ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

လမ်း

Monday 10 September 2012

လမ်းဘေးလေးမှာ ပေပေတေတေနဲ့ ကလေးတွေ အိတ်ကလေးတွေကိုယ်စီနဲ့အမှိုက်ကောက်နေတယ် ။

လမ်းမပေါ်က တန်ဖိုးကြီးကားပေါ်မှာ သပ်သပ်ရပ်ရပ်နဲ့ ဈေးကြီးတဲ့ ကျောပိုးအိတ်နဲ့အတူ သူဌေးသားလေးတွေ စာသင်ကျောင်းသို့ သွားနေတယ် ။

လမ်းဘေးဈေးဆိုင်တွေမှာ ၀မ်းရေးအတွက် အော်ဟစ်ရောင်းချပြီး ချွေးစက်တွေသောက်သုံးနေတယ် ။

လမ်းဘေးဈေးဆိုင်ထဲမှာ လက်ကိုင်ဖုန်းလေးတွေနဲ့ အိမ်ကမိန်းမသိအောင် အငယ်လေးတွေဆီ တိုးတိုးတိတ်တိတ်အီနေရင်း အအေးခွက်ကို ဇိမ်နဲ့သောက်နေတယ် ။

လမ်းဘေး အမှိုက်ပုံလေးဘေးမှာ ကလေးတစ်ယောက် ယင်ကောင်တွေ ၀န်းရံပြီး အိပ်ပျော်နေတယ် ။

လမ်းဘေး ဟော်တယ်ကြီးပေါ်မှာ သူဌေးတွေ အလှမယ်လေးတွေ ၀န်းရံကာ မောပန်းပြီး အဲယားကွန်းအရသာခံအိပ်စက်နေတယ် ။

လမ်းဘေးလေးမှာ ဆိုက်ကားတစ်စီထိုးဆိုက်လာပြီး တုန်ရင်းနေတဲ့ လက်တစ်စုံနဲ့ ပိုက်ဆံလှမ်းယူမယ် အလုပ်မှာ "အိမ်ကကားပျက်လို့ ဆိုက်ကစီးပါတယ်ဆို
လိပ်အိုကြီးနင်းတဲ့ ဆိုက်ကားစီးလာတာငါ့အမှားလို့"ရွှေတွေပြောင်လက်လက်နဲ့ အမျိုးသမီးတဦး အဘိုးအိုကို ပိုက်ဆံ လှမ်းပစ်ပေးနေတယ် ။

လမ်းဘေး ဘတ်ကားဂိတ်က လူတစ်ယောက် အိမ်မှာ ဆန်ဆီဆားဝယ်ဖို့ ပိုက်ဆံလေး ခါးပိုက်နှိုက်ခံရလို့ အိမ်ကိုဘယ်လိုပြန်ရမလဲ အတွေးနဲ့ မျက်ရည်လည်နေရှာတယ် ။
 
 လမ်းမပေါ်မှာ ခွေးလေးတစ်ကောင် ကားတိုက်သွားပေမယ့် ကြည့်မယ့်လူမရှိ သွေးသံရဲရဲနဲ့ပေါ့ ။
လမ်းမကားပေါ်က အမွေးစုတ်ဖွားခွေးလှလှလေးက ဒဏ်ရာအပြည့်နဲ့ ထိုခွေးလေးကို မျည်ရည်ဝဲ၀ဲနဲ့ကြည့်နေရှာတယ် ။

လမ်းပေါ်မှာ ဒုက္ခတွေအများကြီးရှိတယ် ။
လမ်းမပေါ်မှာ အားအင်တွေအများကြီးရှိတယ် ။
လမ်းမပေါ်မှာ သေခြင်းတရားတွေရှိတယ် ။
လမ်းပတ်ဝန်းကျင်မှာ လူအမျိုးမျိုးရှိတယ် ။
လမ်းမပေါ်မှာ............................
လမ်းဘေးလေးမှာ ..............
......................

မဆုံးသော .......မဆုံးနိုင်သော  ...............


လွင်ပြင်လှိုင်းငယ်
 

21 comments:

အိပ်မက်ကောင်းကင် said...

အမှန်တရား တွေကိုရေးထားလို့လားမသိဘူး
စာတွေကိုဖတ်ရင်းခံစားမိတယ်
အားပေးသွားတယ်နော်
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိမ်မက်ကောင်းကင်)

လေပြေချို said...

သဘာဝတရားကြီးရဲ့ ဆန့်ကျင်ဘက်သဘောထားလေးတွေပေါ့.. တရားသဘောနဲ့ပြောရရင် ကုသိုယ်ကံနဲ့ အကုသိုလ်ကံတို့ရဲ့ အကျိုးပေးရာကို ကြည့်မြင်တက်ရင် အများကြီး သံဝေဂ ရနိုင်ပါတယ်..
ဒီလမ်းပေါ်မှာ သွားရင်းလာရင်းလည်း ဒီအချက်လေးတွေကိုသုံးသပ်ပြီး အသိတရားလေးတွေလည်း ရနိုင်ပါတယ်...
အရမ်းတန်ဖိုးရှိတဲ့ပိုစ်လေးပါပဲ..
ကျေးဇူးတင်ပါတယ်..လွင်ပြင်ရေ...

Anonymous said...

လမ်း လာကြည့်တာနော

ဆန်းစနေ၀န်း said...

လမ်းကဗျာလေးကို ခံစားသွားပါတယ်

Yoemyaykya said...

လမ်းလေးဘေးမှာ တွဲလက်မဖြုတ်တမ်းခိုင်မြဲတဲ့ လက်တစ်စုံရှိသလို
လမ်းလေးဘေးမှာ တစ်ယောက်တည်း အသဲကွဲကျန်ခဲ့တဲ့သူတွေလည်း ရှိသေးတယ်။

khin said...

ယင်းကို ဘ၀ဟု အဓိပါယ် ဖွင်.ဆိုနိုင်ပါသည်။

့မြတ်နိုးသူ(MUFL) said...

လမ်းမပေါ်မှာရောလမ်းပတ်ဝန်းကျင်မှာရော
လမ်းဘေးမှာေ၇ာသံဝေဂရစရာနေရာတွေနဲ့
ပြည့်နေတာကိုဘာလို့သတိမထားကြတာလဲ
မသိဘူးနော်အကိုအားပေးသွားပါတယ်

Cameron said...

အားလုံးမှန်တယ်...။

အန်တီလေးမေခင် said...

မောင်လွင်ပြင်ရေဘုံဘ၀ကြုံရတဲ.ဒုက္ခ၊သုခ
မဆုံးသော။မဆုံးနိုင်သော....လမ်းပိုစ်.လေး
အားပေးသွားပါတယ်။ခင်တဲ.အန်တီလေးမေခင်

မိုးနတ်ကြယ်စင် said...

လမ်း....တဲ့လား....
မှန်တာတွေကိုရေးထားလို့ အားရပါးရအားပေးသွားတယ်
အကိုတော်....ဆက်ရေးရင်ဆုံးမှာမဟုတ်တော့ဘူးထင်တယ်နော်...လမ်းမပေါ်မှာ..လမ်းဘေးလေးမှာ အထ္တုပတ္တိတွေလဲ အများကြီးကိုး.....:P

ဘုန်း၂တောက် said...

မတူကွဲပြား ခြားနားမှုလေးတွေပေါ့နော်...

mstint said...

ဒီတစ်ခေါက် ထူးထူးခြားခြား ရေးထားတဲ့ ဒဿနာလေးတွေ အားပေးသွားတယ် လွင်ပြင်လေးရေ။ မပြီးဆုံးနိုင်တဲ့ခရီးလမ်းကြောင်းကြီးပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

roseayemaung said...

ဟုတ်တယ်..ဟုတ်တယ်မှန်တယ်.အမှန်တရားတွေဖွင့်ချထားတာ..
အားပေးသွားပါတယ်
ကိုလွင်ပြင်....။။

လရိပ်အိမ် said...

လူအမျိုးမျိုးအထွေထွေနော်။
ဆင်းရဲတဲ့သူတွေကျတော့လဲ သိမ်ငယ်ရတယ်။
ချမ်းသာတဲ့သူတွေကျတော့လဲ မောက်မာကြတယ်။
လမ်းအကြောင်းလေး တော်တော်သိသွားပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါရဲ့ လမ်းပေါ်မှာ ဒုက္ခတွေ အများကြီးဘဲ
မတူညီတဲ့ ဘဝတွေ
မတူညီတဲ့ ဒုက္ခတွေ ...

မိုးသူ(တောင်ကြီး) said...

လမ်း.......ပေါ်မှာကြယ်ကြွေကောက်သူတွေ

မျှော်လင့်ချက်အပဲ့အရွဲ့ တွေကောက်သူတွေ

ခဏခဏမြင်ရတယ်

ဖြိုးဇာနည် said...

တွေးစရာတွေအများကြီးပဲရလိုက်တယ်
ခင်တဲ့
ဖြိုးဇာနည်

ချစ်စံအိမ် said...

မတူညီတဲ့လမ်းတွေဘ၀တွေပေါ့
အားပေးသွားပါတယ်..

Phyu Lwin said...

မတူညီတဲ့ ဘ၀အမျိုးမျိုးကို လမ်းလေးနဲ့ တွဲပြီး ရေးထားတာ ပိုပေါ်လွင်သွားပါတယ်

Anonymous said...

စိတ်ညစ်စရာကောင်းတဲ့ လောကကြီးပဲ

အလွမ်းမြို့ said...

ကောင်းလိုက်တဲ့ အတွေး
အားပေးသွားတယ်။

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :