ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဟိုရောက်ဒီရောက် အတွေးများ

Sunday 2 September 2012

ပေးဆပ်ခြင်း အကောင်းဆုံးပြောတာ သတ္တိနည်းလို့ ။

စွန့်လွတ်တာမွန်မြတ်တယ်ထင်တာ တာဝန်မယူရဲလို့ ။


တပါးသူရင်ခွင်မှာ အချစ်မပါပဲ ဥစ္စာဓနနဲ့ ပြည့်စုံနေတာမြင်ရလို့ ကြည်နူးမိပါတယ် ပြောတာ မျက်စိကန်းနေလို့။

နီးစပ်ဖို့မကြိုးစားပဲ အလွမ်းဆိုတဲ့ဝေဒနာကို အရသာရှိရှိခံစားနေတာ အသုံးမကျလို့ ။

ဝေးတယ်ဆိုတာ မလိုက်လို့ပါ ။

တကယ်ပဲနီးစပ်ချင်တယ်ဆိုရင် ဘယ်လောက်ဝေးဝေး ပင်လယ်ကိုတံတားထိုးပြီး လျှောက်ကြည့်ပါ ရောက်မှာ အသေအချာပါပဲ ။

တကယ်ပဲ တန်ဖိုးထားတယ်ဆိုရင် ပိုင်ဆိုင်ဖို့မကြိုးစားရင် ကိုယ့်ရင်ခုန်သံကို သူမကြားအောင်ခပ်ဝေးဝေးမှာနေပါ ။

တကယ်ပဲ သတ္တိရှိတယ်ဆိုရင် ကိုယ်မလုပ်နိုင်တဲ့ ကိစ္စအတွက်
ချစ်တယ် ဆိုတဲ့ စကားကို မသုံးပါနဲ့ ။


အဆိုးဆုံးထိတွေးပါ အကောင်းဆုံးတွေ ရောပါလာလိမ့်မယ် ။

ရိုးသားစွာချစ်ပါ အကျိုးတရားတွေရလာပါလိမ့်မယ် ။

မှတ်ချက် ။         ။ဘာရယ်မဟုတ် တွေးမိသမျှ ခံစားသမျှ ချကြည့်ရေးကြည့်တာ 

လွင်ပြင်လှိုင်းငယ်

13 comments:

လရိပ်အိမ် said...

ဟိုရောက်ဒီရောက်ပေမဲ့ အတွေးလေးတွေကောင်းတယ်။

အိပ်မက်ကောင်းကင် said...

ဟိုရောက် သည်ရောက် အတွေးလေးတွေကို အားပေးသွားတယ်နော် . . .

Phyu Lwin said...

အတွေးလေးတွေကောင်းတယ် နောက်လဲ များများတွေး များများရေးနိုင်ပါစေ

့မြတ်နိုးသူ(MUFL) said...

ရိုးသားစွာချစ်ပါ အကျိုးတရားတွေရလာပါလိမ့်မယ် ။
ဟီးမှတ်ထားလိုက်ပီနော်အကိုအားပေးသွားပါတယ်

လေပြေချို said...

အဆိုးဆုံးထိတွေးပါ အကောင်းဆုံးတွေ ရောပါလာလိမ့်မယ် ။ မှန်တာပေါ့... အတွေးလေးတွေကောင်းတယ်... အားပေးသွားတယ်သိလား။
ခင်တဲ့
လေပြေချို

မိုးဇက် said...

အိ.....ဘရိုလုပ်တာနှင့် တရားစခန်းဝင်ရတော့မယ် ...း)

kiim said...

စာလာဖတ်ရင်း အတွေးလေးတွေလဲ
ဟိုရောက်ဒီရောက်ဖစ်ကုန်တယ်... :)

မိုးနတ်ကြယ်စင် said...

ဟိုရောက်ဒီရောက် အတွေးလေးတွေတဲ့လား..
ဟိုရောက်ဒီရောက်မို့သာပဲ..သေချာသာတွေးရင်တော့..
ဟီး...ပိုကောင်းမယ်လို့ပြောတာပါ..
အားပေးသွားတယ် အကိုရေ....
ခင်တဲ့..မိုးနတ်

mstint said...

လွင်ပြင်လေးရဲ့ ဒဿနလေးတွေ အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းအရိပ် said...

ဟိုရောက်ဒီရောက်အတွေးများကို ဟိုမရောက်ဒီမရောက်အတွေးတွေနဲ့ လာဖတ်သွားပါတယ်ခင်ဗျာ :P

ဘုန်း၂တောက် said...

ဟိုရောက်သည်ရောက်ဆိုပေမယ့် အတွေးလေးတွေက ထက်တယ်၊ စူးရှတယ်။

မိုးသူ(တောင်ကြီး) said...

တကယ်ပဲနီးစပ်ချင်တယ်ဆိုရင် ဘယ်လောက်ဝေးဝေး ပင်လယ်ကိုတံတားထိုးပြီး လျှောက်ကြည့်ပါ ရောက်မှာ အသေအချာပါပဲ ။


ကိုလွင်ပြင်ရေ ကျွန်တော်

အခုပဲ တံတားထိုးတော့မယ်ဗျ

သူနဲ့ မဝေးချင်လို့ ပါ

Yoemyaykya said...

ရိုးသားစွာချစ်ပေမယ့် အကျိုးတရားတွေကတော့ တကယ့်ကို အဝေးမှာပဲကိုလွင်ပြင်ရေ

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :