမ်းကောင်းပါတယ်

kiim said...

ကဗျာလေးအရမ်းကောင်းတယ်...

အိပ်ယာခင်းထက် မောင့်ရင်ဘတ်ဆီ
ခေါင်းအုံးလေးလုပ်လို့
အိပ်စက်စေဖို့
တေးချော့လို့လဲ သိပ့်ပါ့မယ်
အိပ်ပါတော့ကွယ် သဲဘုစုလေးရယ် ။
ဟဲဟဲ.. သဲဘုစုလေးကိုသဘောကျတယ်..း)

khin said...

မမကျားတို.တော. သူ.ရင်ဘတ်ခေါင်းအုံးသွားလုပ်ပါတယ်
ဟင်း အသက်ရှုကြပ်တယ်ကွတဲ. ဟားဟား..ဟား

မိုးညချမ်း said...

အစ်ကိုရေ ... အားကျခြင်း၊ ကြည်နူးခြင်းတွေနဲ့ ရိုးရိုးလေးသာ ပြုံးသွားပါသည် ... :)

တောက်ပကြယ်စင် said...

အိပ်ပါတော့ကွယ် ဘုစုလေးရယ်...

မိုးနတ်ကြယ်စင် said...

ဝိုး....လန်းတယ်ဗျို့....အကိုလွင်ပြင်ရေ..ဘာတဲ့(
ကြယ်စင်တွေရေတွက်..အဖြေမထွက်ခင်...မှေးစင်းလာတဲ့ လမင်းလေးနဲ့တူတဲ့...သဲဘုစုလေးကို ထူတွဲလို့ရယ်)....ဆိုပါလား...သူ့အောက်ကစာသားလေးတွေလဲကြိုက်တယ်....ဆက်မရေးနိုင်တော့လို့ပါ..အားကျခြင်းများစွာနဲ့ အားရပါးရကြီး လာရောက်အားပေးသွားပါတယ်ရှင်....
ခင်တဲ့....ညီမလေးမိုးနတ်

Cameron said...

အင်း မိုးငွေ့ကအိန်ဂျယ် လွင်ပြင်က သဲဘုစုခရု...

ဆူးသစ် said...

သဲဘုစုလား။ ကောင်းပါ့ဗျား။ ခံစားသွားပါတယ်။ ကိုလွင်ပြင်ရဲ့အကြင်နာတွေကိုလှမ်းမြင်မိပါရဲ့ဗျား။

roseayemaung said...

ဟင်....နာလိုဘူးကွယ်

မိုးသူ(တောင်ကြီး) said...

နေ့ခင်း နေ့လယ်
လေကပူပူ
နေကပြင်းပြင်း
ချွေးသံ ကရွှဲ ရွှဲ
အိမ်မှု့ကိစ္စ
ချက်ပြုတ်ရေးနဲ့
ပင်ပန်းဖျားမှာ
မောင်မလိုလားလို့
အေးအေးသာသာ
ကိုရီယားကားလေးကြည့်နေပါ ။

ကိုလွင်ပြင်ရေ...

အဲဒီလောက်တောင်ချစ်တာလားဗျာ

အားကျတယ်ဗျို့ 

ကဗျာလေးထဲမှာ ကိုယ်ချစ်မြတ်နိုးသူအတွက်

ရေးဖွဲ့ရတာ သိပ်ပြီးခံစားလို့ ကောင်းတယ်နော်

ကြည်နူးဖို့ ကောင်းတဲ့ ကဗျာလေးဖတ်ပြီး

ပျော်ရွှင်မှုပီတိတွေ တပွေ့ တပိုက်နဲ့ ပြန်သွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

mstint said...

ကဗျာလေးဖတ်ရတာကြည်နူးစရာပါလွင်ပြင်လေးရေ။
ဂျက်ကလေးလည်း ကျေနပ်နေမှာပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

နွေလ said...

အစ်မသဲဘုစုတော့
အချစ်တွေ တိုးနေလောက်ပြီ
အိမ်ထောင်ဦးစီးကိုကိုတွေ
ကိုလွင်ပြင်ရဲ့နည်းကို ယူကြလော့
ကဗျာလေးတွေနဲ့ အချစ်တွေတိုးအောင်ပေါ့
အားကျတယ်ဗျို့ ...
နှစ်တွဲရှိနေပြီ

မြတ်နိုးသူ(MUFL) said...

နေ့ခင်း နေ့လယ်
လေကပူပူ
နေကပြင်းပြင်း
ချွေးသံ ကရွှဲ ရွှဲ
အိမ်မှု့ကိစ္စ
ချက်ပြုတ်ရေးနဲ့
ပင်ပန်းဖျားမှာ
မောင်မလိုလားလို့
အေးအေးသာသာ
ကိုရီယားကားလေးကြည့်နေပါ ။

သူတို့လည်းကိုရီးယားကားကြိုက်တယ်ထင်တယ်နော်

လေပြေချို said...

ဒီကဗျာလေးကို တိတ်တိတ်လေး ခိုးသွားပြီ ကိုလွင်ပြင်ရေ.. ကျမရဲ့ မောင့်ကို ပြချင်လို့ :PPP

သဲဘုစုလေးရေ...၀မ်းသာတယ်ကွယ်..

နွေတေးရှင် (မင်းဧရာ) said...

ဟဲ့
ဘယ်က ဘုစု ခရုတွေပါလာရတာတုန်းဗျ..။

ချစ်စံအိမ် said...

မဟုတ်တော့ဘူးဟေ့
အပျိုကြီးကိုအားကျအောင်လုပ်နေပြီး:P

ချော (အစိမ်းရောင်လင်ပြင်) said...

ကံကောင်းတဲ့ သဲဘုစုလေးပါလားနော်..
ချစ်နိုင်ကြပါစေ.. ခုထက်ပိုပိုချစ်ကြပါစေ..

Latt Latt said...

ကဗျာလေး ကောင်းလှ

Anonymous said...

အားကျသွားတယ် အကို :D

~ Kk ~

ညီလင်းသစ် said...

ချစ်သောသူအတွက် ကဗျာလေးက တကယ့်ကို နူးနူးညံ့ညံ့လေး...၊ ဘေးက ဖတ်ရတဲ့ သူတွေတောင် ကြင်နာမှုတွေ လျှံကျနေတာ မြင်နေရတယ်ဗျ..။း) ဒီမောင်နှံ ပျော်ရွှင်ပါစေဗျား...။

ကိုရင် said...

ဘုစု ဆိုပါလား.. အတော် အလုပ်ဖြစ်နေပီ ထင်တယ် :)

မဒမ်ကိုး said...

အောင်မလေး အားကျတယ်အားကျတယ် ဘယ်လိုများနီးအောင်ကြံဆောင်ရပါ့ငါ့အကိုရယ်း))


ညီမငယ် ဂျာရစ်

Angelhlaing(May everybody be happy and healthy! said...

အားမကျကျအောင် လုပ်နေကြတာ... ရှာတော့မယ် မြန်မြန် ..အားကျမခံ ..:P:P

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :