ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မြင့်မြတ်လှတဲ့ အမျိုးသမီးတိုင်းစိတ်ထားနှင့် ချစ်ခြင်းတရား

Tuesday 25 September 2012

    ဆုံးဆမဲ့ချစ်ခြင်း ကြင်နာခြင်း ဖြူစင်ခြင်း နုညံ့သိမ်မွေ့စွာရိုသားသီးခံတတ်ခြင်းနှင့်အတူ မြင့်မြတ်သော
       ခံစားချက်အားလုံးကို ပိုင်ဆိုင်သူ ။
မေ   တ္တာတရားနှင့် ကမ္ဘာပေါ်ရှိ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရဲသူ။အမြင့်မြတ်ဆုံး ချစ်ခြင်းပိုင်ရှင် ။

              ******************************************************************

  မေတစ်ယောက်ကဲ့သို့ ကြီးမာတဲ့ မေတ္တာတရားပိုင်ဆိုင်သူ
မျိုး  ဂုဏ်မြင့်မြတ်မှု့ကို ထိန်းသိမ်းပြီး တိုင်းပြည်ဂုဏ်ပါထိန်းသိမ်းနိုင်ရန် သွန်သင်ဆုံးမနိုင်သူ
မီးအလိမ္မာ သားရတနာများမွေးဖွားပြီး ကမ္ဘာကို အလှဆင်သူ 
မီး   ပင်လယ်ဖြစ်စေအုံးတော့ အမှန်တရားနှင့် ချစ်ခြင်းတရားအတွက် မာနဖိနပ်တရံနှင့်အတူ
       ရဲရဲရင့်ရင့်ဖြတ်ကျော်ရဲသူ


             ********************************************************************

အိမ်  ထောင်တစ်ခု၏ လိုအပ်ချက်ကို ထိန်းသိမ်းအုပ်ချူပ်နိုင်သော ဘုရင်မတစ်ပါးဖြစ်သလို
        မိသားစုဘ၀များကို အလှပဆုံးဖြစ်အောင် ဆေးရောင်ခြယ်နိုင်သော ကမ္ဘာ့အတော်ဆုံးပန်းချီပညာရှင်

ရှင် သန်နေကမျှ ဘ၀ကို အိမ်ဦးနတ်လက်အပ်ပြီး သားသမီးများ၏လက်ဦးဆရာ(သို့မဟုတ်) အနှိုင်းမဲ့
       မေတ္တာရှင်

မ  တရားမှု့တိုင်းကို ရှေ့တန်းမှ ရင်ဆိုင်ဖြေရှင်းပြီး တရားပြကာ ငြိမ်အေးစွာ ဘ၀ကို ဖြတ်ကျော်သူ ။

           *******************************************************************
  မြင့်ဆုံးစိတ်ထားကောင်းနှလုံးသားပိုင်ဆိုင်သူ
ပျို  ရွယ်သူများထက် အဆပေါင်းများစွာ ရင့်ကျက်တွေးခေါ်နိုင်သူ
ကြီး မားတဲ့သီးခံခြင်းတရာကို ပိုင်ဆိုင်ရင်း ဘ၀ကို တဦးတည်းရင်ဆိုင်ဖြေရှင်းနိုင်သည့် သတ္တိနှင့်ပြည့်စုံသူ။
 
လွင်ပြင်လှိုင်းငယ်


23 comments:

Cameron said...

လွင်ပြင်က အဲလိုလေးတွေတွေးပြီးရေးတတ်လိုက်တာ...။ ကျေးဇူးတင်ပါတယ် မိန်းမတွေကို အကောင်းမြင်တတ်သူက နည်းသလားလို့...။

မြတ်နိုးသူ said...

အ=အဆုံးမဲ့ချစ်ခြင်းကြင်နာခြင်းဖြူစင်ခြင်းနုညံ့သိမ်မွေ့စွာ
ရိုးသားသီးခံတတ်ခြင်းနှင့်အတူမြင့်မြတ်သောခံစားချက်
လုံးကိုပိုင်ဆိုင်သူ။
မေ=မေတ္တာတရားနှင့်ကမ္ဘာပေါ်ရှိအခက်အခဲပေါင်းစုံကိုရင်ဆိုင်ဖြေရှင်းရဲသူ။အမြင့်မြတ်ဆုံးချစ်ခြင်းပိုင်ရှင်
ဟုတ်တယ်အမေတိုင်းဒီလိုစိတ်ထားမျိုးရှိတယ်။
အပျိုကြီး=ပျိုရွယ်သူများထက်အဆပေါင်းများစွာ၇င့်
ကျက်စွာတွေးခေါ်နိုင်တယ်အဲဒါလည်းမှန်တယ်
အာပုကျိသမီးလာဖတ်သွားပီနော်

အန်တီလေးမေခင် said...

အ ဆုံးဆမဲ့ချစ်ခြင်း ကြင်နာခြင်း ဖြူစင်ခြင်း နုညံ့သိမ်မွေ့စွာရိုသားသီးခံတတ်ခြင်းနှင့်အတူ မြင့်မြတ်သော
ခံစားချက်အားလုံးကို ပိုင်ဆိုင်သူ ။
မေ တ္တာတရားနှင့် ကမ္ဘာပေါ်ရှိ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရဲသူ။အမြင့်မြတ်ဆုံး ချစ်ခြင်းပိုင်ရှင် ။
အိမ် ထောင်တစ်ခု၏ လိုအပ်ချက်ကို ထိန်းသိမ်းအုပ်ချူပ်နိုင်သော ဘုရင်မတစ်ပါးဖြစ်သလို
မိသားစုဘ၀များကို အလှပဆုံးဖြစ်အောင် ဆေးရောင်ခြယ်နိုင်သော ကမ္ဘာ့အတော်ဆုံးပန်းချီပညာရှင်

ရှင် သန်နေကမျှ ဘ၀ကို အိမ်ဦးနတ်လက်အပ်ပြီး သားသမီးများ၏လက်ဦးဆရာ(သို့မဟုတ်) အနှိုင်းမဲ့
မေတ္တာရှင်

မ တရားမှု့တိုင်းကို ရှေ့တန်းမှ ရင်ဆိုင်ဖြေရှင်းပြီး တရားပြကာ ငြိမ်အေးစွာ ဘ၀ကို ဖြတ်ကျော်သူ ။
အမေနှင့်အိမ်ရှင်မတွေကိုယ်စားရေးပေးလို့ဝမ်းသာပီတီဖြစ်ရပါတယ်မောင်လွင်ပြင်ေ၇
အားပေးသွားပါတယ်ကွယ်ခင်တဲ့အန်တီလေးမေခင်

ထရီဆာ (Teresa) said...

ကောင်းလိုက်တဲ့ ညွှန်းဆိုချက်လေးပါ အကိုလွင်ပြင် .
သဘောကျတယ် ...း)

Yoemyaykya said...

အပျိုကြီးကို အကြိုက်ဆုံးပဲ။ကိုယ်ကအဲဒီဘက်ခြေလှမ်းဖို့နည်းနည်းဘဲလိုတော့တာ

လေပြေချို said...

အ ဆုံးဆမဲ့ချစ်ခြင်း ကြင်နာခြင်း ဖြူစင်ခြင်း နုညံ့သိမ်မွေ့စွာရိုသားသီးခံတတ်ခြင်းနှင့်အတူ မြင့်မြတ်သော
ခံစားချက်အားလုံးကို ပိုင်ဆိုင်သူ ။
မေ တ္တာတရားနှင့် ကမ္ဘာပေါ်ရှိ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရဲသူ။အမြင့်မြတ်ဆုံး ချစ်ခြင်းပိုင်ရှင် ။
*အမေ* (ရင်ထဲမှ နင့်နဲစွာခေါ်တဲ့အသံ)
လောကကြီးအတွက် ကမ္ဘာမြေအတွက် လူသားတိုင်းအတွက် မရှိမဖြစ်တဲ့ အနှိုင်းမဲ့မေတ္တာရှင်ဟာ အမေပါ.....
ခင်တဲ့
လေပြေ

အိပ်မက်ကောင်းကင် said...

ကိုကို လွင်ပြင်တို့ကတော့ လုပ်လိုက်ရင် အလန်းကြီးတွေပဲ
စာအကြောင်းတိုင်းကိုကြိုက်တယ်

မိုးနတ်ကြယ်စင် said...

တပုဒ်လုံးကို လွှတ်ကြိုက်တယ်အကိုရာ..ရေးတတ်ပါဘိ
ညလေးတို့ မိန်းမသားတွေဘက်က တွေးပြီးရေးပေးတဲ့အတွက်ကျေးဇူးပါ..အကိုတော်..ဒါကြောင့်ပြောတာလေ..နာက..နာ့အကိုက အရမ်းစိတ်ကောင်းရှိတာပဲလို့...ဟိ(စတာပါ)
အားပေးသွားတယ်အကိုတော်...
ခင်မင်နေတဲ့ ..မိုးနတ်

လရိပ်အိမ် said...

ညီမလေး ရိုးမြေကျလိုပါဘဲ.။ ကိုယ်ကတော့ ခြေထောက်၂ဖက်လုံးရောက်နေပြီ။ ခုထိမရင့်ကျက်သေးဘူး ၊ ခက်တာဘဲ။
အမေကိုရေးထားတာလေးလဲကြိုက်တယ်။

3rdthameetaw said...

ကောင်းတယ်ဗျို့ 
မိန်းမသားတွေရဲ့အလှ ကို
ထင်မြင်အောင်ရေးဖွဲ့တာ
ကျေးဇူးတင်တယ် ဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တွေက အပျိုကြီးဆိုတော့ အောက်ဆုံးက တစ်ကြောင်းနဲ့ အလိုက်ဆုံးဘဲ ထင်တယ်း)))

ချင်းမလေး said...

အင်း.. တစ်ခုချင်းစီရဲ့ အဓိပါယ်ကို
လာဖတ်သွားပါတယ်..
တကယ်ရေးတတ်တယ်နော်.. :)

roseayemaung said...

....စာတပုဒ်လုံး...ကောင်းတယ်ချင့်.....
......ဒို့စီလည်းလာအုံးလေ.....။။

ဘုန်း၂တောက် said...

အဲဒီလို တွေးတွေးပြီးရေးတတ်တာကိုက သဘောကျတယ် လွင်ပြင်ရေ...
ခင်မင်တဲ့

ချစ်စံအိမ် said...

ရေးတတ်ပါပေ့ဆရာရယ်..

မိုးသူ(တောင်ကြီး) said...

အားပါးပါး ကိုလွင်ပြင်ရေ

အလေးပြုပါတယ်

ရေးလဲရေးတတ်တယ် တွေးလဲအတွေးကောင်းတယ်

ကိုလွင်ပြင်ရေ fb က သူငယ်ချင်းတွေပေးဖတ်ဖို့ 

Share လုပ်ချင်ပါတယ် ခွင့်ပြုပေးပါနော်

ခင်တဲ့
မိုးသူ(တောင်ကြီး)

မိုးညချမ်း said...

အစ်ကို့ကဗျာလေးဖတ်ပြီး အမျိုးသမီးတစ်ယောက်ဖြစ်ရတာ ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်မိတယ် ... :)

mstint said...

အတွေးလေးတွေကို အရေးလေးတွေနဲ့ ပုံဖော်သွားတဲ့ ကောင်းခြင်းမျိုးစုံ အပြစ်မဲ့မိန်းမသားတစ်ယောက် ဖြစ်ချင်တယ် လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခိုင်ဖူးရှိန် ခိုင်မာသောဇွဲသတ္တိအားမာန် တို့နဲ့ ဖူးသစ်ဝေ ပညာညွန့် တလူလူတတ်ကာ ရှိန်လျှံ ငြီးငြီးဝင့်ထည်နိုင်ပါစေ တဲ့ ရှင် said...

အ ဆုံးဆမဲ့ချစ်ခြင်း ကြင်နာခြင်း ဖြူစင်ခြင်း နုညံ့သိမ်မွေ့စွာရိုသားသီးခံတတ်ခြင်းနှင့်အတူ မြင့်မြတ်သော
ခံစားချက်အားလုံးကို ပိုင်ဆိုင်သူ ။
မေ တ္တာတရားနှင့် ကမ္ဘာပေါ်ရှိ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းရဲသူ။အမြင့်မြတ်ဆုံး ချစ်ခြင်းပိုင်ရှင်

စာကောင်းလေးတွေဖတ်ရလို့ကျေးဇူးပါအကို
အ၇မ်းတန်ဖိုး၇ှိတဲ့စာလေးတွေပါ
ခင်တဲ့

နွေတေးရှင် (မင်းဧရာ) said...

အဲလို သာမီး မျိုးကိုဘဲလိုချင်တယ် ယောက္ခမ ဘိုလုပ်မလဲး)

အေးပေါ့ဗျာ...
ခင်ဗျားတို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရေးနိုင် ဖွဲ့နိုင်ကြတာကိုး
ကျုပ်တို့မှာဖြင့် ဟင်းးးးးးးးးးပြောချင်ပေါင်း)။

မောင်သီဟ said...

ကဲနွေတေးကတော့ ပြောပြီ
း) ရေးထားတာလေး သဘောကျသဗျာ့း)

Unknown said...

အရေးအသားလေးက ကောင်းလိုက်တာနော်။ အမျိုးသမီးတွေရဲ့အသက်အရွယ်အလိုက် စိတ်ထားနဲ့ ချစ်ခြင်းကို ဖော်ကျူးထားတာ ရင်ထဲ ထိပါတယ်ရှင်။

ညအက္ခရာ said...

မိန်းမသား တွေ ဖက်ကို အတွေးကောင်းကောင်း နဲ့  စာတွေ ရေးပေးတဲ့ ကိုလှိုင်း ကိုကျေးဇူ့ တင်ပါတယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :