ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘလော့ဂါဗေဒင် (၁လစာ)

Thursday 2 August 2012

တနင်္ဂနွေ သားသမီးများ

 ***ဘလော့အရေး***
            အတွေးတွေများပြီး ရေးစရာတွေပျောက်နေသော ကာလဖြစ်သည်။သေလောက်အောင်ချစ်ပါ
သည်ဆိုသောချစ်သူမှ အသစ်တစ်ယောက်နှင့်တွဲနေသော သတင်းကို ချစ်ရေးချစ်ရာ သတင်းဆိုဒ်တစ်ခုမှ ဖတ်ရနိုင်သည်။

***ကော့မက်အရေး***
              ငယ်ရွယ်သူတို့ တစ်စုံတစ်ယောက်၏ ကော့မက်တစ်ခုကြောင့် ရင်ခုန်နေရမည်။
 
 ***အချစ်ရေး***
 ချစ်သူရှိသူများ ချစ်သူ၏စွန့်ပစ်ခြင်းခံရကိန်းရှိပြီး ချစ်သူမရှိသူများ လက်ရှိချစ်သူကို စွန့်ပစ်ပြီး မိမိကို ချစ်လာသောချစ်သူရနိုင်သည် ။
 
*** အိမ်ထောင်ရေး***
 မိန်းမချက်ကျွေးသောထမင်းဟင်းများကိုမိန်းမရှေ့တွင် ကောင်းလိုက်တာဟု ကြွေးကြော်ကာ နောက်ကွယ်
မှာတော့ ဒီမိန်းမဟင်းချက် ညံ့လိုက်တာဟု အပြစ်တင်နေလိမ့်မည် ။
 
 ***ကျန်းမာရေး***
 အလုပ်ချိန်အတွင်း အိပ်ငိုက်သော ရောဂါကို ခံစားနေရတတ်သည် ။

***အကျိုးပေးဂဏန်း***
 တနေ့တာမိမိဆိုဒ်ကို လာကြည့်သော စာဖတ်သူအရေးအတွက်  ။
 
 ***ယတြာ***
 နေမကောင်းသော ဘလော့ဂါသူငယ်ချင်းထံသို့ နေမကောင်းလျှင်ရေထောင်းသောက်ဟု အကြံပေးရန် ။

                                     ************************************
တနလာၤသားသမီးမ်ား
  ***ဘေလာ့အေရး***
 ဘာတွေ တွေးတွေး စာတွေရေးချင်နေပြီး ကင်မရာတစ်လုံးနှင့် လမ်းတကာလျှောက်ကာ တွေ့သမျှ မှတ်တမ်း
  တင်ချင်နေသော ကာလဖြစ်သည် ။

 ***ကော့မက်အရေး***
 တင်ပြီးသမျှ ပို့စ်များထဲမှ အကြိုက်ဆုံးကော့မက်တစ်ခု အကြောင်းတွေးပြီး ပြုံးနေတတ်သည် ။

***အချစ်ရေး***
 ငယ်ရွယ်သူများ gtalkမှာ ချစ်သူရပြီး vzoမှာ ချက်သောအခါ မျက်နှာမြင်ပြီး လမ်းခွဲရတတ်သည် ။

*** အိမ်ထောင်ရေး***
 အသဲကွဲကဗျာတစ်ပုဒ်ရေးမိသောကြောင့် မိန်းမမှ စိမ်းကားရက်စက်စွာ ကြက်ဟင်းခါးသီးဟင်းနှင့်
 သုံးရက်တိုင်တိုင်ချက်ကျွေးပြီး ညအိပ်ယာဝင်တိုင် အငဲ၏ ခါး သီချင်းကို ဆိုခိုင်းလိမ့်မည် ။

 ***ကျန်းမာရေး***
 ညဘက်ဘလော့ရေးရင်ကိုရီယားဇာတ်လမ်းတွဲအကြည့်များသောကြောင့်အိပ်ရေးပျက်သော ဝေဒနာခံစားနေ
ရတတ်သည် ။

 ***အကျိုးပေးဂဏန်း***
 လေးဖြူသီချင်းများ စာမျက်နှာ (၁၅) ပါဝါ (၅၄)

 ***ယတြာ*** 
 အသဲကွဲနေသော ဘလော့ဂါသူငယ်ချင်းတစ်ယောက်ထံ မိမိချစ်သူမှာ မိမိအားမည်မျှချစ်ကြောင်း ခဏခဏပြောပေးပါ ။
                                        ********************************
အင်္ဂါသားသမီးများ

 ***ဘလော့အရေး***
  တွေးထားသောစာတွေရေးမရဟု အကြောင်းပြကာ ဘလော့ဂါသူငယ်ချင်းတစ်ယောက်နှင့်
 အရက်သောက်ချင်နေလိမ့်မည် ။

  ***ကော့မက်အရေး***
 cboxမှာ မိမိကိုချစ်သည်ဟုလာရေးထားသောသူ၏ IPကိုစစ်မရသောကြောင့် ကြည့်နေသော စစ်ကားကိုပိတ်ပြီးအိမ်မှာသုံးနေသော ရေစစ်များကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ချင်နေသော ကာလဖြစ်သည် ။

 ***အချစ်ရေး***
 ယောကျာ်းလေးများ ကိုရီယားအချစ်ကားများကြည့်ကာ မြန်မာပြည်မှာ လူဖြစ်ရတာမတန်ဘူးဟု မိဘများကို
 အပြစ်တင်နေကြလိမ့်မည် ။

 *** အိမ်ထောင်ရေး***
 မိန်းမမသိအောင် ဘလောဂါသူငယ်ချင်းတစ်ယောက်နှင့် အရက်ခိုးသောက်ရာ ထိုသူငယ်ချင်းမှ နောက်တရက်တွင် ချစ်သူငယ်ချင်း ဘလော့ဂါလေးနှင့် သောက်ဖြစ်ခြင်းခေါင်းစဉ်နှင့်
အတူ ဓါတ်ပုံပါတွဲပြီးထိုသူ၏ဆိုဒ်မှပို့စ်တစ်ပုဒ်တင်ခြင်းခံရနိုင်သည် ။
 
 ***ကျန်းမာရေး***
 ခြင်တကောင်နမ်းခြင်းကြောင့် နှုတ်ခမ်းမှာ ယောင်နေတတ်သည်  ။
 
 ***အကျိုးပေးဂဏန်း***
 သင့်ချစ်သူ၏ ဆံပင်နှင့် မျက်ခုံးမွေး အရေအတွက်  ။
 
 ***ယတြာ*** 
ငါးမကြိုက်သော ကြောင်တစ်ကောင်ရှာပြီး ထိုကြောင်နှင့်အတူ ရေမရှိသောအိုင်မှာ ငါး သွားဖမ်းပါ ။
 
                                  ************************************
 
 ဗုဒ္ဓဟူးသားသမီးများ
 
  ***ဘလော့အရေး***
 အပြောင်းအလဲများတတ်သော ချစ်သူကြောင့် မိမိဆိုဒ်ကို Template ခဏခဏပြောင်းချင်နေလိမ့်မည် ။
 
 ***ကော့မက်အရေး***
ကြေငြာကော့မက်တွေများနေသောကြောင့် ထိုကော့မက်များကိုနှုတ်နှုတ်စင်းချင်နေလိမ့်မည် ။
 
  ***အချစ်ရေး***
 ဘလော့ဂါ လူပျိုကြီး အပျိုကြီးများဟု အခေါ်ခံရတာများလာသောကြောင့် ဘလော့ဂါ လူပျိုကြီးနှင့်အပျိုကြီးများအိမ်ထောင်ပြုရန် စဉ်းစားနေတတ်သော ကာလဖြစ်သည် ။
 
  *** အိမ်ထောင်ရေး***
 ဇနီးမယား ကြင်သူသက်ထားမှ အလုပ်မသွားမည် ဆွတ်ပေးလိုက်သော ရေမွှေးသည် အလုပ်ပြန်အိမ်ရောက်သောအခါရနံ့ပြောင်းသွားသောရေမွှေးကြောင့်
မိန်းမ နှာစေးနေပါစေဟု ဆုတောင်းနေသော ကာလဖြစ်သည် ။
 
***ကျန်းမာရေး***
အသက်မပျောက်အောင် အသောက်မပျက်သောကြောင့် ညဘက်ညဘက် ရေငတ်သော ဝေဒနာခံစားနေ၇တတ်သည်  ။
 
  ***အကျိုးပေးဂဏန်း***
 မူးပြီးအိမ်ပြန်လာသောအခါ မိန်းမမှ ရိုက်လိုက်သော ဘယ်ပြန်ညာပြန်ရိုက်ချက် အရေအတွက်  ။
 
  ***ယတြာ*** 
အိပ်ပျော်နေသော ခွေးတစ်ကောင်၏ နှာရွက်ထဲသို့ မြက်ပင်နှင့်ကလိပြီး ခွေလိုက်ကိုက်လျှင်
 အောင်ပြီ အောင်ပြီဟု အော်ပြေးရန်  ။
     
                                          ************************************
ကြာသပတေးသားသမီးများ
 
  ***ဘလော့အရေး***
 စာသောက်စရာဆိုဒ်များသို့ နေ့တိုင်းရောက်ဖြစ်ပြီး ပုံပြထားပေမယ့် တကယ်မစားရတဲ့ ဘ၀ကို အလိုမကျဖြစ်နေလိမ့်မယ် ။
 
  ***ကော့မက်အရေး***
 တနေ့ထက်တနေ့များလာသော ကော့မက်များကြောင့် ၀မ်းသာနေသောကြောင့် ရင်ပြည့်ကာ ထမင်း ၃ရက်မစားပဲ နေနေသည် ။

***အချစ်ရေး***
 နာမည်အရမ်းကြီးသော သရုပ်ဆောင် ရုပ်ချောချာ မင်းသား မင်းသမီးများမှ မိမိကို ချစ်ရေးဆိုလာနိုင်သည် ။
 
 *** အိမ်ထောင်ရေး***
 ယောကျာ်းလေးများ မီးဖိုခန်းဝင်ပြီး မိန်းမကို မတတ်တတတ်နှင့် ဟင်းလျာကောင်းများ ချက်ကျွေးရန်ဆန္ဒရှိနေလိမ့်မည် ။
 
 ***ကျန်းမာရေး***
 ချစ်သူက သီချင်းဆိုတာ အရမ်းကောင်းတယ်ပြောသောကြောင့် မရပ်မနားသီချင်းဆိုနေသောကြောင့် လည်ချောင်းနာ အသံဝင် နေသောဝေဒနာခံစားနေရတတ်သည် ။

***အကျိုးပေးဂဏန်း***
မိမိfacebook မှ သူငယ်ချင်းအရေအတွက် နှစ်ဆ

  ***ယတြာ*** 
 လူခြေတိတ်သော ညအချိန်တွင် မျိုးကြီး၏ ဒီကစောင့်နေသူ သီချင်းကို ကျယ်နိုင်သလောက်ကျယ်အောင် အော်ဆိုပါ ဘေးအိမ်များမှ ခဲနှင့်မပေါက် ရဲလာမဖမ်းလျှင် ယတြာရအောင်သည် ။
 
                                 *************************************
 
သောကြာသားသမီးများ
 
***ဘလော့အရေး***
မိမိဆိုဒ်ကိုပစ်ပြီး facebookတွင်အချိန်ကုန်နေသောကြောင့် ပို့စ်အသစ်မတင်လို့ သူငယ်ချင်းများမှ နေမှကောင်းရဲ့လားဟူသော စိုးရိမ်သံများကြားနေရသောကာလဖြစ်သည် ။
 
  ***ကော့မက်အရေး***
နာမည်ကြီးစာရေးဆရာတစ်ယောက်မိမိတင်သောပို့အား လာရောက်ကော့မက်ပေးသောကြောင့် အရမ်းပျော်ရွှင်ကာ ဘလော့ဂါသူငယ်ချင်းများအား မုန့်လိုက်ကျွေးချင်သော ဆန္ဒပြင်းပြနေလိမ့်မည် ။
 
 ***အချစ်ရေး***
ချစ်သူစွန့်ပစ်လို့ အသဲကွဲ ကဗျာများ စာများ ရေးရာ လက်စွမ်းထက်နေသော ကာလဖြစ်သောကြောင့်
စွန့်ပစ်သွားသောချစ်သူအားကျေးဇူးတင်နေလိမ့်မည် ။

 *** အိမ်ထောင်ရေး***
လစာထုတ်သော ပိုက်ဆံများမှ ဇနီးမသိအောင် ၀ှက်ထားသောပိုက်ဆံများ ကြွက်စားခံရနိုင်သည် ။သေချာအောင်ဝှက်ရန်လိုသည် ။
 
  ***ကျန်းမာရေး***
ချက်တင်ထိုင်တာများသောကြောင့် အကျောတက်ဝေဒနာခံစားနေရတတ်သည် ။
 
***အကျိုးပေးဂဏန်း***
မိမိပတ်ဝန်းကျင်မှ အတိုးပေးစာနေသောသူ၏  ဖုန်းနံပါတ် ။

***ယတြာ*** 
မိမိကို အမြဲတမ်း အကောင်းမမြင် အပြစ်မြင်တတ်သောသူရှေ့တွင် ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်ပါဘူး သီချင်းကို အခေါက်ခေါက်အခါခါဆိုပြပါ ။

                                       ************************************
စနေသားသမီးများ
***ဘလော့အရေး***
သူငယ်ချင်းအပေါင်းအသင်းများ၏ဆိုဒ်များ  ဖွင့်မရပဲ ပျက်နေသော သတင်းများကြားသောကြောင့်
စိတ်မကောင်းဖြစ်ကာ မိမိနှင့် သူငယ်ချင်းများဆိုဒ်လဲ ထိုသို့မဖြစ်ရလေအောင် ဟတ်ကာများ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးနေသော ကာလဖြစ်သည် ။
 
 ***ကော့မက်အရေး***
အားပေးသောကော့မက်များ ဝေဖန်သောကော့မက်များ အပြစ်တင်သောကော့မက်များကြား ပျော်ရွှင်လိုက် 
နာကျင်လိုက်နှင့် တရားရသောကာလဖြစ်သည် ။
 
 ***အချစ်ရေး***
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ အချစ်ရေး အဆင်ပြေသောကာလဖြစ်ပါသည် ။
 
 *** အိမ်ထောင်ရေး***
အရာရာအဆင်ပြေနေသောအချိန်ဖြစ်သောကြောင့် ဇနီးမယားအား နောက်ထွက်မည့် iphone 5 ၀ယ်ပေးရန်
ဈေးနှုန်းစုံစမ်းနေသော ကာလဖြစ်သည် ။
 
 ***ကျန်းမာရေး***
မိမိရောဂါနှင့်မတည့်သော အစားအစာများကို မည်သူမှမသိအောင် ခိုးစားချင်နေသော ကာလဖြစ်သည် ။
 
 ***အကျိုးပေးဂဏန်း***
မိမိချစ်သူ၏ မွေးသက္ကရာဇ် ။
 
 ***ယတြာ***
မိမိချစ်သူလိုချင်နေသော ပစ္စည်းအား ဈေးမဆစ်ပဲ လိုအပ်သမျှ ပြုံးပြုံးလေးနှင့် ၀ယ်ပေးလိုက်ပါ ။
 
                                  *****************************************
 
မှတ်ချက် ။       ။ပျော်ရွှင်ရန်ရေးသားထားသောကြောင့် အမှားအယွင်းများရှိလျှင် နားလည်ပေးပါရန် တောင်း
                        ပန်အပ်ပါသည် သူငယ်ချင်းများအားပေးလျှင် လစဉ်ရေးပေးပါ့မည် ။
 
လွင်ပြင်လှိုင်းငယ်


23 comments:

Phyu Lwin said...

တနင်္ဂလာသမားဗေဒင်ဖတ်သွားတယ်းD ရေးတတ်လိုက်တာ

မြတ်နိုးသူ(MUFL) said...

အချစ်ရေးတဲ့
အစ်ကိုပြောတဲ့အတိုင်းဆိုဘယ်မင်းသားကချစ်ရေး
လာဆိုမှာလဲမသိဘူးခပ်ချောချောလေးဖြစ်ပါစေ
နေတိုးလားမသိဘူးနော်
စိတ်ကူးထဲမှာပုံဖော်ကြည့်လိုက်ဦးမယ်ဖူးစာရှင်ကို
အားပေးသွားပါတယ်နော်
ညီမလေးကကြသပတေးသမီးလေ

အန်တီလေးမေခင် said...

ဗေဒင်လေးဖတ်ပြီးပြုံးမိသွားပါတယ်
အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

Yoemyaykya said...

တနင်္လာသမီးလာဖတ်သွားတယ်။ အသည်းကွဲနေတဲ့ ဘလော့ဂ်ဂါရှိရင်ပြောပေးပါ။ ယတြာချေချင်လို့ပါ။

Angelhlaing(May everybody be happy and healthy! said...

ရေးလည်းရေးတက်တဲ့အကို...:)))

လေပြေချို said...

အင်္ဂါသားသမီးတွေအတွက်ဟေားထားတာကို ဖတ်သွားတယ်.. ယတြာချေဖို့ ဒီအချိန်မှာ ရေမရှိတဲ့အိုင်ကိုရှာပီး ငါးသွားဖမ်းအုံးမယ်..:DDDDDD

ခင်တက်တဲ့
လေပြေချို

အိပ်မက်ကောင်းကင် said...

တနင်္ဂနွေသားသမီး အကြောင်းလာဖတ်သွားတယ်
" ကျန်းမာရေး " ကတော့ မှန်မှမှန် ။
အလုပ်မှာ အမြဲတမ်းအိပ်ငိုက်တာဆိုတာလေ :D

လေပြေချို said...
This comment has been removed by the author.
လေပြေချို said...
This comment has been removed by the author.
လရိပ်အိမ် said...

--->Yinnyein@Yoe : ရှိပါတယ်။
ကျွန်တော်က သောကြာပါ။

မိုးသူ(တောင်ကြီး) said...

ဟိုက်ခ်ျ ..... ကိုလွင်ပြင်ကလဲ နောက်တတ်တာပဲ

နွေတေးရှင် said...

ဟာာာာာာာား....
ရယ်ရတယ်ဗျို့...

ယတြာ
တွေအကုန်ကောင်းတယ် ဗျာ စိတ်ရှိလက်ရှိကို ရယ်ပစ်လိုက်တယ်။

ရေးပါရေးပါ
စောင့်မျှော်နေပါ့မယ်ဗျာ။

ချစ်စံအိမ် said...

မှန်တယ် သိလား လွင်ပြင် ဟီးကွန်မန့်တစ်ခုကြောင့်
ရင်ခုန်နေတယ် အဆဲခံရလို့ ဟီး

ချင်းမလေး said...

ကိုယ့်နေ့ နံအတွက် ကိုယ်ဖတ်သွားပါတယ်..
ဘယ်နေ့ လဲဆိုတာတော့ကျောဝူး.. :P
ဒီလူကြီး..သူ့ ဆီသွားမလည်ရင်ပြန်လာမလည်ဘူး..
အမ နဲ့ တိုင်ကျောမယ်..ဒါဗြဲ.. :D

လွင်ပြင်လှိုင်းငယ် said...

ဟုတ်ရပါဘူး ချင်းမလေးရယ် မအားလို့ပါ အချိန်ရရင်အမြဲရောက်ပါ့

Anonymous said...

တိန် သောကြာသားသမီး များဆိုတာ အနော့ကို
လက်ညိုးထိုးနားရွက်ဆွဲပြီး ကျောလိုက်တာလား
ကိုကြီးရေ ..မဖြစ်ဘူး မဖြစ်ဘူး..
ဝှက်ထားတဲ့ ပိုက်ဆံတွေ ကြွက်စားခံလို့မဖြစ်ဘူး
နေရာပြောင်အုံးမှ.........


ခင်မင်လေးစားလျှက်..
(ဒုဒု)

မိုးညချမ်း said...

“***ယတြာ***
အိပ်ပျော်နေသော ခွေးတစ်ကောင်၏ နှာရွက်ထဲသို့ မြက်ပင်နှင့်ကလိပြီး ခွေလိုက်ကိုက်လျှင်
အောင်ပြီ အောင်ပြီဟု အော်ပြေးရန် ။” ... အဲဒီယတြာချေတဲ့အခါ ခွေးလိုက်ကိုက်လို့ ပြေးနေပုံကို ဓါတ်ပုံရိုက်ပြီး အစ်ကိုနဲ့ မမဆီ ပို့ပေးရမယ် ... ခိ ခိ ... အူတက်အောင် ရီလိုက်ရတာ အစ်ကိုရာ ... :P

ချော (အစိမ်းရောင်လင်ပြင်) said...

ကင်မရာတစ်လုံးနဲ့ တွေ့သမျှကို မှတ်တမ်းတင်နေတယ်ဆိုတာရယ်
စာမရေးဘဲ ဖ့ဘွတ်မှာအချိန်ကုန်နေတယ်ဆိုတာရယ် သိပ်မှန်တာဘဲ ဒက်ထိပါလားနော် :)

ရာဇာထွေး said...

ဗေဒင်တော့မှန်မမှန်မသိ ဘူး...လောလောဆယ်ဖတ်ရင်း
ရယ်ရဗိုက်တောင်အောင့်တယ် လွင်ပြင်ရေ...ဗုဒ္ဓဟူးသား
လေ...ယတြာ ကပိုဆိုးသလိုပဲ ဗေဒင်ဆရာရဲ့

ဖြိုးဇာနည် said...

ဘေဓင်ဆြာရီး သော်ဠိုက်သာဂျာာာာာ

mstint said...

အော် ကဗျာဆရာလေးက ဗေဒင်ပညာပါ တတ်ကျွမ်းပေသကိုးး)) အိမ်ပင့်ရင် ဘယ်လောက်လဲ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ရွှေပြည်သူ (ShwePyiThu) said...

ဟာသဥာဏ်အပြည့်နဲ့ ရေးသွားတာက တကယ်ကို ပြုံးချင်စဖွယ်ပါး)

3rdthameetaw said...

အမယ် ဗေဒင် ကလည်းဟုတ်သလိုလိုပါလား
ချစ်သူကတော့စွန့် ပ စ်တာ ပြီးခဲ့တဲ့လ တည်း ကပါ ပဲ ကိစ္စမရှိဘူး နှလုံးသားကိုအနားပေးရတာပေါ့

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :