အမြစ်ရှိမှ
သစ်ပင်က ရှင်သန်တာ
အချစ်ရှိမှ
လူ့ဘ၀က ပြည့်စုံတာ
မင်းရှိမှ
ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။
လျှောက်တဲ့သူရှိမှ
လမ်းဖြစ်လာတာ
စောင့်တဲ့သူရှိမှ
အိမ်ပြန်လမ်းကလှပနေတာ
မင်းရှိတဲ့ အရပ်က
ငါ့အတွက် ထာဝရလှပတဲ့ အိမ်ပြန်လမ်းလေးပဲပေါ့ ။
အိပ်မက်ရှိမှ
အိပ်စက်ခြင်းက ပြည့်စုံမှာ
ငါ့အိပ်စက်ခြင်းကလဲ
အိပ်မက်လေးရှိမှ
နိုးထတဲ့မနက်တိုင်းက
လှပနေတာ ။
တောတန်းက စမ်းရေက
ပိုပြီးအေးမြသလို
တောပန်းတွေများတဲ့
ဂနိုင်ကပိုမွှေးပံျ့ပါတယ်
မင်းရှိတဲ့ ငါ့ဘ၀ကလဲ
စမ်းရေလိုအေးပြီး မွှေးရနံ့တွေ
မပြယ်နိုင်တဲ့
ဘုရားရှင်ပေးတဲ့ ဆုတစ်ခုနဲ့ ဆောက်ထားတဲ့
မေတ္တာအိမ်လေးပါပဲကွယ် ။
သစ်ပင်က ရှင်သန်တာ
အချစ်ရှိမှ
လူ့ဘ၀က ပြည့်စုံတာ
မင်းရှိမှ
ငါ့ခုန်နေတဲ့ရင်က အသက်ရှင်ဖို့ ဖြစ်လာမှာ ။
လျှောက်တဲ့သူရှိမှ
လမ်းဖြစ်လာတာ
စောင့်တဲ့သူရှိမှ
အိမ်ပြန်လမ်းကလှပနေတာ
မင်းရှိတဲ့ အရပ်က
ငါ့အတွက် ထာဝရလှပတဲ့ အိမ်ပြန်လမ်းလေးပဲပေါ့ ။
အိပ်မက်ရှိမှ
အိပ်စက်ခြင်းက ပြည့်စုံမှာ
ငါ့အိပ်စက်ခြင်းကလဲ
အိပ်မက်လေးရှိမှ
နိုးထတဲ့မနက်တိုင်းက
လှပနေတာ ။
တောတန်းက စမ်းရေက
ပိုပြီးအေးမြသလို
တောပန်းတွေများတဲ့
ဂနိုင်ကပိုမွှေးပံျ့ပါတယ်
မင်းရှိတဲ့ ငါ့ဘ၀ကလဲ
စမ်းရေလိုအေးပြီး မွှေးရနံ့တွေ
မပြယ်နိုင်တဲ့
ဘုရားရှင်ပေးတဲ့ ဆုတစ်ခုနဲ့ ဆောက်ထားတဲ့
မေတ္တာအိမ်လေးပါပဲကွယ် ။
စိတ်ကွေးနေသော အိပ်မက်သဲဘုစုခရုလေး စိတ်ပြန်ဖြောင့်စေရန် ဟိ ။
လွင်ပြင်လှိုင်းငယ်
21 comments:
ဒါ ခေတ်သစ် ချစ်သူချော့ ကဗျာပေါ့လေ.. မိုက်တယ် ကိုလွင်ပြင်ရေ့
အားကျတယ်ဗျာ..
ကျနော်လဲ ဒီကဗျာထဲက လူလေးမျိုး လိုချင်မိတယ်....
ကိုယ့်အပေါ် တကယ့်ကို ချစ်တဲ့သူလေးမျိုးပေါ့..
မေတ္တာအိမ်လေးမှာ ပျော်ရွှင်မှုတွေ အဆတိုးပါစေ
လွင်ပြင်တို.များ ချော.တာတောင်ကဗျာလေးနဲ.။
ညီမလေးစံပါယ်ဖတ်ပြီးရင်တော. စိတ်ဆိုးပြေလောက်ပြီပေါ.နော်
ကဗျာလေးအရမ်းကောင်း၏။
စိတ်ပြန်ဖြောင့်စေရန်ဆိုတာ.. မစပယ်(ဘုစုလေး)က
စိတ်ကောက်နေတာပေါ့နော်..
အမရေ.. ဒီကဗျာဖတ်ပြီးစိတ်ပြေသွားပြီမလား.. ဟီး
ဟုတ်ရဲ့လား လွင်ပြင်လေးရယ် တီတင့်သိသလောက်တော့ ဂျက်က ကောက်တတ်ပါဘူးး) ကဗျာလေးအားပေးသွားပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တင်စားမှုတွေ ကောင်းလွန်းလို့
အစ်မတောင် စိတ်ကောက် ပြေလောက်ပြီ ထင်ပါတယ်
အဟာဟ...။ အားကျလိုက်ထှာ..။
မမစိတ်ဆိုးပြေလောက်ပါပီ စာသားတွေကကောင်းလွန်းလို့
"စောင့်တဲ့သူရှိမှ
အိမ်ပြန်လမ်းကလှပနေတာ"
သဘောကျတယ် လွင်ပြင်လှိုင်းရေ
အကိုလွင်ပြင်တို့ကတော့လုပ်ချလိုက်ပြန်ပြီဟာ....အဲလိုကဗျာလေးနဲ့ ချော့မှတော့ အမတော်လဲစိတ်ပြေလောက်ရောပေါ့....အားကျတယ်အကိုရေ...အမကို....:P
အဟီး...ချော့နည်းသစ်လေးပါလား.
မှတ်သားတွားတယ်။
ဖြောင့်ဖို့ ကဗျာစပ်တာတောင် ပြန်မဖြောင့်ဘူးဆို
ပြောနော်.ဖြောင့်စက်ပို့လိုက်မယ်..အဟီး
ခင်တဲ့
အလွမ်း
စာသားလေးတွေလှလိုက်တာ
ချော့လဲချော့တတ်တယ်နော်..
အခုလာဖတ်နေတဲ့အချိန် မမစံပယ်တစ်ယောက် စိတ်ဆိုးပြေသွားပြီလားမသိ :P
ဘူသူ ကောက်နေလို့ လဲ..... ပြောစမ်း ပြောစမ်း။ တူနဲ့  ထုပြီး ဖျောင့်ပေးမယ် :D
ပြေလောက်ရောပေါ့ အခုလောက်ဆို :P
ဘုရားရှင်ပေးတဲ့ဆုတစ်ခုနဲ့ဆောက်ထားတဲ့အိမ်လေး
ဆိုတော့တော်တော်ကိုအေးချမ်းမှာပဲနော်
မစပယ်စိတ်ဆိုးပြေလောက်အောင် ကဗျာလေးက ကောင်းပါသည်။
ဟဲ့....
သူရို့ရဲ့ ချစ်သူကိုချော့တဲ့ ကဗျာက လန်းလှချေလားး)
ဘယ့်နှယ်ကြောင့် စိတ်ကွေးရတာတုန်း (စပ်စုတာ)။
သဲဘုစုခရုလေး စိတ်ကောက်ပြေအောင်ကဗျာလေးနဲ့ ချော့တာ
အားကျစရာကောင်းလိုက်တာ ဟိ ♥_♥
ဘုစုလေး ကောက်နေတာ သိသွားပြီ..ဟိ
Post a Comment