ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

မျှော်

Thursday 27 September 2012

မျှော်လင့်ခြင်းလေး
မျှော်ရင်းဝေးမို့
မျှော်ကိုးမနေ
မျှော်သူမောဆို့
မျှော်တွေးရင်းနဲ့
မျှော်လင့်ချက်တွေ
မျှော်ရင်းပျောက်လို့
မျှော်လင့်စောင့်စား
မျှော်ပါးပါးလို့
မျှော်ရင်းသေလူ
မျှော်လင့်သူပါ ။

လွင်ပြင်လှိုင်းငယ်

18 comments:

Unknown said...

မောင်လွင်ပြင်ရေ
မျှော်လေးအားပေးရင်း
ကဗျာလေးတွေဆက်ဖတ်ဖို.ကဗျာတွေကိုမျှော်နေမယ်ကွယ်။ခင်တဲ.အန်တီလေးမေခင်

Yoemyaykya said...

မျှော်လင့်ရင်းဝေးဝေးသွားတာမို့မျှော်တော့ဘူးအခုကစပီး

ဘုန်း၂တောက် said...

ငှက်တွေက ပျံရင်းနဲ့သေ
လူတွေကလည်း ကြံရင်းမျှော်ရင်းနဲ့သေဆိုပဲ...
ခင်မင်တဲ့

khin said...

လည်လည်လာပြီး မျှော် ကိုခံစားဖတ်ရှုသွားပါတယ်မောင်လေးလွင်ပြင်ရေ။

mstint said...

မျှော်တုန်း မျှော်ဆဲ မျှော်နေအုံးမယ် လွင်ပြင်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

မမျှော်ပါရစေနဲ့တော့။ မောလွန်းလို့၂လုံးရောဂါတောင်ရသွားတယ်။

မြတ်နိုးသူ(MUFL) said...

အာပုကျိရဲ့နောက်ထပ်ထပ်ရေးမဲ့ကဗျာနဲ့အမွေနှစ်တွေ
ကိုမျှော်လက်စနဲ့ဆက်မျှော်နေမယ်နော်အားပေးလျက်
တာမီး

အိပ်မက်ကောင်းကင် said...

" မျှော်လင့်ခြင်းလေး
မျှော်ရင်းဝေးမို့
မျှော်ကိုးမနေ
မျှော်သူမောဆို့
မျှော်တွေးရင်းနဲ့
မျှော်လင့်ချက်တွေ
မျှော်ရင်းပျောက်လို့
မျှော်လင့်စောင့်စား
မျှော်ပါးပါးလို့
မျှော်ရင်းသေလူ
မျှော်လင့်သူပါ ။"
မျှော်ရလွန်းလို့ မောနေပြီ မြန်မြန်ပြန်လာပါတော့ :P

သန်လျင်သား said...

မျှော်ရင်းဖတ်သွား
မျှော်ကဗျာမှ
မျှော်စာသားက
မျှော်ကောင်းလွန်းလို့
နောက်တစ်ပုဒ်လည်း မျှော်နေမယ်... :D

မိုးနတ်ကြယ်စင် said...

အကိုရေ..လာမျှော်သွားတယ်နော်...ဒီလိုပါပဲ.
မျှော်လင့်ချက်ဆိုတာကလဲ ကုန်ခမ်းရိုးထုံးစံမရှိဘူးကိုး..
အဲဒါကြောင့် ညလေးလဲ ဆက်မျှော်လိုက်အုံးမယ်နော်..:P

နွေတေးရှင် (မင်းဧရာ) said...

ကိုဘုန်းကြွယ်......
ကျုပ်ကို ဖဲ့တာလား ဟင်း)။

ချင်းမလေး said...

မျှော် ၁၁ မျှော်.. မိုက်စ်၏..
မျှော်ရတာ ပင်ပမ်းနေပါပြီ...

Anonymous said...

နောက်ထပ် ခံစားမှု ထုဆစ်မှုလေးတွေကိုလည်း မျှော် သွားခဲ့ပါကြောင်းးးးးးးးးး)

Cameron said...

ဆယ့်တစ်မီးငြိမ်းအောင် ယတြာချေတဲ့ ကဗျားလားမသိ

roseayemaung said...

မျှော်နေတာလား..အရောက်နောက်ကျသွားတယ်...နော့...ဟိ့

ချစ်စံအိမ် said...

နောက်ထပ်ကဗျာလေးမျှော်လင့်နေပါတယ်..

အလွမ်းမြို့ said...

လွင်ပြင်ရေ..

မျှော်လေး ဖတ်ပြီး သီချင်းဆိုပြီး ပြန်သွားတယ်။
(မျှော်တော်ယောင် ဘဝက ကျွတ်ချင်ပြီ -သူမကယ်ရင်
ဘယ်သူကယ်မလဲ မျှော်တော်ယောင်ဘဝက လွတ်ဖို့
လမ်းမမြင်ဘူး...) ဟူးးးး ဟူးးးး မောထှာ...

အားပေးသွားတယ်။
ကျန်းမာပျော်ရွှင်ပါစေ


ခင်တဲ့
မကြီးလွမ်း

မိုးသူ(တောင်ကြီး) said...

မျှော်ရတာတွေအရမ်းများနေတယ် ကိုလွင်ပြင်ရယ်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :