ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

လူပျိုကြီးနှလုံးသားထဲမှ ဂျပိုးတစ်ကောင်

Tuesday 4 September 2012

စိတ်ညစ်စရာပါလား ရင်မှာပြည့်သိပ့်နေတဲ့ အချစ်စိတ်တွေကို တစ်ဦးတစ်ယောက်ကို ပြောပြချင်ပေမယ့် နှလုံးသားနန်းတော်ကို ဦးနှောက်ဘုရင်က သိမ်းပိုက်ထားတော့
အိပ်ယာပေါ်မှာ မင်းအကြောင်းတွေးရင်း ဂျပိုး(ကြမ်းပိုး)မရှိပေမယ့် အိပ်ပျက်ညတွေများနေပြီ ။မင်းမျက်နှာလှလှကို တစိမ့်စိမ့်ကြည့်နေချိန်မှာ ဘာကြောင့်များ ငါ့မွေးသက္ကရာဇ်က
မင်းမျက်နှာမှာလာပေါ်နေရတာလဲ ။ကွာခြားခြင်းက စည်းတားထားတာလားကွာ ။ကျောချင်းကပ်နီးစပ်နေပေမယ့် ငါ့အသက် ၃၄လို မျက်နှာချင်းမဆိုင်ရဲတာလား ။ဒါပေမယ့်လဲ
ငါ့အသက် ၄၃ရောက်မှ ငါတို့ မျက်နှာချင်းဆိုင်ရမယ်ဆိုရင် အဲ့ဒီအချိန်ထိ ငါ့စောင့်စားရင်း ချစ်နေမှာပါ ။လူတွေက လူပျိုကြီးလို့ ခေါ်သံနဲ့ အတူ ငါ့ဦးနှောက်က အတွေးတွေများလို့
နှလုံးသားက သတ္တိကြောင်နေတာများလားမသိဘူး ။ချစ်တယ်ဆိုတဲ့ ရင်တွင်းစကားတစ်ခွန်း မင်းနှလုံးသားနားဆင်ဖို့ ဘာကြောင့်များ အသံတိတ်နေရတာလဲ ။ အသက်အရွယ်ကြားမှာ
အဆက်အသွယ်မပြတ်တဲ့ ငါ့နှလုံးသားကိုတော့ အံသြမိတာအမှန်ပဲ ။ပေးဆပ်ခြင်းအကောင်းဆုံးပေါ့ ငါ့မေတ္တာမင်းမြင်နိုင်မလားဆိုတဲ့
ဇော်ပိုင်သီချင်းကို ဦးနှောက်က မျက်ရည်စတွေနဲ့
ဆိုနေချိန်မှာ နှလုံးသားက ရယူခြင်းမဟုတ်ရင် အချစ်ကဘာလဲ ငါ့ကိုလဲပြောပြခဲ့အုံးလို့ အော်ဆိုပြန်တော့ ငါအရူးတစ်ယောက်အလား ကုတင်ပေါ်ကနေ နောက်ကျွမ်းပစ်လိုက်ချင်တယ်
အကျမတော်လို့ ဇတ်ကျိုးသေရင် နင်နဲ့ဝေးမှာစိုးလို့ အိပ်ယာပေါ်မှာပဲ ကျွမ်းတွေပစ်နေမိတယ် ။အခုတလော ငါ့နှလုံးသား ယားကျိကျိနဲ့ ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဟာ
နင့်ဘေးမှာ တခြားကောင်လေးတွေမြင်ရရင် နှလုံးသားက ယားယားလာပြီး ကုတ်လို့လဲမရနဲ့ တော်တော်နေရထိုင်ရဆိုးတယ် တခါတလေ ငါစဉ်းစားမိတယ်
မင်းဟာ ငါ့နှလုံးသားထဲ ၀င်နေတဲ့ ဂျပိုးတစ်ကောင်လားလို့ အသိစိတ်မှာ မင်းအမြဲရှိတယ် အိပ်စက်ကြည့်တယ် အိပ်မက်မှာလဲ မင်းပါတယ်။လျှောက်သွားကြည့်တယ် ရောက်တဲ့နေရာတိုင်း ပုံရိပ်တွေကြီးပဲ မင်းနဲနဲတော့များနေပြီ နှလုံးသားဂျပိုးရယ်။သူငယ်ချင်းတွေကလဲပြောကြတယ်
အကိုကြိုးစားကြည့်ပါလားတဲ့ ပြောမထွက်တာမဟုတ် မပြောရက်တာလဲမဟုတ်
အဖြေတစ်ခုထွက်လာလို့ လက်ရှိအခြေအနေလေးထက်မှာစိုးမှာပဲလို့ အသုံးမကျတဲ့ ဦးနှောက်က ဟန့်တားနေတော့ ရပါတယ်ညီလေးရယ် မပြောတော့ပါဘူးဆိုတော့ ဂရုဏာဒေါသနဲ့ သူပြောတဲ့စကားက
ရမှာပါ ရမှာပါ နောင်တ တွေတဲ့ မရီချင်ပေမယ့် ရီလိုက်ပါတယ် နှလုံးသားဂျပိုးရယ် ။
ဟိုနေ့က မင်းပြောတယ် မင်းကောင်လေးနဲ့ အဆင်မပြေဘူးတဲ့ ငါဝမ်းသာသွားသလိုပဲ ဒါပေမယ့်
မင်းခံစားနေမဆိုတဲ့ သနားစိတ်နဲ့ ငါ့နှလုံးသားလဲ အိပ်ယာထဲ ဗုန်းဗုန်းလဲတော့တာပဲ အိုက်ညက
ယားကျိကျိနှလုံးသားထဲက ဂျပိုးမလေး ကိုငါညရှာကြည့်တယ် မတွေ့ဘူး တွေ့ရင်ဘာလုပ်မယ်ထင်လဲ
အဖြေမရှိသေးပေမယ့် ရှာနေဆဲ........အပြင်မှာကိုက်တဲ့ ဂျပိုးသိန်းပေါင်းများစွာထက် နှလုံးသားထဲမှာ
ဝင်ရောက်နေတဲ့ အချစ်ဂျပိုးလေးတစ်ကောင်က ငါ့ကို သုခတွေနဲ့အတူ ဒုက္ခတွေ ပေးနေပါလားနော် ။
ဝါးးးးးးးးးအရမ်းအိပ်ချင်လာပြီ အိပ်လိုက်အုံးမှ အားးးးးးးးးးးးယားကျိ ယားကျိ ဒင်းနှောက်ယှက်ပြန်ပြီ ။
 
မှတ်ချက်။        ။စိတ်ထဲမှ ပေါ်လာလို့ ရေးကြည့်လိုက်တာ အားပေး ဖတ်သွားလို့ ကျေးဇူးပါ ။

လွင်ပြင်လှိုင်းငယ်



17 comments:

အလွမ်းမြို့ said...

လွင်ပြင်က ဂျပိုးတဲ့..မိုးသူက ယင်ကောင်။ ဟုတ်တော့
ဟုတ်နေတာဘဲ ဒီနေ့ အိမ်အလည်သွားခဲ့တာတွေ။
အဲဒီ ဂျပိုး က ယားကျိကျိဖြစ်နေတယ်ဆို ပိုလို ယူမ
လား ပို့ပေးမယ်လေ။ လူပျိုကြီး အတွက်ပေါ့။ အဲဒီ
ပိုလိုကို ဂျပိုးကို မတိုက်နဲ့သိလား..လူပျိုကြီးသောက်
(ပျောက်)... ရှေးဆရာမကြီး အလွမ်း....ပြော
သော ရှေမြင်နောက်မြင် ...
စိတ်မဆိုးကြေး...စတာ...



ခင်တဲ့
အလွမ်း

ဂျပိုး အကိုက်ခံရသူ said...

အင်း......
လူပျိုကြီးခမျာ မသိစိတ်တ၀က် သိစိတ်တဖက်
ထင်ပါရဲ့ ကိုဘုန်းကြွယ်ရယ်း)

အသိတရားဆိုတာတွေက နှလုံးသားကို ထိမ်ချုပ်လာတဲ့အခါ ဘ၀ ကအလိုလိုတစ်ပိုင်းသေကြရတယ် မဟုတ်လား

အဲသည့်လူပျိုကြီးကို ပြောပြလိုက်ပါဗျာ
ကိုယ်ချင်းစာပါတယ်လို့း)။

လရိပ်အိမ် said...

ဘယ်က လူပြိုကြီးအကြောင်းပြောနေတာလဲ ဟင်။

မိုးနတ်ကြယ်စင် said...

ဟာဟ...လူပျိုကြီးဆိုတော့..ငါနဲ့မဆိုင်ဘူးဟ...

တောက်ပကြယ်စင် said...

ဘုန်းဘုန်းကတော့ စာဂျပိုးပဲ ကြားဖူးတယ်။ ကိုလွင်ပြင်ပြောမှပဲ အဲဒီလို ဂျပိုးမျိုးကို ကြားဖူးတော့တယ်။

Yoemyaykya said...

ဟိဟိ ဖတ်ရတာတမျိုးလေးပဲ

မိုးသူ(တောင်ကြီး) said...

ဟီးဟီး ....

တေတာဖဲဗျို့  ခစ်ခစ်ခစ်

တညလုံးကိုက်တဲ့ဂျပိုး

မှတ်ပလားကွ

mstint said...

ဂျပိုးအကြောင်းသိကောင်းစရာ မှတ်သားသွားတယ် လွင်ပြင်လေးရေး) အခုတစ်လော ဂျပိုး ယင်ကောင် ပျား ပိတုန်း အကြောင်းတွေဖတ်နေရတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

့မြတ်နိုးသူ(MUFL) said...

လူပျိုကြီးနှလုံးသားထဲမှဂျပိုးတစ်ကောင်
အကြောင်းတဲ့အားပေးသွားပါတယ်အကို
ရေးလည်းရေတတ်တယ်နော်ဂျပိုးတစ်ကောင်နဲ့
လည်းစာသားလေးတွေစပ်ပီးရေးတတ်တယ်

kiim said...

ဂျပိုးတစ်ကောင်ကိုလာကြည့်သွားပါတယ်...း)

နွေလ said...

တော်တော်ဆိုးမှာပဲ
ကုတ်မရ ခဲမရ ငေါက်မရ ငမ်းမရ
နီကိုရဲရဲ့ နှလုံးသား ကြွက်ဝင်နေသည် ထက်
ဆိုနေပါပေါ့လား

အိပ်မက်ကောင်းကင် said...

ဟာ ရေးတတ်လှချည်လား
အရေးအသားတွေက အတုယူစရာကောင်းလှပါဘိ
အားပေးသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

ညီရဲ said...

တို့ အစ်ကို ဂျပိုးလေးကို အပြင်မှာတွေ့ ရင် ဘာလုပ်မလဲ...

အန်တီလေးမေခင် said...

အပြင်မှာကိုက်တဲ့ ဂျပိုးသိန်းပေါင်းများစွာထက် နှလုံးသားထဲမှာ
ဝင်ရောက်နေတဲ့ အချစ်ဂျပိုးလေးတစ်ကောင်က ငါ့ကို သုခတွေနဲ့အတူ ဒုက္ခတွေ ပေးနေပါလားနော် ။
မောင်လွင်ပြင်ရေရေးလည်းရေးတတ်လိုက်တာကွယ်
အားပေးလျက်ခင်တဲ့အန်တီလေးမေခင်

Cameron said...

ကြံဖန်ရေးတတ်ပါ ကလွင်ပြင်ရယ်...။

လေပြေချို said...

လူပျိုကြီးဆိုတော့လည်း ဂျပိုးကိုက်မှာပေါ့... တော်သေးတယ် ပုရွက်ပျံမကိုက်တာ.. အဲ့လိုနဲ့ပဲ လူပျိုကြီးဖြစ်နေတာထင်ပါ့...ဟာဟ..အဲ့လူပျိုကြီးမသိစေနဲ့နော်.. :PPP
ခင်တက်တဲ့
လေပြေ

ချစ်စံအိမ် said...

အားပေးသွားပါတယ်..

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :