ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

ဘလော့ဂ်ဂါများနှင့် ကျွန်တော့်ကဗျာ

Monday 17 September 2012

တောက်ပတဲ့ကြယ်စင် တွေအောက်
တင့်တယ်တဲ့ လောကကြီးမှာ
မြသွေး  ရောင် ခန်းစီးစနဲ့
အစိမ်းရောင် လွင်ပြင်ကျယ်ရဲ့ အလယ်မှာ
ငါ့ရင်ထဲကိုကဗျာကိုချစ်တဲ့ ဆူးသစ် တစ်ချောင်းတော့ စူးဝင်နေပြီ
ချစ်ခြင်းရဲ့ အတွေးစလေး  တွေနဲ့
မနေ့က မိုးငွေ့ ရနံ့နဲ့
လရိပ်အိမ် ပေါ်တက်
အိန်ဂျယ်လှိုင်းစီးရင်း
စံပယ်တခင်းစိုက်ခဲ့သေးတယ်
မဒမ် ရယ်လို့ တခါတရံငါ့အခေါ်မှာနေပျော်ပါရဲ့လား
သူဂျီးမရှိလို့ရွာဆူဆိုသလို နင်မရှိရင် ငါ့နှလုံးသားကပွတ်ပွတ်ဆူသွားနိုင်တယ်
စကားချိုချိုတွေ ချိုချဉ်စားပြီးနင်ယုံအောင်ပြောတာမဟုတ်သလို
မေမြို့မိုးလို အစိုးမရတာတာလဲမဟုတ်ခဲ့ပါဘူး
နှလုံးသားစွတ်ကြောင်းထဲက ခံစားချက်အမှန်တွေပါ
အိပ်မပျော်တဲ့ ညနက်နက်မှာနင့်အတွက်
အို A အို Hပါတော့လို့  အိပ်ယာ ပေါ်ဝယ်ကငါချော့သိပ့်ပါ့မယ်
ဧဒင်ဥယျာဉ်ထဲက ပန်းသီးမစားဖူးပေမယ့်
နှင်းဆီတခင်းမှာ ပန်းတခြင်းတော့ မင်းအတွက်လက်ဆောင်ယူလာပေးခဲ့တယ်
ရိုးမြေကျ  ပေါင်းဖက်ဖို့
စံတင်လောက်တဲ့ သမီးအလိမ္မာလေးမို့
အမျိုးကောင်းသားပီပီ
တန်ဖိုးထားတောင်းရမ်းပြီးတော့
ဘ၀အတွက် ချစ်စံအိမ် လှလှတစ်လုံးတော့ မောင် ဆောက်ပေးပါ့မယ်
အိမ်လေးထဲမှာ မင်းကြိုက်တဲ့ အရောင်အသွေးတွေနဲ့ ရောင်စုံအခန်း လေးတွေဖွဲ့ပေးထားမယ်
မြစ် မင်းဧရာ ကိုမှီခိုပြီး ငါတို့တွေ လယ်သမားဘ၀နဲ့လဲ ဘ၀ကိုဖြတ်ကျော်ရဲတယ်
အိမ်ရှင်မတစ်ယောက်ဖြစ်တဲ့ မင်းပါးပြင်က သနပ်ခါး
လေပြေချိုနဲ့အတူ ငါ့ကိုလာရိုက်ခတ်တော့
ဘ၀ရဲ့အမောနဲ့ အိမ်လွမ်းစိတ် တွေ ပြေပျောက်စေခဲ့တယ်
ဧပရယ်ရဲ့ ဖုန်နံသင်းသင်းကို နှစ်ယောက်အတူ ရှူရှိုက်းရင်း
ဂျွန်မိုးရဲ့ မိုးညချမ်း တွေအောက် ငါတို့တူတူပျော်ကြတာပေါ့
စနိုးရဲ့ ကျီစယ်မှု့ကြောင့် အေးစက်တဲ့မင်းလက်နှစ်ဘက်ကို
 နွေးသွားအောင်ငါဆုတ်ထားပေးပါ့မယ်
ရင်ဆူး စေမယ့်ဆူးတစ်ချောင်းက မင်းအချစ်ဆူးဆိုရင်
မြတ်နိုး စွာ နှလုံးဒိုင်ယာရီထဲ ရေးမှတ်
ဒုတိယအရွယ်ရှိသမျှဝေဒနာ တွေဟာ
အဆိပ်ခွက်ဖြစ်စေအုံးတော့ ပြုံးပြုံးလေးသောက်လိုက်ပါ့မယ်
အိပ်မက်ကောင်းကင်က
ငါ့ရဲ့ ထာဝရသစ္စာတရားအတွက်
ဆုလာဒ်က မင်းဟာငါ့အတွက်
အိပ်မက်ရဲ့ အဖြူရောင် နတ်သမီး တပါးပေါ့
ဆန်းစနေ၀န်းကို မင်းနဲ့အတူ
စိုက်ထားတဲ့ချဉ်ပေါင်ခြံ  လေးကနေငေးရတာ အရသာတမျိုးပါလားနော်
ငါမင်းဘ၀လေးကို နေမင်းရဲ့ဇွဲမာန်လို ထွန်းလင်းစေပါ့မယ်
မင်းနဲ့ဝေးတုန်းက ဒီမြို့လေးဟာ လွမ်းပိုင်ရှင် ငါ့အတွက် အလွမ်းမြို့လေး
အခုတော့
ဘ၀ရဲ့ အိုအေစစ် လေးပေါ့
အသဲလေးတွေနဲ့ဆောက်ထားတဲ့ ဒို့အိမ်  လေးဘေးမှာ
ဝသုန်မိုးနဲ့ ပျိုးထားတဲ့ ပန်းလှလှလေးတွေစိုက်မယ်
ဆြာတွတ်ရဲ့ ကာတွန်းတွေလဲဖတ်ကြရင်း နေညိုရီအချိန်တိုင်းအတူရီမောကြတာပေါ့
မင်းမုန်းတဲ့သူ လောကမှာမရှိအောင် မင်းနှလုံးသားကရိုးသားလွန်းတဲ့
မင်းဟာငါ့ဘ၀ရဲ့ အမှောင်ထုထဲကအလင်းစက်လေးတစ်ခုပေါ့
ဒါကြောင့် အရာအားလုံးပြီးပြည့်စုံတဲ့ ဘ၀တစ်ခု၏ရာဇ၀င်တည်ထောင်ပြီး
2028ချစ်စံအိမ်သစ်မှာ ထရီဆာဆိုတဲ့ အိမ်နီးချင်းလေးနှင့်အတူ
တတိယမြောက် ကဗျာမျိုးဆက်သစ်ကို
နှင်းဆီပန်းခင်းလေးနှင့်အတူ
 မျှော်လင့်ကြတာပေါ့ ။

မှတ်ချက်(သို့မဟုတ်)တောင်ပန်ခြင်း ။         ။ကျွန်တော် လေးစားအားကျသော ဘလော့ဂါ အများကြီးကျန်သေးပေမယ့် ကဗျာထဲမှာ နာမည်ပါအောင်မစပ်တတ်သော ကျွန်တော့်အား နားလည်းပေးပါရန်နှင့် နာမည်များကို ခွင့်ပြုချက်မယူပဲ ယူသုံးမိသောကြောင့် တောင်းပန်အပ်ပါသည် ။

အားလုံးကိုလေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

43 comments:

ဘုန်း၂တောက် said...

ဟ ဟ လွင်ပြင်က အတွေးတွေ သိပ်...ထက်နေပါလားနော်။ တကယ်ပဲ။ တွေးလည်း တွေးတတ်ပါ့ဗျာ။ ဘလော့ဂါပီသပါပေတယ်။ ဖတ်လို့အရမ်းကောင်းတယ်။
ခင်မင်တဲ့

အလွမ်းမြို့ said...

လွင်ပြင်ရေ ဒုတိယမြှောက်မန့်သွားတာက အလွမ်းပေါ့။
တကယ် တော်ထှာ။ လက်ရာ ထက်ပါဘိ။
ဖတ်ရတာ အဆင်ပြေချော့မွှေ့နေတာဘဲ။


ခင်တဲ့
အလွမ်း

Cameron said...

အတွေးကောင်းလိုက်တဲ့ ကဗျာဆရာလေး...တော်ထှာ..း)

Yoemyaykya said...

အစ်ကို ကဗျာလေးကချစ်စရာလေး။

Yoemyaykya said...

အစ်ကို ကဗျာလေးကချစ်စရာလေး။

3rdthameetaw said...

ရဲရဲတောက်စစ်ပွဲတွေ ဆင်နြွဲပီးခါမှ
အလံဖြူတစ်ချောင်းထောင်ပြရုံနဲ့
ဒီစစ်ပွဲငြိမ်းသတဲ့လား
ဒါဆို ဟောဒီ ကမ္ဘာ လွင်ပြင် မှာ
စစ်ပွဲဆိုတာ လှိုင်းငယ် လေးသာသာတောင်
ရှိတော့မှာမဟုတ်ဘူး
တိုက်စစ်တစ်ခုဆင်လာမှတော့ ခံစစ် မှာ မကျရှုံး
ရအောင် နည်းဗျူဟာတော့လိုတယ်
ကိုင်း..ဒီကဗျာ အလံဖြူကို ဘယ်သူ ယူပြီး
ထိန်းသိမ်းမလဲ
(မှတ်ချက်။ ။ ဂျက်ကို အားကိုးပါတယ်နော်..:P)

လေပြေချို said...

ရေးတက်လိုက်တာနော်.. ကောင်းလိုက်တဲ့ အိုင်ဒီယာ... နာမည်လေးတွေနဲ့ စီကာပတ်ကုံးရေးထားတာ...လေးစားပါတယ်လွင်ပြင်..
ခင်တက်တဲ့
လေပြေ

မြတ်နိုးသူ(MUFL) said...

ဟဟ
အကိုရကဗျာစပ်ထားတာအရမ်းလန်းလှချည်လား
လုံးဝကိုလန်ထွက်နေတာပဲအတုယူစရာလေးတွေ
ရေးတတ်လိုက်တာနော်ပညာလေးတွေနောက်ထပ်
လည်းသင်ပေးပါဦးအားကျတယ်ချီးကျူးတယ်
အားပေးသွားပါတယ်

အန်တီလေးမေခင် said...

အွန်လိုင်းမိသားစုအားလုံးလေးစား
ချစ်ခင်တဲ့လွင်ပြင်လေးရေးသားထားတာ
အရမ်းကိုတော်လို့ဘယ်လိုချီးမြှောက်ရမှန်းတောင်
မသိတော့ဘူးကွယ်အားပေးလျက်။
ခင်တဲ့အန်တီလေးမေခင်

မိုးနတ်ကြယ်စင် said...

အကို့ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ...
အကို အတော်အပင်ပန်းခံပြီးရေးရမှာ....
အားလုံးကိုလဲ ပါစေချင်တော့လေ.
တော်လိုက်တာ..ငါ့အကိုရယ်...
ခင်မင်လေးစားလျက်..
ညီမလေးမိုးနတ်

ချင်းမလေး said...

ကဗျာလာဖတ်သွားပါတယ.်.
အရမ်းဖတ်လို့ ကောင်း၏..း)

Candy said...

wowwwwwwwwww... မိုက်လှချည်လား....
အရမ်းကြိုက်တယ် စပ်လည်းစပ်တတ်ပါ့ :D

အောင်အောင် said...

အကိုရေ ကဗျာလေးကို အလုပ်တွေမအားတဲ့ကြားထဲ ကနေ အပြေးလေးလာဖတ်သွားပါတယ်...အမြဲတမ်း မရောက်ဖြစ်တာ ခွင့်လွတ်ပါ...ဘလော့ဂါ အားလုံးကို အရမ်းလေးစားပါတယ်...အကိုနှင့်အမကြီး ထာဝရပျော်ရွှင်ခြင်းတွေဖြင့်ပြည့်စုံပါစေ...
အောင်အောင်

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

ကဗျာလေးတွေကအတုယူစ၇ာအ၇မ်းကောင်းတာပဲအကိုရာ
ညီတောင်ကဗျာလေးကိုဖတ်ရင်းနဲ့အ၇မ်းသဘောကျနေမိတယ်

ချစ်စံအိမ် said...

ကဗျာဆရာလက်စွမ်းပြထားတာကို
ရေးတတ်ပါပေတယ်..

လရိပ်အိမ် said...

အရမ်း အရမ်း ကြိုက်
အိုင်ဒီယာလေး အရမ်း အရမ်း မိုက်

khin said...

နောက်တခါ မီးနံမယ်ပါအောင် ရေးပေးပါနော်။
ဟားဟား စတာပါလွင်ပြင်ရေ
အရမ်းကောင်းပါတယ်ကွယ်။

Anonymous said...

အားးပါးးးးး
တကယ့်လက်ရာပဲဗျ..။
ရည်ညွှန်းခံပုဂ္ဂိုလ် ဆီကို
ဘလော့ဂါတွေ အနားမှာထားပြီး
ချစ်စကား ကြိုက်စကား သွားပြောလိုက်ပုံများးးး

~ Ko Ki ~

Anonymous said...

ရေးတတ်လိုက်တာာ

~ Kk ~

့မြသွေးနီ said...

စိတ်ကူးကောင်းလိုက်တာ လွင်ပြင်ရေ..
ကဗျာထဲမှာ ခန်းစီးစလေးတစ်စအဖြစ် ရေးဖော်တွေနဲ့ အတူ ပါဝင်ခွင့်ရတာ ၀မ်းသာမိရပါတယ်။ လင့်ခ်တွေနဲ့တကွ အားစိုက်ထုတ် ရေးထားတာကို မချီးမွမ်းပဲ မနေနိုင်ပါဘူး။ ဆက်လက်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ကဗျာများကို ထုဆစ်နိုင်ပါစေလို့..။

့မြသွေးနီ said...

စိတ်ကူးကောင်းလိုက်တာ လွင်ပြင်ရေ..
ကဗျာထဲမှာ ခန်းစီးစလေးတစ်စအဖြစ် ရေးဖော်တွေနဲ့ အတူ ပါဝင်ခွင့်ရတာ ၀မ်းသာမိရပါတယ်။ လင့်ခ်တွေနဲ့တကွ အားစိုက်ထုတ် ရေးထားတာကို မချီးမွမ်းပဲ မနေနိုင်ပါဘူး။ ဆက်လက်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ကဗျာများကို ထုဆစ်နိုင်ပါစေလို့..။

roseayemaung said...

ဖတ်ကောင်းရင်းဖတ်ရင်း...အခါ၁၀ပြည့်သွားပြီး...အရမ်း...အ၇မ်းကိုတော်တာပဲ..သင်ပေးပါလား...။။

မိုးသက် said...

မိုက်လိုက်ထှာ...။ အစိုးမရလို့လားမသိ.. ကျွန်တော့် ဖဘကိုတော့ သူခိုးမသွားတယ်.။ ဆိုးပ...။

mstint said...

ကဗျာဆရာလို့ မပြောရဘူး တော်လိုက်တာ စုံစေ့နေတာပဲး) ဘုန်းဘုန်းတောက်ပြီး 'တင့်' ဆိုတာ တီတင့်မဟုတ်လား ဟိဟိ .... ဇွတ် :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လသာည said...

လွင်ပြင်လှိုင်းငယ်တဲ့လား..။
ကဗျာထဲမှာ လူတွေစုံအောင် စပ်တတ်လိုက်တာ။ တော်လိုက်တာနော်.။

လာလည်သွားတာ ကျေးဇူးနော်။ အစ်မ ခရီးတွေလွန်နေလို့ ပြန်နှုတ်ဆက်ဖို့ နောက်ကျသွားတယ်။
ခင်မင်လျှက်

မင်းအရိပ် said...

ရေးသွားလိုက်တာများ အလန်းဗျာ
တကယ် တကယ်
အရမ်းကြိုက်ပါတယ်
ကျွန်တော့်ဘလော့လေးပါ ထည့်ရေးပေးသွားလို့
ဟဲဟဲ

မောင်သီဟ said...

ချဉ်ပေါင်ခြံလေးကနေ ငေးတဲ့အပုဒ်ရောက်တော့ တကယ် ငေးသွားတယ်ကွာာ
ရေးတတ်လိုက်ထှာာာာ ညဏ်တကွယ်ရွှင်သကိုးး)

ညီရဲ said...

ကဗျာလေးကို ဖတ်ရင်း ကဗျာဆရာရဲ့ ကြိုးစားအားထုတ် ထားမှုကို မြင်နိုင်တယ်... တို့ အစ်ကို ကဗျာရေးတာကတော့ တကယ်တော်တယ်...

ချော (အစိမ်းရောင်လင်ပြင်) said...

ဘလော်ဂါတွေ အစုံအလင်ပါလား..
တော်လိုက်တာနော်.. တကယ်ပါဘဲ.
ကဗျာလေးကလည်း အဓိပ္ပါယ်ရှိ
လှလည်းလှ..
ချီးကျူးမိပါတယ်။။

အိပ်မက်ကောင်းကင် said...

ဟာ ဘလော့နာမည်လေးတွေကို ပေါင်းစပ်ထားတာ
မိုက်လှချည်လား အရေးအသားလေးတွေက အတုယူစရာကောင်းလိုက်တာ ကိုကိုလွင်ပြင်လေးက
အတွေးကောင်းတဲ့ ကဗျာဆရာလေးကိုးးးးးးးးးးးးး
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

Phyu Lwin said...

တော်လိုက်တာ အစ်ကို ... သမီးနာမည်လဲ ကဗျာထဲမှာပါတယ်... ဘလော့ဂါစီနီယာတွေကြားထဲမှာ မှတ်မှတ်ရရ ပါဝင်ခွင့်ရတဲ့အတွက် ကျေးဇူးအထူး.. ;))

အာကာခေတ်ပိုင် said...

အမယ်လေး .... ရေးတတ်လိုက်တာ ...
မချီးကျူးဘဲကို မနေနိုင်ဘူး ...
ဆက်ရေးပါ ...
အားပေးနေမယ် ...
အာကာခေတ်ပိုင်

နွေတေးရှင် said...

ဟင်.....
ဘလောက်ဂါတွေ သည်လောက်များတာကို
ရအောင် ဖမ်းယူစပ်ဆိုသွားလို့ အံ့သြမိတယ်ဗျာ....
တော်ပါ့ပေံ ကောင်းပါပေ့

တစ်ခါတရံ
ကိုဘုန်းကြွယ် ညာတာလွဲလို့း)။

မိုးသူ(တောင်ကြီး) said...

ဝိုးးးးးးးးး ကောင်းလိုက်တဲ့အတွေး
ကောင်းလိုက်တဲ့စိတ်ကူးဉာဏ်
လေးစားပါတယ်ကိုလွင်ပြင်ရေ
ဖတ်လို့ လဲအဆင်ပြေတယ်
ကြိုက်တယ်ဗျ

ခင်တဲ့

မိုးသူ(တောင်ကြီး)

မိုးသူ(တောင်ကြီး) said...

ဝိုးးးးးးးးး ကောင်းလိုက်တဲ့အတွေး
ကောင်းလိုက်တဲ့စိတ်ကူးဉာဏ်
လေးစားပါတယ်ကိုလွင်ပြင်ရေ
ဖတ်လို့ လဲအဆင်ပြေတယ်
ကြိုက်တယ်ဗျ

ခင်တဲ့

မိုးသူ(တောင်ကြီး)

8Yar said...

ဟား ဟား ဟား အရမ်း သဘောကျတယ်။ တော်လိုက်တဲ့ အစ်ကိုလွင်ပြင်။ အရမ်းကြိုက်တယ် အစ်ကိုရေ။ :D

Anonymous said...

Thats good, your blog is cool, i like it. Thanks for the efforts my friend.

Angelhlaing(May everybody be happy and healthy! said...

ဝါးးးးးး တစ်ကယ်တော်တဲ့အကို.... ကျေးဇူးပါလို့..အကိုရေ..အားကျလိုက်တာ နာမည်တွေ စုံလို့ပဲ...:)))

ဆူးသစ် said...

ကျေးဇူးတင်ပါတယ်ကိုလွင်ပြင်။ အတွေးကိုသဘောကျသဗျာ။ ကဗျာရေးသူဆိုတာအဲဒီလိုအတွေးလေးတွေဆန်းသစ်နေတာပိုကောင်းတယ်ဗျ။ ကိုလွင်ပြင်တော်တော်ကိုအားစိုက်ထားတယ်လို့ကျွန်တော်မြင်ပါတယ်။လေးစားပါတယ်။ကဗျာလေးကိုလည်းကြိုက်တယ်။

ဆန်းစနေ၀န်း said...

အရမ်းကောင်းတဲ့ ကဗျာလေးကို ခံစားအားပေးသွားပါတယ်...
ကဗျာလေးထဲမှာ ပါဝင်ခွင့် ရတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်...

EI EI NYEIN said...

အရမ်းကောင်းတယ် ကိုလွင်ပြင်
ဒီထက်မက ရေးနိုင်ပါစေလို့
အမြဲအားပေးလျှက်

နေညိုရီ said...

ညီမလေးရဲ့ နာမည်လဲ ပါလို့ ကျေးဇူးနော်။
အရမ်းတော်ပါတယ်ရှင်
အားပေးသွားပါတယ်။

Anonymous said...

Thank you for the good writeup. It іn fact waѕ a
аmusement acсount it. Loоk advаnced tо moгe added agreeable from you!
However, how could we communicаte?

Also νisіt my website: payday loans

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :