ကဗျာတွေစုပ်ယူထားတဲ့ ပန်းစံပယ်ရဲ့ ရနံ့သင်းသင်းလေးနှင့် စိမ်းစိုနေသော ကဗျာလွင်ပြင်ကျယ်

တီတင့် မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု အမှတ်တရ

Thursday 1 November 2012


နိုဝင်ဘာလ (၂)ရက်နေ့ တီတင့်တို့ ဇနီးမောင်နှံ မင်္ဂလာသက်တမ်းနှစ်(၃၀)ပြည့် ပုလဲရတု
အတွက်အမှတ်တရ ကဗျာလေးပါဗျာ ။


နေ့ရက် လပြောင်း
နှစ်တွေဟောင်းလို့
နှစ်ပေါင်း သုံးဆယ်
ကြာညောင်းခဲ့လဲ
ကြင်နာစက
ချစ်စကားလဲ
ဒီနေ့ပြန်ကြား
ရင်ခုန်ဆဲပါကွယ် ။

ခက်ခက်ခဲခဲ
ဘ၀လမ်းထဲ
တူတူကျော်ဖြတ်
ဆူးရှိသည့်လမ်း
ထမ်းပိုးရင်းနဲ့
ကိုယ့်လက်သူတွဲ
သူလက်ကိုဆွဲ
အပြုံးမပျက်
အမုန်းမဖက်
ခရီးတွေပဲဆက်ခဲ့တယ် ။

အချစ်နဲ့ပျိုး
မေတ္တာရည်လောင်း
သစ္စာတွေ ထပ်ပေါင်းတော့
သံယောဇဉ်ဥယျာဉ်လေးထဲ
ဘယ်အခါမှ မနွမ်းမယ့်
မိသားစု တွယ်တာမှု ပန်းတွေ နဲ့
သားတို့ အသံ စီစီညံ့လို့
ကိုယ်တို့ကမ္ဘာကြီးလဲ လှခဲ့သည် ။
လွင်ပြင်လှိုင်းငယ်
***********************************************************



တနေ့ကလိုမဟုတ်တော့ပါဘူးကွယ်
ပြောင်းလဲနေတယ် နေ့တိုင်းညတိုင်းပေါ့
စက္ကန့်လေးတွေကစပြီး မိနစ်- နာရီ
ရက်-လ-နှစ်တွေလေ
ဒီလိုနဲ့ အချိန်တွေကုန်
မေတ္တာတွေ ပုံကာပေးလို့
ခံစားချက်တွေ ထပ်
နားလည်မှုတွေ အပ်နှင်းကာရယ်
ဂရုဏာတွေလဲ ပြည့်
အမုန်းတရားတွေ ကိုမေ့ခဲ့တာ
နှစ်ပေါင်း (၃၀)ကြာခဲ့ပြီလေ
နောင်နှစ်များစွာမှာလဲ
အမျိုးဘာသာ သာသနာ အကျိုးများကို
နိုးကြားစွာ ချမ်းမြေ့စွာ
 မိသားစုဝင်များအားလုံးနဲ့ (ချစ်သားများနဲ့)တူတူ
လက်ကိုတွဲ သံယောဇဉ်တွေ မြဲပြီး
အေးချမ်းစွာနဲ့ တူတူဆောင်ရွက်နိုင်ပါစေလို့
ဆုမွန်တောင်းလျှက်ပါရှင် ။

 jasmine 

3 comments:

ဘုန်း ၂ တောက် said...

ထပ်ဖတ်သွားတယ်။ ချမ်းမြေ့ပါစေ...
ခင်မင်တဲ့

နွေတေးရှင် (မင်းဧရာ) said...

ပုလဲရတု ကဗျာလေးအတွက်
တီတင့်လည်း ကြည်နူးနေလိမ့်မည် ထင်တယ်မစံပယ်......

မစံပယ်တို့ ဇနီးမောင်နံလည်း ရတုပေါင်းများစွာကို အေးအတူ ပူအမျှ အတူတကွလျှောက်လှမ်းနိုင်ကြပါစေဗျာ။

mstint said...

တီတင့်နဲ့အိမ်ဦးသခင်တို့ရဲ့ အနှစ်(၃၀)ပြည့်မင်္ဂလာ နှစ်ပတ်လည်အမှတ်တရ ကဗျာလေးဖွဲ့နွဲ့ပေးခဲ့ကြတဲ့အတွက် ကြည်နူးဝမ်းသာမိတယ် အတွဲညီတဲ့ လွင်ပြင်လေးနဲ့ ဂျက်လေးရေ။ ကျေးဇူးလည်းတင်တယ်နော်။ အမြဲတန်းအတွက် သိမ်းဆည်းထားပါ့မယ်လို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Popular Posts

Popular Posts

Popular Posts2

Popular Posts3

စိတ်ကြိုက်အရောင်ကုဒ်လေးများ

အရောင်ရဲ့Code ယူရန် :