ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဆုတောင်း

Saturday 28 July 2012


အသည်း အသက်

ဘ၀အပ်နှင်း

ချစ်သူရင်တွင်း

နှလုံးသားခြေရင်းမှာ

ဝပ်စင်းရင်းနဲ့

သံသရာဆက်ဆက်

ချစ်ပါရစေသား ။

ပုံကို googleမှ ကူးယူပါသည်

လွင်ပြင်လှိုင်းငယ်

24 comments:

စံပယ်ချို said...

သံသရာဆက်ဆက်
ချစ်ပါရစေသား----
ဘူ့ကိုလဲ.....ဘုစုကိုလား?

khin said...

တောင်းတဲ.ဆုနဲ.ပြည်.စေဗျာ.....ဟိဟိ

မိုးသူ(တောင်ကြီး) said...

ဆုတောင်းလေးက မဂျက်ဘ၀င်ကျစရာလေး နော်

နေမကောင်းလို့ blog ပေါ်မရောက်ဖြစ်ဘူး

ကိုလွင်ပြင်ရေ ...

ခင်တဲ့

မိုးသူ(တောင်ကြီး)

နွေတေးရှင် said...

ထိုသို့ ဆုတောင်းအကြောင်းမလှ
ဘ၀ ကျုပ်မှာ မပြောသာပြီး)။

တောင်းသောဆုနဲ့ ပြည့်ကြပါစေဗျာ။

ကေပိုး said...

တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ... ကိုလွင်ပြင်ရေ

ချင်းမလေး said...

ချစ်စေသတည်း... :P

မင်းမုန်းတဲ့သူ said...

ရေးတဲ့သူကလည်းရေး...မေးတဲ့သူကလည်းမေးတယ်...ဟဟ..လိုက်ပါတယ်ဗျာ...

လေပြေချို said...

မမစံပယ်ရေ..နှလုံးသားခြေရင်းမှာ

ဝပ်စင်းရင်းနဲ့ သံသရာဆက်ဆက်

ချစ်ပါရစေသား ။ တဲ့

သည်ချစ်သူနှစ်ဦး တောင်းတဲ့ဆုတွေ ပြည့်လျှံပါစေရှင်..:)

ခင်တက်တဲ့
လေပြေချို

မိုးနတ်ကြယ်စင် said...

လန်းတယ်အကိုရေ...ဆုတောင်းလေးပြည့်ပါစေရှင်....ကဗျာလေးကို အရမ်းကြိုက်တယ်သိလား.....
ခင်တဲ့
မိုးနတ်....

ခရစ္စတလ် said...

တစ်လုံးတဝပြည့်စေသောဝ် :)

roseayemaung said...

တလုံးတခဲ အစုလိုက်အပြုံလိုက်
တောင်းဆုတွေပြည့်ဝပါစေ......။

mstint said...

♩ ♪ ♫ ♬♩ ♪ ♫ ♬♩ မင်းကလွဲပြီး ကိုယ်မချစ်ဘူး ... ဘယ်တော့မှ တစ်ခြားသူ အစားမထိုးဘူး ♩ ♪ ♫ ♬♩ ♪ ♫ ♬♩ ကဗျာလေးဖတ်ရင်း ပေါ်လာတဲ့သီချင်းလေ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

မမမေးနေတယ် သေချာဖြေလေ..:P

Cameron said...

ကဗျာလေးရောပုံလေးရောချစ်စရာ...။

Yoemyaykya said...

ပြည့်တဲ့ဆုနဲ့တောင်းပါစေ
အဲလေ တောင်းတဲ့ဆုနဲ့ပြည့်ပါစေ

လရိပ်အိမ် said...

တောင်းတဲ့ဆုနဲ့ပြည်.ပါစေလို့

အလွမ်းမြို့ said...

ဆုတောင်းလေးတွေပြည့်ဝပါစေကွယ်။

ကွန်မန့်ထဲမှာတော့ တီတင့် မန့်တာ သဘောအကျဆုံးဘဲ


ခင်တဲ့
အလွမ်း

မြတ်နိုးသူ(MUFL) said...

ကဗျာလေးကိုအရမ်းသဘောကျတာပဲ
အစ်ကိုလာအားပေးသွားတယ်နော်
ညီမလေး

မိုးညချမ်း said...

“သံသရာဆက်ဆက်

ချစ်ပါရစေသား ။” ... ဆုတောင်းတိုင်းသာ ပြည့်ခွင့်ရမယ်ဆိုရင် အဲဒီဆုတောင်းလေးကို အမြဲတောင်းချင်တယ် အစ်ကိုရေ ... :)

Angelhlaing(May everybody be happy and healthy! said...

ချစ်နိုင်သူတွေ ချစ်ကြပါချစ်ကြပါ...:):)
အားပေးလျှက်ပါအကို...

ကြည်ဖြူခင်ခင် said...

တောင်းတဲ့ဆုနဲ့ ပြည့်စေသား.. လွင်ပြင်ရေ.. :)

Latt Latt said...

ဆုတောင်းတွေပြည့်ပါစေ

ဖြိုးဇာနည် said...

ဆုတောင်းလေးကို သဘောကျတယ်
ချစ်စကိုရှည်စေ သံသရာဆက်တိုင်းရှည်နေ
ပါစေသားးး

kokoseinygn said...

နှစ်ယောက်စလုံး ကဗျာေ၇းတာ
အစပ်အဟပ်တည့်ကြတယ်။
ကဗျာတွေတ၀ ဖတ်ခဲ့တယ်။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :